ဘဘ စည်သူဗိုလ်ကလေးတင့်အောင်၊ ဘဘစည်သူရွှေနန်းတင် တို့မှ ဇာတ်သဘင်အကြောင်းသိကောင်းစရာများဟောပြောမည်

ဘဘ စည်သူဗိုလ်ကလေးတင့်အောင်၊ ဘဘစည်သူရွှေနန်းတင် တို့မှ ဇာတ်သဘင်အကြောင်းသိကောင်းစရာများဟောပြောမည်
December 13, 2016 Asian Fame
ဘဘ စည်သူဗိုလ်ကလေးတင့်အောင်၊ ဘဘစည်သူရွှေနန်းတင် တို့မှ ဇာတ်သဘင်အကြောင်းသိကောင်းစရာများဟောပြောမည်

ဘဘစည်သူဗိုလ်ကလေးတင့်အောင်၊ ဘဘစည်သူရွှေနန်းတင်တို့မှ မြန်မာ့ဇာတ်သဘင်အကြောင်းသိ  ကောင်းစရာများဟောပြောပို့ချ သွားမယ့် ဟောပြောပွဲကို ကမ္ဘာအေးဘုရားလမ်းမ၊ ချင်းချောင်းနန်းတော်ရှိ မြန်မာ နိုင်ငံသဘင်ဖောင်ဒေးရှင်း ဇာတ်ရုံမှာ ပြုလုပ်သွား မှာဖြစ်ပါ တယ်။ ဒီဟောပြောပွဲကိုတော့မြန်မာနိုင်ငံသဘင် ဖောင်ဒေးရှင်းမှ စီစဉ်ကျင်းပခြင်းဖြစ်ပြီး ယခင်ကလည်း ဆရာချစ်ဦးညို၊ ဆရာမဒေါ်မမနိုင်တို့ရဲ့ သဘင်နဲ့ ပတ်သက်တဲ့ ဟောပြောပွဲများကိုလည်း ပြုလုပ်ခဲ့ပါတယ်။

ယခုအကြိမ်ပြုလုပ်မယ့် ဟောပြောပွဲ ကိုတော့ ဒီဇင်ဘာလအတွင်းမှာပဲပြုလုပ်သွားမှာဖြစ်ပြီး ပွဲပြုလုပ်မယ့် ရက်ကို သတင်းထုတ်ပြန် သွားမှာ ဖြစ်ကာ အဆိုပါ ဟောပြောပွဲကို မည်သူမဆိုလာရောက်နားထောင်လို့ရနိုင် ကြောင်းလည်း သိရပါတယ်။

“ဇာတ်သဘင်မှာ ဆို၊ ငို၊ ပြောဘာသာရပ်တွေရှိတယ်၊ပြီးတော့ပြဇာတ်ပညာရပ် တွေရှိတယ်။ ရုပ်ရှင်နဲ့ပြဇာတ်နဲ့ကမတူဘူး။ ဘဘဗိုလ် ကလေးတင့်အောင်ဆိုတာ ပြဇာတ်ကစခဲ့တာပဲလေ။      ပြီးတော့တေးသရုပ်ဖော်တွေကစခဲ့တယ်။ စစ်ပြီးကာလကဖြစ်ခဲ့တဲ့ အနုပညာ နဲ့ပတ်သက်တဲ့အဖြစ်အပျက်တွေကို ဘဘနှစ်ယောက်ကပြန်လည်ပြောပြမှာပါ” လို့ မြန်မာနိုင်ငံသဘင်ဖောင် ဒေးရှင်းအတွင်းရေးမှူး ဦးနန်းဝင်းက ပြောပါတယ်။မြန်မာနိုင်ငံသဘင်ဖောင်ဒေးရှင်းအနေနဲ့အနုပညာရပ်တွေကို သင်ကြားပို့ချသွားဖို့အစီစဉ်တွေ များစွာရှိေ ကြာင်းလည်းသိရပါတယ်။

လင်းအက္ခရာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*