Givenchy မိတ်ဆက်ပွဲကို ကိုယ်ဝန်နဲ့ တက်ရောက်ခဲ့တဲ့ Amanda Seyfried

Givenchy မိတ်ဆက်ပွဲကို ကိုယ်ဝန်နဲ့ တက်ရောက်ခဲ့တဲ့ Amanda Seyfried
December 6, 2016 Asian Fame
Givenchy မိတ်ဆက်ပွဲကို ကိုယ်ဝန်နဲ့ တက်ရောက်ခဲ့တဲ့ Amanda Seyfried

givenchyfrontrowparisfashionweekmenswearollth2oxslfl-copy

လွန်ခဲ့တဲ့ ၂ လက ရုတ်တရက် Amanda Seyfriedစေ့စပ်လိုက်ပြီဆိုတဲ့ သတင်း ထွက်လာခဲ့ပြီး အခုတော့ ကိုယ်ဝန်ရှိနေတာကိုပါ Givenchy မိတ်ဆက် ပွဲမှာ အတည်ပြုလိုက်ပါတယ်။  သူမဟာ ပွဲကို  သူမရဲ့ ဗိုက်လေးပေါ်အောင် ဂါဝန်အတို ဝတ်ဆင်ခဲ့ပါတယ်။

အသက် ၃ဝ ရှိနေပြီဖြစ်တဲ့Seyfried   အတွက် ပထမဆုံး ကလေးဖြစ်ပြီး သူမနဲ့ စေ့စပ်ထား တဲ့ Thomas Sadoski  ကတော့ အသက် ၄ဝ ရှိပါပြီ။

သူတို့ စုံတွဲ စတင်တွေ့ခဲ့ကြတာက ၂ဝ၁၅ ခုနှစ်က ရိုက်ကူးခဲ့တဲ့The Way We Get By  အစီအစဉ်မှာ ရိုက်ကူးရင်းတွေ့ခဲ့ကြပြီးThe Last Word  ဇာတ်လမ်းတွဲမှာ ပြန်လည်ဆုံချိန်မှာ သူတို့ရဲ့ ပတ်သက်မှုကို တရားဝင်ကြေညာခဲ့တာပါ။

Seyfried က လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက ကလေးယူဖို့ ဆန္ဒရှိနေသလို မိသားစုဘဝကို စတင်ဖို့လည်း ဆန္ဒရှိနေပါတယ်လို့ Marie Claire U.K.  ကို ပြောခဲ့ပါတယ်။

အခုတော့ သူမရဲ့ ဆန္ဒတွေ တစ်ထပ် တည်း ဖြစ်လာလို့ သူမအတွက် ပျော်ရွှင်မိပါတယ်။Seyfried   ရေ ဂုဏ်ယူတယ်နော်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*