၂ဝ၁၇ ခုနှစ်မှာရုပ်ရှင်ဇာတ်ကား ၂ ကား ရိုက်ကူးပေးဖို့ လက်ခံထားတယ် မယ်လိုဒီ

၂ဝ၁၇ ခုနှစ်မှာရုပ်ရှင်ဇာတ်ကား ၂ ကား ရိုက်ကူးပေးဖို့ လက်ခံထားတယ် မယ်လိုဒီ
December 6, 2016 Asian Fame
၂ဝ၁၇ ခုနှစ်မှာရုပ်ရှင်ဇာတ်ကား ၂ ကား ရိုက်ကူးပေးဖို့ လက်ခံထားတယ် မယ်လိုဒီ

malody-copy

အခုနှစ်ထဲမှာ ‘သောင်းတိုက်က ကြားစေသော်’ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူး ထားခဲ့ပြီး နောက်လာမယ့် ၂ဝ၁၇ ခုနှစ်ထဲမှာတော့ ရုပ်ရှင်ဇာတ်ကား ၂ ကားကို ရိုက်ကူးပေးဖို့ လက်ခံထားတယ်လို့ အကယ်ဒမီ မယ်လိုဒီက ဆိုပါတယ်။

“အနုပညာသမားဆိုတာက နားလည်းခဏပေါ့။ ကိုယ့်ရဲ့လောကလေးနဲ့တော့ မကင်းနိုင်ကြပါဘူး။ အနုပညာသမားတွေဆိုတာ ဖမ်းစားခံထားရသလိုပဲပေါ့။ ထွက်ဖို့ သိပ်ခက်ခဲပါတယ်။ ထွက်ပြီးလည်း တစ်နည်းမဟုတ် တစ်နည်း အကြောင်းအရာနဲ့ ပြန်ပြန်ရောက် လာတာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က စီးပွားရေးပဲ လုပ်မယ်ဆိုရင် အိမ်မှာပဲ ထိုင်နေလို့ရတယ်လေ။ ကိုယ့်အမျိုးသားရဲ့ ဦးဆောင် မှုနဲ့နေလို့ ရတယ်လေ။ အခုက အေးဆေး ထိုင်လို့ ရပေမယ့်လည်း လုပ်ချင်တာပါပဲလေ။ အဲဒါကြောင့်လည်း ရိုက် ကူး ဖြစ်သွားတာပေါ့။ ဒီကာလတွေမှာ မမျိုးဘာစီးပွားရေးမှလည်း မလုပ်ဖြစ်ပါဘူး။ သားလေးကို အချိန်ပေးရင်းနဲ့ပဲ ဖြတ်ကျော်နေခဲ့ တာပေါ့။ တစ်ခါတလေ စိတ်ညစ်စရာရှိလာခဲ့ရင်တောင်မှ သားလေးနဲ့ အတူတူရှိ နေတဲ့အတွက် အလိုလိုပျော်ရွှင်နေတာလေ။ ဘဝရဲ့ပျော်ရွှင်မှုထဲမှာ သားလေး ကိုပိုင်ဆိုင်ခွင့်ရခဲ့တာဟာ ဘာနဲ့မှ နှိုင်းယှဉ်လို့ မရပါဘူး” လို့ အကယ်ဒမီမယ်လိုဒီက ဆိုပါတယ်။ တစ်နှစ်နဲ့ ခုနစ်လအရွယ်ရောက် ရှိလာနေပြီဖြစ်တဲ့ သူမရဲ့ သားလေး သိဒ္ဓိစစ်ကို မိဘတစ်ဦးရဲ့ ရည်ရွယ်မှုတွေအတိုင်း ကိုယ့်ရဲ့ သားလေးကို ပညာ တတ်တစ်ဦး ဖြစ်စေ ချင်တဲ့အပြင် ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာသမားတွေကို ရိုသေကိုင်းရှိုင်းတဲ့ သားကောင်း ရတနာလေး တစ်ဦး ဖြစ်လာအောင်   ပြုစုပျိုးထောင်ပေးမယ်လို့လည်း အကယ်ဒမီ မယ်လိုဒီက ဆိုပါတယ်။

အခုအခါမှာ မယ်လိုဒီကတော့ ရုပ်ရှင်ဇာတ်ကားတွေကို ဆက် တိုက် ပြန်လည်ရိုက်ကူးမယ် ဆိုတာမျိုးထက် ရိုက်ကူးလိုက်၊ နား လိုက် ပုံစံမျိုးနဲ့ပဲ သွားချင်တဲ့ ဆန္ဒရှိတယ်လို့လည်း ဆိုပါတယ်။

“နောက်တစ်ခုရှိတာကလည်း မမျိုးကို လာငှားဦးမှ။ ပရိသတ် တွေကလည်း ကိုယ့်ကိုကြိုက်နှစ်သက်ဦးမှ ဖြစ်နိုင်မှာလေ။ မမျိုးကတော့ အခုလိုမျိုး ရိုက်ကူးလိုက်၊ နားလိုက်လေးကိုပဲ ပိုပြီးတော့ သဘောကျပါ တယ်။ ဘာဖြစ်လို့လဲဆိုရင် ပရိသတ်နဲ့လည်း အဆက်အသွယ် မပြတ်သွား တဲ့အပြင် မိသားစုကိုလည်း အချိန်ပေးနိုင်ပါတယ်။ အဲဒါကြောင့်ပါ” လို့ ဆိုခဲ့ ပါတယ်။

ထက်လူ ၊ ဓာတ်ပုံ- မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*