နှစ်တစ်နှစ်ရဲ့ နောက်ဆုံးရက်မှာ မွေးဖွားသူ G- Fatt ဘာတွေ စီစဉ်နေလဲ

နှစ်တစ်နှစ်ရဲ့ နောက်ဆုံးရက်မှာ မွေးဖွားသူ G- Fatt ဘာတွေ စီစဉ်နေလဲ
December 13, 2016 Asian Fame
နှစ်တစ်နှစ်ရဲ့ နောက်ဆုံးရက်မှာ မွေးဖွားသူ G- Fatt ဘာတွေ စီစဉ်နေလဲ

g-fatt-1

လာမယ့် ဒီဇင်ဘာလ ၃၁ ရက်နေ့မှာကျရောက်မယ့် မွေးနေ့ရှင်ကတော့ ဟစ်ဟော့ပ်အဆိုတော် G- Fatt ပါ။ အသက် ၂၄ နှစ်ပြည့်မယ့် G- Fatt က မနှစ်ကမွေးနေ့လိုမျိုး ပရိသတ်တွေနဲ့ တွေ့ဆုံသွားဖို့ စီစဉ်နေပါတယ်။

” မွေးနေ့မှာ ကျွန်တော့်ရဲ့ We Love တွေနဲ့ ဆုံချင်ပါတယ်။ အဲဒီအတွက် ကျွန်တော်ရယ်၊ ကျွန်တော့် မန်နေဂျာရယ် အစီအစဉ်ဆွဲနေတုန်းပဲ။ M- 150 အချိုရည်ကလည်း အဲဒီပွဲမှာ ကူညီပေးမယ်လို့ပြောပါတယ်။ မနက်ပိုင်းလေးပေါ့။ ညနေပိုင်းမှာရှိုးတွေဘာတွေက ရှိတတ်တော့လေ” လို့ G- Fatt ကပြောပါတယ်။ ဒီကာလတွေထဲမှာတော့ G- Fatt က သီချင်းသစ်လေးတွေ ခပ်စိပ်စိပ်ထွက်ဖြစ်နေပါတယ်။ ဒီဇင်ဘာလ ၁၆ ရက်နေ့ထွက်ရှိမယ့် ဟစ်ဟော့ပ်အဆိုတော် J.Fire ရဲ့ “မန္တလေးတပင်ရွှေထီး” စီးရီးခွေထဲမှာလည်း G- Fatt က J.Fire နဲ့အတူ “ဘယ်မြို့သူပိုမိုက်လဲ” သီချင်းကို သီဆိုထားပြန်ပါတယ်။ မွေးနေ့မှာလည်း သီချင်းသစ်တစ်ပုဒ်ကို ပရိသတ် အတွက်လက်ဆောင်ပေးမယ်လို့ဆိုတဲ့ G- Fatt က…

” မွေးနေ့မှာတော့ သီချင်းတစ်ပုဒ်တည်းဖြန့်ဖို့စီစဉ်နေပါတယ်။ ကျွန်တော်က အတွေးကများတယ်ဗျ။အဲဒါကြောင့် အတိအကျမပြောရဲတာ။ ကျွန်တော့်မှာ သီချင်းတွေကရှိပါတယ်။ သီချင်းသစ်ကတော့ တင်တော့မှာပါ။ အွန်လိုင်းပေါ်တင်ရင်တင်၊ မတင်ရင် ကျွန်တော် Mini Album လုပ်မှာပါ” လို့ပြောပါတယ်။ အနုပညာမှတ်တိုင်တွေ စိုက်ထူနိုင်ခဲ့တဲ့ ၂ဝ၁၆ခုနှစ်ကတော့ သူ့အတွက်အားရကျေနပ်မှုတွေ ရှိခဲ့တယ်လို့ဆိုတဲ့ G- Fatt က ၂ဝ၁၇ ခုနှစ် အတွက်ကိုလည်း Year Plan တွေဆွဲနေပြီး သေချာတာကတော့ ဒုတိယစီးရီးခွေထွက်ရှိမှာပါလို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*