ဇာဆိုင်သစ် ဖွင့်လိုက်တဲ့R ဇာနည်နဲ့ ဝမ်း

ဇာဆိုင်သစ် ဖွင့်လိုက်တဲ့R ဇာနည်နဲ့ ဝမ်း
December 12, 2016 Asian Fame
ဇာဆိုင်သစ် ဖွင့်လိုက်တဲ့R ဇာနည်နဲ့ ဝမ်း

r

အဆိုတော် R ဇာနည်နဲ့ ဝမ်း တို့ဇနီးမောင်နှံက အရင်ဆရာစံ လမ်းမှာ ဖွင့်လှစ်ခဲ့တဲ့The Lace   ဇာဆိုင်ကို အခု အနောက်ရွှေဂုံတိုင် လမ်းမပေါ်မှာ ပြောင်းလဲ ဖွင့်လှစ် လိုက်ပြီ ဖြစ်ပါတယ်။ အခု ဖွင့်လှစ် လိုက်တဲ့ ဒီဆိုင်သစ်မှာတော့ ဇာ အဝတ်အထည်များ ရောင်းချမှု အပြင် ချုပ်ထည်များကိုပါ လက်ခံ ဆောင်ရွက်ပေးလျက်ရှိတယ်လို့ လည်း သိရပါတယ်။

r-gyi-3-copy

“ဟိုဘက် ဆိုင်မှာတုန်းကတော့ အထည်သီးသန့်ပဲပေါ့။ ဒီဘက်မှာ တော့ တစ်ခါတည်း ချုပ်လို့ ရအောင် စီစဉ်ထားတယ်။ ဒါကတော့ မိသားစု ဆိုင်လိုပါပဲ။ ဝမ်းအစ်မတွေ ညီမ တွေလည်းပါကြတယ်။ ဘယ်သူ ဦးစီး ပြုလုပ်တယ်ဆိုတာထက် မိသားစု အားလုံး တိုင်ပင် လုပ်ကြတာပါပဲ။မိသားစု ဆိုင်လို့ပဲ ပြောလို့ ရပါတယ်” လို့အဆိုတော် Rဇာနည်က ပြောပါ တယ်။The Lace ဇာဆိုင်သစ်ဖွင့်ပွဲ အခမ်း အနားကိုတော့ ဒီဇင်ဘာလ ၉ရက်နေ့မနက်၁၁နာရီက ဆိုင် တည်ရှိရာ အနောက်ရွှေဂုံတိုင်လမ်း အမှတ် (93/A)မှာ ပြုလုပ်ခဲ့ပြီး အနုပညာရှင်များလည်း တက်ရောက် ချီးမြှင့်ခဲ့ကြပါတယ်။The Lace  ရဲ့ ဆိုင်ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် ဒီဇင်ဘာလ ၉ ရက်နေ့ မှ ၁၂ ရက် နေ့ထိ၎ရက်တိုင်တိုင် 80% Discount  အစီအစဉ်များလည်းရှိ တယ် လို့ သိရပါတယ်။ ဆိုင်ဖွင့်ပွဲ ည မှာလည်း Rဇာနည်နဲ့အတူThe Trees  တီးဝိုင်း ရဲ့ဖျော်ဖြေမှုကိုလည်း ဆိုင်မှာပဲ ပြုလုပ်ခဲ့ပါတယ်။

r-gyi-4-copy

P-054
ဓာတ်ပုံ-အောင်ဇော်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*