ရုပ်ရှင်ဇာတ်ကားကြီး ၈ ကား ရိုက်ကူးဦးမယ့် စိုင်းလွှမ်း

ရုပ်ရှင်ဇာတ်ကားကြီး ၈ ကား ရိုက်ကူးဦးမယ့် စိုင်းလွှမ်း
December 6, 2016 Asian Fame
ရုပ်ရှင်ဇာတ်ကားကြီး ၈ ကား ရိုက်ကူးဦးမယ့် စိုင်းလွှမ်း

sai-hlwan

ဒါရိုက်တာ ဒိန်းဒေါင် ရိုက်ကူးပြီး စိုင်းလွှမ်းပါဝင်သရုပ်ဆောင်ထားတဲ့ “မယုံရင်တော့ပုံပြင်ပေါ့” ရုပ်ရှင်ဇာတ်ကားကြီး မကြာခင် ရုံတင် ပြသတော့မှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားထဲမှာ စိုင်းလွှမ်းက ဥာဏ်ရည်မမီတဲ့ ကောင်လေးတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဒီကာရိုက်တာက သူတစ်ခါမှ သရုပ်မဆောင်ဖူးသေးတဲ့ ဇာတ်ရုပ်ဖြစ် ကြောင်းနဲ့ ဒီဇာတ်ကားက သူ့ရဲ့ ပထမဦးဆုံး ရုံတင်ပြသရတဲ့ဇာတ် ကားဖြစ်ကြောင်း စိုင်းလွှမ်းက ပြောပြပါတယ်။ ဒီဇာတ်ကားကို ကြည့်ရှုကြမယ့် ပရိသတ်များအားလုံး သူ့ရဲ့ကြိုးစားမှုတွေကို အသိအမှတ်ပြုစေလိုကြောင်း စိုင်းလွှမ်းက..

” ဒီဇာတ်ကားက အားလုံးဝိုင်းဝန်းပြီး ကြိုးစားထားရတဲ့ ဇာတ်ကားတစ်ကားပါ။ တကယ်လည်း ခက်ခက်ခဲခဲ၊ ပင်ပင်ပန်းပန်းကို လုပ်ထားရတဲ့ ဇာတ်ကား တစ်ကားပါ။ ကျွန်တော်ဆိုလည်း ဥာဏ်နည်းတဲ့ သားတစ်ယောက်၊ ပြီးတော့ အဖေကို တအားချစ်ပြီး အဖေကလွဲလို့ ဘာမှမသိတဲ့ သား တစ်ယောက်ရဲ့ ကာရိုက်တာကို အပီပြင်ဆုံး ခံစားပြီး ရိုက်ကူးထားပါတယ်။ ရိုက်ကူးတုန်း ကလည်း အခက်အခဲတွေ အများကြီးရှိခဲ့ပါတယ်။ မရိုက်ကူးခင်ကလည်း ငါလုပ်နိုင်ပါ့ မလားလို့ အကြိမ်ကြိမ်စဉ်းစားခဲ့ရတယ်။ အဲဒီအတွက် ကိုယ့်ကာရိုက်တာအတွက် အဝတ်အစားပြင်ဆင်မှု၊ အမူအရာကအစ အစွမ်းကုန်ကြိုးစားခဲ့တယ်။ အခု ကျွန်တော် ပြန်ကြည့်ရတဲ့အခါမှာတော့ ကိုယ့်အနေနဲ့ မမြင်တော့ဘဲ တခြားသူတစ်ယောက်အနေနဲ့ မြင်မိပါတယ်။ ဒီလိုပုံစံမျိုး နောက်တစ်ခါ ပြန်ရိုက် ကူးရင် ဒီလောက်အဆင်ပြေချင်မှ ပြေလိမ့်မယ် ထင်တယ်။ ပြီးတော့ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ဆင်ဆာလူကြီးတွေကတော့ ကျွန်တော့်ရဲ့ ကြိုး စားမှုလေးကို အသိအမှတ်ပြုပေးကြတယ်။ မထက်ဆိုလည်း ကားဆက်ခန်းကို လိုက်ကြည့် တုန်းက အဆင်ပြေတယ်လို့ ပြောတယ်ဗျ။ အခု ကျွန်တော်ပြောချင်တာက ဒီဇာတ်ကားကို ပရိသတ်တွေ လာရောက် အားပေးကြည့်ရှုတဲ့အခါ မှာ ပရိသတ်တွေ အားလုံးက အသိအမှတ်ပြုစေချင်ပါတယ်” လို့ ပြောပါတယ်။ သရုပ်ဆောင်စိုင်းလွှမ်းက အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီး ၉ ကားလောက် ရိုက်ကူးပြီးစီးထား ပြီဖြစ်ပြီး နောက်ထပ်ရုပ်ရှင် ဇာတ်ကားကြီး ၈ ကားလောက် ထပ်မံ ရိုက်ကူးသွားဦးမှာဖြစ်ပါတယ်။ စိုင်းလွှမ်းက လူမှုကွန်ရက်စာမျက်နှာတစ်ခုဖြစ်တဲ့ Cele Cele Small Page ရဲ့ Admin များကိုလည်း ဖော်ထုတ်လျက်ရှိပြီး အခုလိုဖော်ထုတ်စုံစမ်းခြင်းကလည်း အနုပညာရှင်အားလုံးအတွက်ပါလို့ ဆိုပါတယ်။

” ကျွန်တော်တို့ အနုပညာရှင်တွေ အားလုံးအတွက်ပါ။ ကျွန်တော့်တစ်ယောက်တည်းအတွက်ဆိုရင် သူတို့ကို ဝင်တိုက်ခိုက်နေစရာလည်း မလိုပါဘူး။ သူတို့နဲ့ယှဉ်ပြီးတော့ ပြောနေစရာ အကြောင်းမရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်တင် မဟုတ်ဘူး။ မိုးယုစံတို့ဆိုလည်း ရစရာမရှိအောင် အပြောခံရတယ်။ အနုပညာ သမားတွေကိုပဲ လုပ်နေတာဆိုတော့ ဒီကိစ္စက ပေါ်မှကိုဖြစ်မယ်။ အခုကျွန်တော်နဲ့အတူ ကျွန်တော့်ညီတွေကပါ အဲဒီ Page ပိုင်ရှင်ကို ဝိုင်းစုံစမ်းပေးနေပါတယ်။ သူ့ကို ဘယ်လိုဆက်လုပ်သွားမလဲဆိုတာကတော့ Cyber က အရာရှိတွေနဲ့ တိုင်ပင်ပြီးလုပ်နေပါတယ်။ သူ့ကိုတရားစွဲဖို့ကတော့ ကျွန်တော်တစ်ယောက်တည်း အတွက်ဆိုရင်တော့ မလုပ်ဘဲ သူ့ကို မိအောင်ဖမ်းပြီး ပရိသတ်ကိုချပြချင်တာ။ ပရိသတ်ကလည်း ဒီလိုလူကို သိချင်မှာပဲလေ။ ကျွန်တော် အခုလိုလုပ်ခြင်းကလည်း အနုပညာရှင် အားလုံးအတွက်ပါ” လို့ ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ- အောင်ဇော်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*