စာအုပ်ထုတ်ဝေတော့မယ့်Brooklyn Beckham

စာအုပ်ထုတ်ဝေတော့မယ့်Brooklyn Beckham
December 6, 2016 Asian Fame
စာအုပ်ထုတ်ဝေတော့မယ့်Brooklyn Beckham

111315-brooklyn-beckham-lead-copy

အသက် ၁၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ brooklyn beckham  ဟာ Victoria  နဲ့ David Beckham   တို့ရဲ့ သားဦးဖြစ်ပြီး brooklyn ဟာ ကျွန်တော်တို့ထင် တာထက် ပိုကြိုးစားသူတစ်ဦးပါ။

သူဟာ ဖခင်လိုပဲ ဘောလုံးကန် ရာမှာ အရည်အချင်းရှိသူပါ။ အခုတော့ Arsenal’s youth အသင်းမှာ ကစားနေပြီး ၁၈ နှစ်ကျော် ရင်တော့ အဖေရဲ့ အသင်းမှာ စာချုပ်ချုပ် မယ်လို့ သတင်းများ ထွက်ပေါ်နေပါတယ်။

မကြာသေးခင်က သူ့ရဲ့သူငယ်ချင်း တွေနဲ့အတူ လန်ဒန်မြို့ပေါ်မှာ Skateboarding နဲ့ လျှောက်သွားခဲ့ပါ သေးတယ်။ သူဟာ စကိတ် ကျွမ်းကျင် သူတစ်ဦးဖြစ်သလို ဖက်ရှင်မော်ဒယ် အဖြစ် အလုပ်လုပ်ကိုင်နေသူပါ။ အဲ့ ဒါတွေတင်မဟုတ်ပါဘူး။ သတင်း ထူးတစ်ခုက
brooklyn  ဟာ မကြာခင်ပဲWhat i See  စာအုပ်ကို Penguin Random House မှ ဖြန့်ချိတော့မယ် ဆိုတာပါပဲ။

စာအုပ်မှာBrooklyn ရိုက် ကူး ထားတဲ့ ဓာတ်ပုံပေါင်း ၃ဝဝ ကျော် ပါဝင်မှာဖြစ်ပြီး သူ့ရဲ့မိသားစု ဝင် တွေရဲ့ ဓာတ်ပုံတွေ ပါဝင်မယ် လို့တော့ မပြောထားပါဘူး။

Instagram မှာfollowers  ၈သန်းကျော်ရှိပြီး အခုထုတ်ဝေမှာက သူ့ရဲ့ ပထမဆုံး စာအုပ်ဖြစ်ပါတယ်။facebook  မှာလည်း စာအုပ်နဲ့ ပတ်သက်ပြီး ကြေညာခဲ့လို့ ကြိုတင် အမှာစာတွေ တက်ခဲ့ပါတယ်။စာအုပ် က၂ဝ၁၇ ခုနှစ်မေလ ၄ ရက်နေ့မှာ ထွက်ရှိမှာဖြစ်ပြီး စတာ လင် ပေါင် ၁၆.၉၉ ကျသင့်မယ် လို့ သိရပါတယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*