ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီး ဥယျာဉ်တွင် (၁၁)ကြိမ်မြောက် ပန်းပွဲတော်ကျင်းပမည်

ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီး ဥယျာဉ်တွင် (၁၁)ကြိမ်မြောက် ပန်းပွဲတော်ကျင်းပမည်
December 13, 2016 Asian Fame
ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီး ဥယျာဉ်တွင် (၁၁)ကြိမ်မြောက် ပန်းပွဲတော်ကျင်းပမည်

kant

ပြင်ဦးလွင်မြို့အမျိုးသား ကန်တော်ကြီး ဥယျာဉ်တွင်(၁၁)ကြိမ်မြောက် ပန်းပွဲတော်ကို ဒီဇင်ဘာလ ၁၅ ရက်နေ့ မှ ၃၁ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး စည်ကား သိုက်မြိုက်စွာ ပန်းပွဲတော်ကျင်းပနိုင် ရေးအတွက် ပန်းအလှပြင်ဆင်မှုများ ကို ကြိုတင်ပြုလုပ်နေပြီဖြစ်ကြောင်း ပြင်ဦးလွင် အမျိုးသားကန်တော်ကြီး ဥယျာဉ်မှ သိရှိရသည်။

” အခုနှစ်ပန်းပွဲတော်မှာ ပန်းပင်ပေါင်း ၁၇၃ဝဝဝ ကျော်ပြသသွားမှာ ဖြစ်ပါတယ်။ ပန်းအမျိုးအစား ၄ဝနဲ့ မျိုးကွဲ ၉၇မျိုးရှိပါတယ်။ ဒီနှစ်မှာ ပန်းအစစ်ကို ရာနှုန်းပြည့် မသုံးနိုင် သေးပါဘူး။ ပန်းအစစ် ၇၅% နဲ့ ပန်းအတု၂၅% ပါဝင်ပြသမှာ ဖြစ်ပါတယ်။ ပွဲတော်ရက်မှာ လာရောက်လည်ပတ်သူတွေ မျက်စိပသာဒဖြစ် စေဖို့ ပန်းအတုတွေကို အစားထိုး ပြသတာဖြစ်ပါတယ်။ ပန်းပွဲတော်ကို သြဂုတ်လလောက်ကတည်းက အချိန်ယူပြီးပြင်ဆင်ခဲ့ရပါတယ်။ ပန်းပွဲတော် အတွက် တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံက ပန်းမျိုးစေ့တွေမှာယူပြီး စိုက်ပျိုးပါတယ်။ ဒီဇင်ဘာလမှာ ပန်းပွဲတော်ပြုလုပ်ရတာက ဒီဇင်ဘာအားလပ်ရက်၊ ကျောင်းပိတ်ရက်တွေမှာ ပြည်သူတွေ အပန်းဖြေကြည့်ရှုနိုင်အောင် ရည်ရွယ်ပြီး ကျင်းပတာဖြစ်ပါတယ်။ပန်းပွဲတော်ရက်များမှာ ဂီတဖျော်ဖြေပွဲများ ကို ထည့်သွင်းပြီး ကျင်းပသွားမှာပါ။ ဒီဇင်ဘာ၁၄ရက်နေ့မှာ မာရဇ္ဇ၊ ဂျီလတ်၊ ရဲလေး၊ ဝန ၊ အယ်ဒီ၊ အယ်လ်ပီ၊ လိမ္မော်သီး၊ မင်းမင်းဟိန်း၊ နဲ့ အနုပညာမောင်နှမများက သီဆို ဖျော်ဖြေကြပါမယ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ Rဇာနည်၊ ဝေလ၊ ဝိုင်းစုခိုင်သိန်း၊ ကျားပေါက်၊ Idiots ၊ Reason တို့က သီဆို ဖျော်ဖြေကြပါမယ်။ ဒီဇင်ဘာလ၂၅ ရက်နေ့မှာ စိုင်းစိုင်းခမ်းလှိုင်၊ ဘန်နီဖြိုး၊ လွှမ်းပိုင်၊ Snare ၊ G Fatt၊ စန္ဒီမြင့် လွင် ၊ မိစန္ဒီတို့ကသီဆိုဖျော်ဖြေမှာ ဖြစ်ပါတယ်” ဟု အမျိုးသားကန်တော်ကြီး ဥယျာဉ်မှ တာဝန်ခံဦးဝေ မျိုးအောင်က ပြောပါသည်။

” အမျိုးသားကန်တော်ကြီး ဥယျာဉ်ကို စိုက်ပျိုးရေးဘာသာရပ် ၊ တိုင်းရင်းဆေးဝါး ပရဆေးဘာသာရပ်တို့အတွက် သုတေသနပြုလုပ်နိုင် ဖို့အတွက် တည်ထောင်ထားခြင်း ဖြစ်ပါတယ်။ နောက်တစ်ခုက Eco Tourism အတွက်ပါ၊ ပြည်သူလူထု ကို သဘာဝပတ်ဝန်းကျင်နဲ့ အပင်တွေကို ဘယ်လိုထိန်းသိမ်းထားတယ် ဆိုတာကို အသိပညာပေးဖို့အတွက် ပါ။ နောက်တစ်ခုက မျိုးပျောက်လုနီး ပါးဖြစ်နေတဲ့ အပင်တွေကို ပြန်ပြီးထိန်းသိမ်းဖို့ပါ” ဟု ပြင်ဦးလွင်ဒေသခံဦးဇော်ဝင်းက အမျိုးသားကန်တော်ကြီး ဥယျာဉ်တည်ထောင်ထားခြင်း ရည်ရွယ်ချက်ကို ပြောပြပါသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*