 မြန်မာ့ရုပ်​ရှင်​ထူးချွန်​ဆု ​အကယ်​ဒမီဆု​ပေးပွဲကြီးကို​ လာမယ့် ၂၀၁၇ မတ်လတွင်ကျင်းမည်

 မြန်မာ့ရုပ်​ရှင်​ထူးချွန်​ဆု ​အကယ်​ဒမီဆု​ပေးပွဲကြီးကို​ လာမယ့် ၂၀၁၇ မတ်လတွင်ကျင်းမည်
December 13, 2016 Asian Fame
 မြန်မာ့ရုပ်​ရှင်​ထူးချွန်​ဆု ​အကယ်​ဒမီဆု​ပေးပွဲကြီးကို​ လာမယ့် ၂၀၁၇ မတ်လတွင်ကျင်းမည်
aca
၂၀၁၆ခုနှစ် အတွက် မြန်မာ့ ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီဆုပေးပွဲကြီးကိုတော့ လာမယ့် ၂၀၁၇ ခုနှစ်ရဲ့ မတ်လ ၁၈ (သို့မဟုတ်) ၁၉ ရက်နေ့မှာပုလုပ်ကျင်းပသွားတော့မှာ ဖြစ်တယ်လို့ ရုပ်ရှင် ဒုဥက္ကဠဖြစ်သူဦးအေးကြူလေးက အတည်ပြု ပြောပါတယ်။
 
” ကျင်းပမယ်နေ့ရာကိုတော့ အခုလောလောဆယ်မှာ သုဝဏ္ဏ အမျိုးသားဇာတ်ရုံမှာ လျာထားပါတယ်။ မနှစ်တုန်းက လုပ်ခဲ့တဲ့ MEP က အခုရွှေ့သွားပြီလေ။မင်းဓမ္မ ဘက်ကိုပေါ့။ အဲ့တော့ ရွှေသွားတဲ့နေရာ အခြေအနေကို မသိရသေးတဲ့အတွက် လောလောဆယ်မှာ သုဝဏ္ဏ အားကစားဇာတ်ရုံကို လျာထားတာပါ။ ကျွန်တော်တို့က လူများများဆန့်ချင်ပါတယ်။ မနှစ်ကဆိုရင် လောကသား ၃ထောင် နီးပါးအထိ ဖိတ်ကြားနိုင်ခဲ့ပါတယ်။ အဲ့ကြောင့်နေရာ ကိုတော့ အကယ်ဒမီ ပေးပွဲ နီးလာရင် အတည်ပြု ပြောနိုင်ပါလိမ့်မယ်”လို့ ရုပ်ရှင် ဒုဥက္ကဠ ဦးအေးကြူ လေး ကဆိုပါတယ်။ အကယ်ဒမီ စာရင်းဝင်ထားတဲ့ ရုပ်ရှင်ဇာတ်ကား အရေအတွက်ဟာ လက်ရှိမှာဆိုရင် ဇာတ်ကား၃၀ ကျော်အထိရှိလာပြီ ဖြစ်ပြီး ဒီဇင်ဘာ ၃၁ ရက်အထိပြသမယ့် ရုံတင်ခွင့်ရ ရုပ်ရှင် ဇာတ်ကားတွေ အထိ အကျုံးဝင်မယ်လို့ သိရပါတယ်။
ထက်လူ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*