နာမည်ကျော် အနုပညာရှင်တွေပါဝင်ထားတဲ့ Tiger ရဲ့ Uncage Your Roar ကမ်ပိန်း

နာမည်ကျော် အနုပညာရှင်တွေပါဝင်ထားတဲ့ Tiger ရဲ့ Uncage Your Roar ကမ်ပိန်း
December 6, 2016 Asian Fame
နာမည်ကျော် အနုပညာရှင်တွေပါဝင်ထားတဲ့ Tiger ရဲ့ Uncage Your Roar ကမ်ပိန်း

zaw_9597-copy

Tiger အဖျော်ယမကာရဲ့  အစီအစဉ်သစ်တစ်ခုဖြစ်တဲ့ Uncage Your Roar  ကမ်ပိန်းကို အခုလပိုင်းအတွင်းမှာပဲ စတင်လိုက်ပြီဖြစ် ပါတယ်။ ဒီ ကမ်ပိန်း ရဲ့ ရည်ရွယ်ချက်ကတော့ မြန်မာ အမျိုးသားများအနေနဲ့ မိမိတို့ရဲ့ စွမ်းရည်များကို ရှာဖွေဖို့၊ မိမိတို့ ဖြစ်ချင်တဲ့ဆန္ဒနဲ့ အိပ်မက်တွေနောက် သတိရှိရှိလိုက်ပါဖို့ လှုံ့ဆော်အားပေးဖို့ ရည်ရွယ်ကြောင်း သိရပါတယ်။ ဒီ  Uncage Your Roar  ကမ်ပိန်းနဲ့ ပတ်သက်ပြီးAPB- ABC  ရဲ့ မားကက်တင်း ဒါရိုက်တာဖြစ်တဲ့ Leen De Schutter  က..

“ကျွန်မတို့ ဒီကမ်ပိန်းအသစ်နဲ့ ပတ်သက်ပြီး အင်မတန် စိတ်လှုပ်ရှားနေ ပါတယ်။ မြန်မာနိုင်ငံဟာ အခုလက်ရှိမှာ အခွင့်အလမ်းေ တွ ပြည့်နှက်နေပြီး ကျွန်မတို့ကလည်း ကျွန်မတို့ရဲ့စားသုံးသူ ပရိသတ်ကို ဒီအခွင့်အလမ်းတွေကို အမိအရ ဖမ်းဆုပ်ပြီး သူတို့ရဲ့
တကယ့်ဖြစ်နိုင် ခြေစွမ်းရည်ကို ဖော်ထုတ် စေချင်ပါတယ်။ ကျွန်မတို့ရဲ့ ဒီကမ်ပိန်းမှာ ကိုယ့်ရဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒနောက်ကို လိုက်ခဲ့တဲ့ Tiger  ရဲ့စိတ်ဓာတ်ကို ဖော်ပြနေသူတွေ ဖြစ်တဲ့ မြန်မာနိုင်ငံက တကယ့်ပါရမီရှင် အနုပညာရှင် ၃ ဦးနဲ့အတူ လက်တွဲ အလုပ်လုပ် ကိုင်နေပါတယ်” လို့ ပြောပါတယ်။

Tiger ရဲ့ Uncage Your Roar ကမ် ပိန်းမှာတော့ အဆိုတော် အောင်ထက်၊ ဂရပ် ဖစ်တီ အာကာကျော်နဲ့ အကပညာရှင် ဂျင်မီ ကိုကို တို့ သုံးဦးနဲ့အတူ ပူးပေါင်းဆောင် ရွက် နေတာဖြစ်ပြီး ခက်ခဲတဲ့ လောကဓံအတား အ ဆီးတွေကို ဖြတ်ကျော်ရင်း အောင်မြင်မှု ရယူနိုင် ကြသူတွေနဲ့ လက်တွဲဆောင်ရွက် နေ တာလည်း ဖြစ်ပါတယ်။ ဒီ ကမ် ပိန်းရဲ့ သီချင်းဖြစ်တဲ့Roar  သီ ချင်းကို ကိုယ်တိုင်ရေး၊ ကိုယ်တိုင် ဆိုပြီး ပါဝင်ထားတဲ့ အဆိုတော် အောင်ထက်က သူ့ဘဝဟာ လည်း ရုန်းကန်လှုပ်ရှားမှုတွေနဲ့ အတူ ပြည့်နှက်ခဲ့တာကြောင့် ဒီ ကမ်ပိန်းမှာ ပါဝင်ပြီး သူ့အတွေ့ အကြုံတွေကို မျှဝေဖြစ်ပါတယ်လို့ ဆို ပါတယ်။Uncage Your Roar  ကမ်ပိန်းကတော့ တစ်နိုင်ငံလုံးအတိုင်း အတာ နဲ့ ပြုလုပ်နေတာဖြစ်ပြီး ဘီ ယာစတေရှင်  တွေနဲ့ စူပါမားကက် တွေမှာ QR Code ကိုScan  ဖတ် ကာ  Roar သီချင်းကို download  ရယူနိုင်ကြောင်းလည်း သိရပါတယ်။

P- 054 ၊ ဓာတ်ပုံ- အောင်ဇော်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*