ကလေးတွေကိုချစ်တဲ့စိတ်နဲ့ ကလေးပစ္စည်းဆိုင်ဖွင့်ဖြစ်တဲ့ အကယ်ဒမီ သက်မွန်မြင့်

ကလေးတွေကိုချစ်တဲ့စိတ်နဲ့ ကလေးပစ္စည်းဆိုင်ဖွင့်ဖြစ်တဲ့ အကယ်ဒမီ သက်မွန်မြင့်
December 12, 2016 Asian Fame
ကလေးတွေကိုချစ်တဲ့စိတ်နဲ့ ကလေးပစ္စည်းဆိုင်ဖွင့်ဖြစ်တဲ့ အကယ်ဒမီ သက်မွန်မြင့်

thetmonm

အကယ်ဒမီ သက်မွန်မြင့်ရဲ့ Sweet Child ကလေးအသုံး အဆောင်ပစ္စည်းဆိုင်သစ်ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၉ ရက်နေ့ ညနေ ၅နာရီက အမှတ် ၅၄ (က) ဆရာစံလမ်းမှာ ဖွင့်လှစ်ခဲ့ပါတယ်။ Sweet Child ဆိုင်ဖွင့်ဖြစ်ရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး အကယ်ဒမီသက်မွန်မြင့်က..

” တခြားစီးပွားရေးလုပ်ဖို့ကလည်း စိတ်ဝင်မစားဘူးပေါ့ နော်။ အဲဒီမှာ စီးပွားရေးလုပ်မယ်စဉ်းစားတော့ ကလေးတွေနဲ့ ထိတွေ့ရတာကို စိတ်ဝင်စားတော့ ကလေးပစ္စည်းဆိုင်ဖွင့်ရင်ကလေးတွေကို မြင်ရတော့စိတ်ချမ်းသာမယ်။ ကလေးချစ်တဲ့ ကိုယ်ကလည်း ပျော်ရွှင်ရမယ်ဆိုပြီးကလေးပစ္စည်းဆိုင်လေး ဖွင့်ဖြစ်တာပါ။ အခုကိုယ်ကလည်း ကလေးအမေဖြစ်နေတော့ ကလေးတွေရဲ့ လိုအပ်ချက်ကလေးတွေ အဆင်မပြေတာတွေ သိလာတဲ့အခါကျတော့ အဲဒီပိုင်းမှာ ကိုယ်ကဖြည့်ဆည်းပေးချင်တာပါ။ ကိုယ့်ရဲ့ဆိုင်လေးမှာ ကလေးတွေနဲ့ ပတ်သက်တဲ့ ပစ္စည်းလေးတွေ အစုံရှိတယ်ဆိုတာကိုလည်း ဖြစ်ချင်တယ်။ ဒီမှာက ၁ဝဝရာခိုင်နှုန်း cotton နဲ့ လုပ်ထားတဲ့ အင်္ကျီတွေရှိတယ်။ သက်မွန်တို့ Brand တစ်ခုဖြစ်တဲ့ Sweet Child Brand နဲ့ လုပ်ထားတယ်။ USA မှာ ဒီဇိုင်းထုတ်ပြီး အိန္ဒိယကနေ ထုတ်တာဆိုတော့ အသားတအားကောင်းတယ်။ သက်သောင့်သက်သာ တအားရှိတဲ့ပစ္စည်း brand လေးတွေရှိတယ်။ ကလေးအတွက် လိုအပ်မယ့်အရာလေးတွေကို တစ်နေရာတည်းမှာ အစုံရရှိနိုင်ပါတယ်။ သက်မွန် ဒီဆိုင်လေးဖွင့်ဖို့ ကြိုးစားခဲ့တယ်။ အခု ဖွင့်နိုင်ခဲ့ပြီဆိုတော့ ပီတိဖြစ်ပါတယ်။

thetmon2

ဘာလို့ လဲဆိုတော့ ကိုယ်က ငွေအင်အားရော၊ လူအင်အားရော နည်းတယ်ပေါ့နော်။ အဲဒီကြားထဲက ကိုယ့်စိတ်ကူးလေးကို အကောင် အထည်ဖော်ဖြစ်ခဲ့တယ်ဆိုတော့ တအားကို ဝမ်းသာ ပီတိဖြစ်ရပါတယ်။ အခုသက်မွန်ကလေးမွေးမယ့် အချိန်ထိတော့ ဒီဆိုင်လေးကို သက်မွန်အစ်မတို့နဲ့ သက်မွန်အမျိုးသားတို့ကို လွှဲပေးထားရမယ်။ အမျိုးသားကတော့ သူ့စီးပွားရေးလုပ်ငန်းတွေလည်း ရှိနေတော့ သိပ်အားမယ်မထင်ဘူး။ နောက်ပိုင်းကျရင်တော့ သက်မွန်ပဲ ဦးစီးလုပ်ကိုင်သွားဖို့ရှိပါတယ်။ အနုပညာအလုပ်တွေလည်း လုပ်ချင်နေသေးတော့ မျှပြီးလုပ်သွားရမှာပါ။ ဆိုင်မဖွင့်ခင် အရင် စဉ်းစားတာက ကလေးကျောင်းလေးပဲ ဖွင့်ဖို့ပါ။ ကလေးကျောင်းကိုတော့ နောက်ပိုင်းဖွင့် နိုင်အောင် ကြိုးစားသွားမှာပါ” လို့ ပြောပြခဲ့ပါတယ်။ Sweet Child ကလေးအသုံးအဆောင်ပစ္စည်းဆိုင်သစ်ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် ဒီဇင်ဘာလ ၁ဝ ရက်နေ့ နေ့လယ် ၁၂နာရီမှ ၃နာရီထိကို ကလေးသူငယ် နဲ့ မိခင်များအတွက် အကျိုးရှိစေမယ့် ကျန်းမာရေး ဟောပြောပွဲကို အခမဲ့ကျင်းပ ပေးခဲ့ပါတယ်။ အဆိုပါ ဟောပြောပွဲမှာ ကလေးအထူးကုဆရာဝန်ကြီးပါမောက္ခ ဒေါက်တာကေသီထွန်း FRCP, Dr Med Sc (Paed) က “ဆောင်းရာသီ နှင့် ကလေးသူငယ် ကျန်းမာရေး” ခေါင်းစဉ်ဖြင့်ဟောပြောခဲ့ပြီး အခမဲ့ ဆေးကုသပေးခဲ့ပါတယ်။ ဒါ့အပြင် အာဟာရပညာရှင် Eli-zabeth Whelah က လူသား တစ်ဦးအတွက် ပထမရက် ၁ဝဝဝရဲ့ အရေးပါပုံနဲ့ လိုအပ်ချက်များခေါင်းစဉ်နဲ့ ဟော ပြောပေးခဲ့ပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ-အောင်ဇော်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*