ဖြစ်နိုင်ရင် ရင်သွေးလေးကို အမြန်ဆုံး လိုချင်ပါတယ် အကယ်ဒမီ မင်းဦး

ဖြစ်နိုင်ရင် ရင်သွေးလေးကို အမြန်ဆုံး လိုချင်ပါတယ် အကယ်ဒမီ မင်းဦး
December 5, 2016 Asian Fame
ဖြစ်နိုင်ရင် ရင်သွေးလေးကို အမြန်ဆုံး လိုချင်ပါတယ် အကယ်ဒမီ မင်းဦး

15170787_10207054776317135_1277570125034028165_n-copy

အကယ်ဒမီမင်းဦးနဲ့ ဇနီး ခိုင် ဝေသူတို့ မင်္ဂလာလက်ထပ်ပွဲတွေ ပြီး သွားပေမယ့်လည်း အလုပ်တွေပိ နေ တာမို့ ဇနီးသည်နဲ့အတူ ဟန်နီး မွန်း ခရီးစဉ်ကိုတောင် မသွားဖြစ်သေးဘဲ လက်ကျန်ရုပ်ရှင် ဇာတ်ကားဖြစ်တဲ့ ‘ကျွန်မချစ်သော ယောက်ျားသုံး ယောက်’ ရုပ်ရှင် ဇာတ်ကားအတွက် ရိုက်ကူးပေးမှုတွေ ပြုလုပ်လျက် ရှိ နေခဲ့ပါတယ်။

15202641_10207054777277159_2505441970517430426_n-copy

“အခုလောလောဆယ်မှာ ဟန်း နီးမွန်း ခရီးစဉ်ကို မစီစဉ်နိုင်သေး ဘူးဖြစ်နေတယ်။ အစ်ကိုက ဒီရက် ပိုင်းတွေမှာ အလုပ်က ဆက် တိုက်ဆို သလို ဖြစ်နေတော့ မသွားဖြစ်သေး တာပါ။ အခု အစ်ကိုတို့နှစ်ယောက် အိမ်ထောင်ကျသွားတယ်ဆိုပေမယ့်လည်း ထူးထူးခြာြး ခားကြီး ပြောင်းလဲ သွားတာမျိုးတော့ မရှိဘူး။ သူ့ရဲ့ အပေါ်မှာ အရင်ကထက်ပိုပြီး ချစ်ရ မယ်။ ဂရုစိုက်ပေးရမယ်။ အဲဒီလိုပဲ သူကလည်း အစ်ကို့ကို အရင်ကထက် ပိုပြီးနားလည်ပေးရမှာပေါ့”လို့ အကယ် ဒမီမင်းဦးက ပြောပြပေးပါတယ်။

15241973_10207054784357336_8791191517972188258_n-copy

သာယာပြည်စုံတဲ့ မိသားစုဘဝ ကို တည်ဆောက်ဖို့ ရည်ရွယ်ထားပေ မယ့်လည်း ကလေးယူမယ့် ကိစ္စကို တော့ ဘယ်တော့မှယူမယ် ၊ မယူဘူး ဆိုတာမျိုးကို အစီအစဉ်မဆွဲထား ကြောင်းလည်း ဆိုပါတယ်။

15230669_10207054782517290_1587455570886913477_n-copy

“အစ်ကို့မှာ အဲဒီလို Plan မရှိဘူး။ ရလာမယ်ဆိုရင် ယူမယ်။ အစ်ကို့ရဲ့ အသက်အရွယ်အရ နည်း နည်း နောက်ကျနေပေမယ့်လည်း သူ့အသက်အရွယ်အရရှိသေး တယ် လေ။ အစ်ကိုကတော့ ဖြစ်နိုင် ရင် ရင်သွေးလေးကို အမြန်ဆုံး လိုချင်ပါ တယ်။ ဒါပေမဲ့ တစ်ခါတလေ ကျရင် ရင်သွေးဆိုတာ ကိုယ်က လိုချင်နေ ပေမယ့်ရချင်မှရနိုင်တဲ့သဘော လည်း ရှိနေတယ်လေ။ ဖြစ်နိုင်ရင်တော့ ကလေးလိုချင်တယ်။ ကလေးဆိုတဲ့ ဖီလင်ကို အစ်ကိုခံစားချင်တယ်။ ဒါပေမဲ့ ဒီကိစ္စက လုပ်ယူလို့လည်း မရဘူးလေ” လို့ အကယ်ဒမီ မင်းဦး က ဆိုပါတယ်။ အိမ်ထောင်ကျ သွား ပေမယ့်လည်း အနုပညာအလုပ် တွေ ကိုပဲ သက်ဆုံးတိုင်လုပ်ကိုင်သွားမှာ ဖြစ်တာမို့ မလုပ်တတ် မကိုင်တတ် တဲ့ စီးပွားရေးကိုတော့ လုပ်ဖို့ ခဲယဉ်း မှာဖြစ်ကြောင်းလည်း ဆိုပါတယ်။

“စီးပွားရေးကို လုပ်ရမယ် ဆိုရင်တောင် ဘယ်အရာပဲ ဖြစ်ဖြစ် သေချာလေး လေ့လာချင်ပါသေး တယ်။ တကယ်လုပ်ရတော့မယ့် အချိန်ရောက်လာပြီဆိုရင် အစ်ကို ကြိုတင်လေ့လာပြီးတော့မှပဲ လုပ်ဖြစ် မယ် ထင်ပါတယ်” လို့ အကယ်ဒမီ မင်းဦးက ဆိုပါတယ်။ အကယ်ဒမီ မင်းဦး နဲ့ မခိုင်ဝေသူတို့ဟာ အောက် တိုဘာလ ၂၇ ရက်နေ့က ရန်ကုန်မြို့ တက္ကသိုလ် ရိပ်သာလမ်းရှိ အင်းလျား ကန် ဖျား ကျောင်းတိုက်မှာ မင်္ဂလာ မော်ကွန်းတင် လက်မှတ်ရေးထိုးပွဲ ပြုလုပ်ခဲ့တာဖြစ်ပြီး နိုဝင်ဘာလ ၂၇ ရက်နေ့ညပိုင်းမှာတော့မင်္ဂလာ ညစာစားပွဲကို ရန်ကုန်မြို့ရှိ နိုဗိုတယ် ဟိုတယ်မှာ ပြုလုပ်ခဲ့တာဖြစ် ပါ တယ်။

ထက်လူ
ဓာတ်ပုံ-အေးဇော်မိုး(စက်မှု)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*