လျှောက်လှမ်းခဲ့ကြဖူးသော တက္ကသိုလ်မှ နေ့စွဲများ

လျှောက်လှမ်းခဲ့ကြဖူးသော တက္ကသိုလ်မှ နေ့စွဲများ
December 12, 2016 Asian Fame
လျှောက်လှမ်းခဲ့ကြဖူးသော တက္ကသိုလ်မှ နေ့စွဲများ

uniy

နေရာလေးသို့ ရောက်ရှိသွားခဲ့သော် ပြင်ပကမ္ဘာနှင့် သီးခြားကွဲထွက်၍ ချစ်ခင်ခြင်း၊ ကြင်နာခြင်း၊ ပျော်ရွှင်ခြင်း၊ လတ်ဆတ်ခြင်း၊ သစ်လွင်ခြင်း စသဖြင့် ခံစားချက် မျိုးစုံကို ရရှိခံစား ရပေလိမ့်မည်။ ဆယ်ကျော်သက် တို့၏ ရယ်မောသံတို့ကလေထဲ လွင့်ပျံနေသည်။ စိန်ပန်းပွင့်တို့က ရဲရဲနီစွာဖြင့် တစ်ပင်နှင့်တစ်ပင် ယှက်ဖြာ၍ နေရောင်ခြည်ကို တတ် စွမ်းနိုင်သလောက် ကာကွယ်ပေး ထားသည်။အနက်ရောင် ကတ္တရာ လမ်းမကြီး ကလည်း လူငယ်တို့၏ခြေလှမ်းများ အတွက် ဝမ်းသာအား ရကြိုဆိုနေသည်။ ဒီအချိန် ဆောင်း ဦးပေါက် ဒီဇင်ဘာလ လယ်ပိုင်း လောက်ဆိုလျှင်တက္ကသိုလ် အသီး သီးတို့ပြန်လည်ဖွင့်လှစ်ကြပြီ။ နှစ်ကာလတွေ ဘယ်လိုပဲပြောင်းလဲ၊ ပြောင်းလဲ၊ တက္ကသိုလ်တိုင်းရှိ ပညာရှာလူငယ်တို့၏ ပုံရိပ်များက တော့ မဟောင်းနိုင်ဘဲသစ်လွင် လတ်ဆတ်နေဆဲပင် ဖြစ်ပေသည်။

ထို့ကြောင့်လည်း တက္ကသိုလ် နှင့်ပတ်သက်သည့် စာပေဝတ္ထုများ၊ ကဗျာများ၊ ရုပ်ရှင်များ၊ တေး သီချင်းများစွာတို့ ပေါ်ထွက်ခဲ့သလို ထိုအနုပညာတို့ကြောင့်လည်း ခံစား သူတို့ရင်ဝယ် တက္ကသိုလ်ကို လွမ်း ဆွတ်တမ်းတစိတ်များ ဖြစ်ပေါ် စေခဲ့သည်မဟုတ်ပါလား။ အထူး သဖြင့် တက္ကသိုလ်နှင့်ပတ်သက်သော သီချင်းများပင်။ ခေတ်အဆက် ဆက်က ဂီတပညာရှင်တို့ ရေးစပ် သီကုံးလာခဲ့သည့် တက္ကသိုလ် သီချင်းများစွာတို့ ဂန္ထဝင် တွင်ကျန်ရစ်ခဲ့ကြသလို ပရိသတ် ရင်ထဲသို့လည်း များစွာထိမိ ခဲ့ကြသည်။ နောက်ဆုံး ယခုခေတ် ကာလတွင်မှ ပေါ်ပေါက် လာခဲ့သော ဟစ်ဟော့ပ်အဆိုတော် လွှမ်းပိုင် ရေးသားသီဆိုသည့် =တစ်ခါက တက္ကသိုလ်+ သီချင်းသည်ပင် ပရိသတ် ကြိုက်နှစ်သက်သည့် သီချင်း တစ်ပုဒ်ဖြစ်ခဲ့သည်မဟုတ်ပါ လား။ အဘယ်ကြောင့်ဆိုသော် တက္ကသိုလ် ကျောင်းသားဘဝဟူသည် ကျော်လွန်သွားပါက ပြန်လည်၍ မရနိုင်တော့သော၊ လွမ်းဆွတ်တမ်း တ၍ အကောင်းဆုံးသော အတိတ် ကာလဖြတ်သန်းရာတစ်ခု ဖြစ်သော ကြောင့်ဟုဆိုလျှင်မည်သူငြင်း နိုင်မည်နည်း။

” တစ်ခါကတက္ကသိုလ် သီချင်းကိုကျွန်တော်လည်း တအား ကြိုက်ပါတယ်။ အဲဒီလိုပုံစံမျိုးကိုရေးချင်နေတာလည်းကြာပါပြီ။ ဘယ်တက္ကသိုလ်ပဲတက်တက် ကျွန်တော်တို့တွေ ကိုယ်တက်ခဲ့တဲ့ကျောင်းကို အမြဲတမ်း သတိရ ကြတယ်။ ဒီသီချင်း လေးက တက္ကသိုလ်တက်ခဲ့တဲ့သူတိုင်းကို ရည်ရွယ်ပါတယ်။ “တစ်ခါကတက္က သိုလ် သီချင်းလေးထွက်လာတော့ အားပေးကြတဲ့ ပရိသတ်ကြီးကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်။ အဲဒီသီချင်းလေးကို အမ်တီဗီ ရိုက်ကူးပြီး ပြန်ကြည့်တော့ တအား ပျော်တယ်။ ရိုက်ကူးထားတာ ကျွန် တော်တက်ခဲ့တဲ့ သန်လျင် G.T.C ကျောင်းမှာပါ။ အဲဒီမှာ သွားရိုက်ကူးတာ ပိုပြီးလည်းအချိန်ကုန်တယ်။ ပိုပြီးလည်း ပိုက်ဆံကုန်တယ်။ အဲဒါ တွေကိုမေ့ပြီးတော့ကိုယ့် ကျောင်းကြီးမှာ ကိုယ်ပြန်ရိုက်ကူးတယ်။ နောက် ၁ဝ တန်းပြီးလို့ ဒီကျောင်းကို ရောက်မယ့် ကလေးတွေအနေနဲ့ ငါတို့ သန်လျင်ကျောင်းကြီးဟာ နေပူ ကျဲတဲကြီးနဲ့ ပျင်းစရာကြီးပါလို့ မထင်အောင်၊ သူငယ်ချင်းတွေ ဘယ်လိုချစ်ဖို့ ကောင်းသလဲဆိုတာကို ပေါ်အောင် လို့ ရိုက်ကူး ထားတာဖြစ်ပါတယ်” ဟု လွှမ်းပိုင် ကဆိုသည်။

ဒဂုံတက္ကသိုလ်တွင် သင်္ချာ ဘာသာရပ်ဖြင့် ကျောင်းပြီးဆုံးသွားခဲ့သော တက္ကသိုလ်ကျောင်းသူ ဟောင်းတစ်ယောက်ဖြစ်သည့် မချိုလဲ့ရည်နှင်းကလည်း “အရင်လို သူငယ်ချင်းတွေပြန်ဆုံကြပြီး ကျောင်းပြန်တက်ချင်တယ်။ ပျော်စရာတအားကောင်းခဲ့သလို ပြန်မရနိုင်တော့တဲ့အတွက်လည်း ဝမ်းနည်းတယ်။သတိရနေတာက တော့ အဆောင် ၃၈ စာသင်ဆောင်ကိုပါပဲ” ဟုသူမ၏ ခံစားချက် ကိုပြော ပြသည်။

မည်သည့်တက္ကသိုလ်ကျောင်း ပဲဖြစ်ဖြစ်၊ တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားတို့သည် မိမိတို့ပညာ သင်ကြားခဲ့သော ကျောင်းတော်ကြီးကိုချစ်မြတ်နိုးကြသည်။ တက္ကသိုလ် ထဲတွင် ချစ်စရာကောင်းသော၊ ပျော်ရွှင်စရာကောင်းသော၊ ဝမ်းနည်း စရာကောင်းသော၊ လွမ်းစရာကောင်း သော ဇာတ်လမ်းလေးတွေများစွာရှိခဲ့ကြသည်။ ယနေ့ထက် ထိတိုင်ရှိလည်းရှိနေဆဲပင်။ စာသင် ရသောအခိုက်အတန့်၊ ကျူတိုရီရယ ဖြေရသောအခိုက် အတန့်၊ ပရက်တီ ကယ်လုပ်ရသော အခိုက်အတန့်၊ ကင်န်တင်း ထိုင်ရ သော အခိုက် အတန့်၊ သူငယ်ချင်းများနှင့် လည်ပတ်ရသော အခိုက် အတန့်တို့ သည်အခိုက် အတန့် ဟုဆိုရ လောက်အောင်ပင် အခိုက် အတန့် ဆန်လွန်းလှ ပေသည်။ ဘဝ တက္ကသိုလ်ဟူသည်ကား ကျွန်တော် တို့ ငယ်ရွယ်စဉ်က တက်ခဲ့ရသော တက္ကသိုလ်နှင့်မတူ။ အသက် မသေဆုံးသည့်အချိန်ထိ ဆက်လက် လျှောက်လှမ်းရဦးမည်။ ခက်ခဲ ကြမ်းတမ်းမှုများစွာကိုလည်း ရင်ဆိုင် ရဦးမည်။ ပန်းတိုင်တွေများ စွာကို လည်း ဖြတ်သန်းရပေဦးမည်။ ဘဝ တက္ကသိုလ်မှပေးသော သင်ခန်း စာ များကို သင်ယူရတိုင်း တစ်ချိန် တစ်ခါက တက်ရောက်ခဲ့ဖူးသော တက္ကသိုလ်ဆီသို့သတိရလွမ်း ဆွတ် တမ်းတနေမိပါတော့သည်။

ဖိုးဝ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*