မြန်မာစာပေကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားဖြန့်ဝေသော ပညာရှင်ဆရာကြီး မောင်ခင်မင် ( ဓနုဖြူ )

မြန်မာစာပေကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားဖြန့်ဝေသော ပညာရှင်ဆရာကြီး မောင်ခင်မင် ( ဓနုဖြူ )
December 6, 2016 Asian Fame
မြန်မာစာပေကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားဖြန့်ဝေသော ပညာရှင်ဆရာကြီး မောင်ခင်မင် ( ဓနုဖြူ )

mg-khin-mhin

မြန်မာစကား၊ မြန်မာစာ (မြန်မာဘာသာစကား နှင့် မြန်မာစာပေ) ဆိုင် ရာ ဆောင်းပါးများ၊ ကျမ်းများ၊ သုတေသနစာတမ်းများကို အင်္ဂလိပ် ဘာသာနှင့် ရေးသားခြင်းဖြင့် ‘မြန်မာအကြောင်းကို ကမ္ဘာက သိ အောင်’ ဆောင်ရွက်သွားသော ပညာရှင်ကြီးတစ်ဦးမှာ ဆရာကြီး ဒေါက် တာလှဘေ (၁၉၁၃- ၂ဝဝ၇) ဖြစ်ပါသည်။

ဆရာကြီး၏ ကြိုးပမ်းဆောင် ရွက်ချက်များအကြောင်းကို ဆရာ ကြီး၏ မိတ်ဆွေများ၊ တပည့်များက အများအပြားရေးသားခဲ့ကြပြီးဖြစ် သည်။ ဆရာကြီး၏ မြန်မာဘာသာ စာပေဆိုင်ရာ ရေးသားဖော်ထုတ် ချက်များသည် မည်မျှအရေးပါ ကြောင်း တစေ့တစောင်း တင်ပြလို သည့်အတွက် ယခုရေးသားရခြင်း ဖြစ်ပါသည်။

ဆရာကြီးသည် ရန်ကုန် တက္ကသိုလ်မှ မြန်မာစာဝိဇ္ဇာဂုဏ်ထူး ဘွဲ့၊ မဟာဝိဇ္ဇာဘွဲ့များ ရရှိပြီးနောက် ၁၉၃၈ ခုနှစ်တွင် ပညာတော်သင် အဖြစ် ရွေးချယ်ခံရသည့်အတွက် လန်ဒန်ရှိ ပညာရေးတက္ကသိုလ်မှ သင်ကြားမှုဒီပလိုမာဘွဲ့ယူသည်။

မူလလမ်းကြောင်းအတိုင်းဆိုလျှင် ဆရာကြီးသည် မဟာပညာရေးဘွဲ့ ဆက်ယူပြီး မြန်မာနိုင်ငံသို့ပြန်ရန် ဖြစ်သည်။ သို့သော် ဆရာကြီး၏ ဘဝလမ်းကြောင်းမှာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားသည်။ လန်ဒန် တက္ကသိုလ်၊ အရှေ့တိုင်းနှင့် အာဖရိကပညာရပ်ဌာန (SOAS) တွင်   မြန်မာစာပါမောက္ခလုပ်နေ သော ဆရာကြီး ဒေါက်တာ ဂျေအေ စတူးဝပ်(Dr. J.A Stewart) က ဒေါက်တာလှဘေကို မဟာပညာရေး ဘွဲ့ ဆက်မယူဘဲ မြန်မာစာဖြင့် ပါရဂူ  (Ph.D)  ဘွဲ့ယူရန် တိုက်တွန်း သည့်အတွက် လက်ခံပြီး ဒေါက်တာ စတူးဝပ်၏ ကြီးကြပ်မှုဖြင့် ဦးပုတ်နီ ၏ ကုမ္မာရပြဇာတ်ကို လေ့လာစိစစ် သည့် ကျမ်းကို ပြုစုဖြစ်သွားသည်။ ထိုအချိန်တွင် ဒေါက်တာစတူးဝပ်နှင့် မစ္စတာဒန်း (C.W Dunn)  တို့ ဦးဆောင်၍ မြန်မာ- အင်္ဂလိပ် အဘိဓာန်ကို ပြုစုလျက်ရှိရာ ဆရာ ကြီး ဒေါက်တာလှဘေသည် စစ်အတွင်းကာလတွင် ပါရဂူကျမ်းပြုရင်း  အဘိဓာန်လုပ်ငန်းကို ကူညီဆောင် ရွက်သည်။ ဘီဘီစီ မြန်မာပိုင်းအစီ အစဉ်တွင်လည်း ဘာသာပြန်အလုပ်၊ အသံ လွှင့်၊ ကြေညာသည့် အလုပ် တို့ကို ဆောင်ရွက်သည်။ ထိုစဉ် ဒေါက်တာစတူးဝပ် ကွယ်လွန်သွား သည့်အတွက် အဘိဓာန်လုပ်ငန်းကို ဆက်လက်ဆောင်ရွက်ရင်း ၁၉၄၈ ခုနှစ်တွင် မြန်မာစာကထိက၊ ၁၉၆၆ ခုနှစ်တွင် မြန်မာစာပါမောက္ခ ဖြစ်လာပြီး ၁၉၈ဝ ပြည့်နှစ်တွင် အငြိမ်းစားယူချိန်ကျမှ မြန်မာနိုင်ငံ သို့ ပြန်လာနိုင်တော့သည်။ ပညာ တော်သင်အဖြစ် လန်ဒန်သို့ ခေတ္တ သွားသော ဆရာကြီးသည်   မြန်မာ ဘာသာစကားနှင့် မြန်မာစာပေကို နိုင်ငံခြားသားတပည့်များအား ပို့ချ ရင်း ၄၁ နှစ်တိုင်တိုင် တာဝန်ထမ်း ဆောင်ရသည်အထိ ကြာမြင့်သွား သည်မှာ ထူးခြားလှသော အလှည့် အပြောင်းဟု ဆိုရမည်ဖြစ်ပါသည်။

ဦးပုတ်နီ၏ ကုမ္မာရပြဇာတ်မှာ ၁၈၇၅ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေ သော ပြဇာတ်ဖြစ်သည်။ အောက် မြန်မာနိုင်ငံ အင်္ဂလိပ်လက်အောက်   ရောက်နေပြီဖြစ်သော ကိုလိုနီ ခေတ်ဦးတွင် အစောဆုံးပေါ်ပေါက် သော ပြဇာတ်တစ်ပုဒ်ဖြစ်သည်။ ထို ပြဇာတ်ကို ဆရာကြီး ဒေါက်တာ လှဘေက သုတေသနပြုပြီး ၁၉၄၄ ခုနှစ်တွင် လန်ဒန်တက္ကသိုလ်သို့ ကျမ်းတင်သွင်းခြင်းဖြစ်သည်။ ကျမ်း ရှေ့ပိုင်းကိုKonmara Pya Zat by U Pok Ni Volume- I Introduction & Translation  ခေါင်းစဉ်ဖြင့် ၁၉၅၂ ခုနှစ်၌ လန်ဒန်တွင် ပုံနှိပ် ထုတ်ဝေခဲ့သည်။

(စိတ်ဝင်စားဖွယ် တိုက်ဆိုင်မှုမှာ လန်ဒန်တွင် မြန်မာ စာပေဖြင့် ပါရဂူဘွဲ့ယူသော ဆရာကြီး ဒေါက်တာထင်အောင်နှင့် ဆရာကြီး ဒေါက်တာလှဘေတို့ နှစ်ဦးစလုံး မြန်မာပြဇာတ်များကို ကျမ်းပြု၍ တင်သွင်းကြခြင်းဖြစ် သည်။)

ဆရာကြီး အမွေခံ၍ ပြုစုသော မြန်မာ- အင်္ဂလိပ် အဘိဓာန်ကြီး သည် ဆရာကြီး အငြိမ်းစားယူသည့် ၁၉၈ဝ ပြည့်နှစ်တွင် အ- အက္ခရာ   ဖြင့်စသော တည်ပုဒ်များ အစအဆုံး ပြီးမြောက်သည်။ သို့သော် ပါဠိ အဘိဓာန်တို့၏စီစဉ်ပုံအတိုင်း က အက္ခရာမှမစဘဲ အ- အက္ခရာမှ စခဲ့ သဖြင့် အလွန်များပြားသော အ- အက္ခရာတည်ပုဒ်များ ပြီးစီးသည့် အခြေအနေတွင် ရပ်နားထားရသည်။ ပြီးစီးသွားသော အပိုင်း ၆ ပိုင်းမှာ အကိုးအထောက် သာဓကများဖြင့် အသေးစိတ်ဖွင့်ဆိုထားသည့်အတွက် ပြည့်စုံလှပါသည်။ ကျန်အပိုင်းများ ဆက်လက်မပြုစုနိုင်ဘဲ ရပ်ဆိုင်းသွား သည်မှာ ဝမ်းနည်းစရာကောင်းလှပါ သည်။

ဆရာကြီးပြုစုသော စာအုပ် တစ်အုပ်မှာBurmese Proverbs  (မြန်မာစကားပုံများ) ဖြစ်သည်။ ၁၉၆၂ ခုနှစ်၌ လန်ဒန်တွင် ပုံနှိပ် ထုတ်ဝေသည်။ မြန်မာစကားပုံများ ကို ကဏ္ဍများခွဲပြီး သုံးသပ်သည်။ စကားပုံတစ်ခုချင်း သဒ္ဒဝေဒ အက္ခရာဖြင့် အသံလှယ်ခြင်း၊ အင်္ဂလိပ် ဘာသာပြန်ခြင်း၊ အခြား ဘာသာများရှိ စကားပုံများနှင့် နှိုင်းယှဉ်ခြင်းတို့ဖြင့် စနစ်တကျ ပြုစု ထားသည်။ ဆရာကြီးက ထိုစာအုပ်  ပြုစုသည့် အတွေ့အကြုံကို ဆောင်းပါးရေးပြီး နိဂုံးတွင် ဥဒါန်း ကျူးရင့်ထားပုံမှာ ကြည်နူးဖွယ်ဖြစ် သည်။ To me there is no greater pleasure in life than seeing my work in print!  (ကျွန်ုပ်ရေးသည့် စာပေကို ပုံနှိပ်စာလုံးဖြင့် မြင်ရ သည့်အခါ ပေါ်ပေါက်သော ပျော်ရွှင် ကြည်နူးမှု ထက် ပိုလွန်သည့်ကြည်နူး မှုမျိုး ကျွန်ုပ်မခံစားဖူးပါ) ဟူ၍ ဖြစ် သည်။

ဆရာကြီးသည် မြန်မာဘာသာ စကားဆိုင်ရာ ဆောင်းပါးများ၊ စာတမ်းများ အများအပြားရေးခဲ့ သည်။ အချို့ကိုဖော်ပြရလျှင် A re examination of Burmese Classifiers (မြန်မာမျိုးပြစကားများ ကို ပြန်လည်စိစစ်ခြင်း)၊ A Tentative List of Mon Loan words in Burmese (မြန်မာဘာသာစကားရှိ မွန်မွေးစားစကားလုံးများ၏ စာရင်း အစမ်းသဘောတင်ပြခြင်း)၊Some Adopted Pali Loan- words in Burmese (မြန်မာစကားရှိ ပါဠိ မွေးစားစကားလုံးအချို့)၊ Curiosi-ties in the Burmese Language  (မြန်မာဘာသာစကားကို စူးစမ်း ချက်များ) စသည်တို့ဖြစ်သည်။

ဆရာကြီးသည် မြန်မာစာပေ ဆိုင်ရာ ဆောင်းပါးများ၊ စာတမ်း များလည်း အများအပြားရေးသားခဲ့ ရာThe Rise of Popular Literature in Burmese (မြန်မာ နိုင်ငံတွင် လူထုစာပေ ပေါ်ထွန်းလာ ပုံ)၊ Burmese Poetry (1300- 1971) (မြန်မာကဗျာ ၁၃ဝဝ- ၁၉၇၁) ၊Three ‘immortal’ Burmese Songs  (မကွယ်ပျောက် နိုင်သော မြန်မာကဗျာသုံးပုဒ်) စသည်တို့ ထင်ရှားပါသည်။

ဆရာကြီး၏စာများတွင် မြန်မာ ဘာသာစကားနှင့် မြန်မာစာပေကို အတွေးသစ်၊ အမြင်သစ်ဖြင့် ရှုမြင် သုံးသပ်ချက်များ တွေ့ရပါသည်။   မြန်မာမျိုးပြစကားများကို ခွဲခြမ်း စိတ်ဖြာရာတွင် ‘လူတစ်ယောက်၊ ခွေးတစ်ကောင်၊ ကြက်ဥတစ်လုံး’ စသည်ဖြင့် အမျိုးအစားကိုဖော်ပြ   သော မျိုးပြများ (Classifiers)၊ ဆီ တစ်ပိဿာ၊ ဆန်တစ်ပြည်၊ ဓာတ်ဆီ တစ်ဂါလန် စသည်ဖြင့် အတိုင်း အတာ ပမာဏကို ဖော်ပြသော ပမာဏပြများ (Quantifiers) ၊  ကျောင်းတစ်ကျောင်း၊ စာအုပ် တစ်အုပ်၊ တိုက်အိမ်တစ်အိမ် စသည်ဖြင့် နာမ်ကိုပင် မျိုးပြများ အဖြစ် ထပ်ဆင့်သုံးသော ထပ်ဆင့် စကားများ (Repeaters) ဟူ၍ သုံးမျိုးခွဲကာ စနစ်တကျ စိစစ် ပြထားပုံမှာ လေ့လာသူတို့ အသိ အမြင် ပွားစရာဖြစ်ပါသည်။

‘မကွယ်ပျောက်နိုင်သော ကဗျာ သုံးပုဒ်’ ဆောင်းပါးတွင် အစဉ်အလာ  အယူအဆတစ်ခုကို ဆရာကြီးက အထောက်အထားဖြင့် ရဲရဲဝံ့ဝံ့ ပယ်ဖျက်ထားသည်။ အနန္ဒသူရိယ ၏ ‘သူတည်းတစ်ယောက်၊ ကောင်း ဖို့ရောက်မူ’ အစချီကဗျာကို ပုဂံ ခေတ်က ပေါ်ပေါက်သော ကဗျာ အဖြစ် အစဉ်အဆက်ယူဆခဲ့ရာ ဆရာကြီးက ထိုကဗျာသည် ပုဂံ ခေတ်ပေါ် ကဗျာမဟုတ်ကြောင်း အထောက်အထားဖြင့် ဖော်ထုတ် သည့် အထောက်အထားမှာ ထိုကဗျာ တွင်ပါရှိသော ‘ရွှေအိမ်နန်းနှင့် ကြဌန်းလည်းခံ’ ဟူသော အဖွဲ့မှ ‘နန်း’ ဆိုသည့် စကားလုံးပင်ဖြစ် သည်။ ‘နန်း’ ဟူသောစကားသည် ပုဂံခေတ်တွင် မပေါ်ပေါက်သေး ကြောင်း၊ ပုဂံခေတ်က နန်းတက် သည်ကို ‘ရွှေတောင်တက်သည်’ ဟု သာ သုံးကြောင်း၊ ပုဂံကျောက်စာ များတွင် ‘နန်း’ ဆိုသော စကားလုံး ကို လုံးဝမတွေ့ရဘဲ ပုဂံခေတ်အကုန် ပင်းယခေတ်တွင်မှ တွေ့ရေ ကြာင်း၊  ထိုအထောက်အထားအရ ‘နန်း’ ဆို သော စကားလုံး ပါဝင်နေသော ကဗျာသည် ပုဂံခေတ်ပေါ် ကဗျာ မဟုတ်နိုင်ကြောင်း အဓိကတင်ပြ ခြင်း ဖြစ်သည်။

၁၂ ရာစုတွင် ထိုကဗျာ ပေါ် ပေါက်လာသည်ဟု ဆိုသော်လည်း ထိုကဗျာကို ၁၈ ရာစုတွင် ရေးသော ဦးကုလားရာဇဝင်ကျော်မှ အစော ဆုံး တွေ့ရပုံ၊ မူလက ထိုကဗျာသည် ခပ်တိုတိုအဖြစ်သာ ဖြစ်ပြီး နောက်မှ ထပ်ချဲ့သည့်အတွက် ရှည်လာခဲ့ပုံ၊ နောက်ခံဖြစ်သော အနန္ဒသူရိယ အမတ်ကြီးအကြောင်း ကျောက်စာ မှာ မတွေ့ရပုံ စသည့်အချက်များ လည်း ဆွေးနွေးထားသည်။ စာပေ တစ်ရပ်၏ခေတ်ကို ‘အတွင်း သက်သေ’ ဖြစ်သော ဘာသာစကား ဖြင့် သက်သေထူခြင်းဖြစ်သည်။ ထို ကဗျာသည် အင်းဝခေတ် ၁၅ ရာစု လောက်မှာမှ ပေါ်ေ ပါက်သော ကဗျာဖြစ်မည်ဟု ဆရာကြီးက သုံးသပ်သည်။

ဆရာကြီးကို အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီနိုင်ငံများရှိ တက္ကသိုလ်များက ဖိတ်ကြားသည့်အတွက် သွားရောက် ဟောပြောခြင်း၊ သုတေသန စာတမ်း ဖတ်ကြားခြင်းများလည်း ဆောင် ရွက်ခဲ့သည်။ ဆရာကြီး၏ လက်ရာ အချို့ကို စုစည်း၍ ကြမာေါ် Burma: Literature, Historiography, Scholarship, Language, Life and Literature ခေါင်းစဉ်ဖြင့် စင်ကာပူနိုင်ငံ အရှေ့တောင်အာရှ လေ့လာရေးဌာန က ပုံနှိပ်ထုတ်ဝေ ထားသည်။ ထိုစာအုပ်တွင် ဆရာကြီး ၏ ဘဝနှင့် ကြိုးစားမှုကို ဖော်ပြ သော From Peasant to Professor  (လယ်သမားမှ ပါမောက္ခ သို့) ဟူသော ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည့် ဆရာကြီး၏ ဟောပြောချက်လည်း ပါဝင်သည်။

ဆရာကြီး ဒေါက်တာလှဘေ သည် အငြိမ်းစားယူပြီးနောက် မော်လမြိုင်မြို့တွင် ဇနီး ဒေါ်သန်းမြ နှင့် အေးချမ်းစွာနေထိုင်ခဲ့သည်။ ဆရာ မောင်ဝံသ၏ တိုက်တွန်းချက် အရ ‘အတွေးအမြင်’ စာစောင်တွင် မြန်မာလို ဆောင်းပါးများရေးသား ခဲ့ရာ ထိုဆောင်းပါးများကို   ဒေါင်း စာပေက စုစည်းပြီး စာအုပ်များ ထုတ်သည်။ ‘ပညာပါရမီ’ ၊ ‘ဝီရိယကို ထူ ဥာဏ်နှင့်ချူ ကံကဖေးမသူ’၊ ‘အတွေ့အကြုံ အဆုံ အမြင်နှင့် အတွေးအမြင်’၊ ‘တရုတ်နိုင်ငံသွား နေ့စဉ်မှတ်တမ်း’ စသည်တို့ဖြစ်သည်။

ဆရာကြီး၏ ဟောပြောချက် တစ်ခုမှာ ‘The Myanmar Buddhist: His Life from the Cradle to the Grave’ ဖြစ် သည်။  မြန် မာလူမျိုးတစ်ယောက်၏ ဘဝ တစ်သက်တာ ထုံးတမ်းစကားများ အကြောင်း ဖော်ပြထားသည်။ ထို ဟောပြောချက်ကို ဒေါက်တာ တင်လှိုင် က ‘မြန်မာဗုဒ္ဓဘာသာ တစ်ယောက်၏ ဘဝ၊ ပုခက်တွင်းမှ သည် ဂူတွင်းအထိ’ ဟူသော ခေါင်းစဉ်ဖြင့် မြန်မာဘာသာ ပြန်ဆို ထားပါသည်။

ဘာသာစာပေအကျိုးကို တစ် သက်လုံး သယ်ပိုးဆောင်ရွက်သွား သော ဆရာကြီး ဒေါက်တာလှဘေ သည် အသက် ၉၄ နှစ်အရွယ်တွင် ကွယ်လွန်သွားပြီဖြစ်ပါသည်။ ဆရာ ကြီး ထားရစ်ခဲ့သော ဘာသာစာပေ အမွေအနှစ်များကား နောင်လာ နောက်သားများအတွက် တန်ဖိုး ကြီးမားလှပါသည်။

မောင်ခင်မင် (ဓနုဖြူ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*