ပရိသတ်တွေဆီ စာရေးလိုက်တဲ့Dara နဲ့ CL

ပရိသတ်တွေဆီ စာရေးလိုက်တဲ့Dara နဲ့ CL
December 5, 2016 Asian Fame
ပရိသတ်တွေဆီ စာရေးလိုက်တဲ့Dara နဲ့ CL

f3735c36db86853af71af29d6507a39a-copy
2NE1  ရဲ့ အဖွဲ့ဝင် ၂ ဦးဖြစ်တဲ့ Dara  နဲ့ CL  တို့ နှစ်ဦးဟာ 2NE1  အဖွဲ့ ပြိုကွဲသွားလို့ ဝမ်းနည်းနေတဲ့သူတို့ရဲ့ ပရိသတ်တွေကိုလည်း အရင်လို ချစ်နေဆဲဆိုတာ အသိပေးဖို့  အခုလို့ စာရေးပြီးပြောသွားခဲ့ပါတယ်။Dara ရဲ့ စာထဲမှာကတော့ “သူမအခုလို စာရေး ဖြစ်လိမ့် မယ်လို့ တစ်ခါမှ မတွေးဖူးပါဘူးတဲ့။ အဖွဲ့ကွဲသွားတဲ့အတွက် ပရိသတ်တွေကို တောင်းပန် ပါတယ်။ ၇ နှစ်ကြာအောင် 2Ne1  အဖွဲ့ ရပ်တည်နိုင်အောင် အားပေးခဲ့တာက ပရိသတ် တွေပါပဲ။ အတူတူ ကျော်ဖြတ်ခဲ့တဲ့ အချိန်တွေကို တအားကို လွမ်းမိပါတယ်။

ပရိသတ်တွေ ဆီကို သီချင်းအသစ်တွေနဲ့ သူမ ပြန်လာခဲ့ပါမယ်။ အရာအားလုံးအတွက်ဖော်ပြလို့ရတာကThank you ဆိုတဲ့ စကားလုံးေ လးပါ။ ဒါကြောင့် အားလုံးကို ကျေးဇူးတင်ပါတယ်” လို့ စာရေးပြီး သူမရဲ့ အချစ်တွေကို ဖော်ပြခဲ့ပါတယ်။

CL  ကလည်း အခုလို ရေးခဲ့ပါတယ်။ “ဘယ်ကနေ စပြော ရမလဲဆိုတာ မသိတော့ပါဘူး။ အားလုံးကို အသိပေးချင်တာက သူမတို့နဲ့ ပရိသတ်တွေက အမြဲဆိုသလို မိသားစုတွေလို တစ်သားတည်းဖြစ်နေမှာပါ။ Minzy  ၊ Bom ၊  Dara  တို့ တွေကသူတို့အတွက် အကောင်း ဆုံးအရာတွေကို လုပ်ဆောင်ပါလိမ့်မယ်။ သူတို့တွေကို အမြဲ ချစ် နေမှာဖြစ်သလို အမြဲ ထောက်ပံ့ပေးနေမှာပါ။ ၇ နှစ်တာ ဖြတ်သန်းခဲ့တဲ့ အချိန်တွေကို အမြဲ သတိ ရနေမှာပါ။ 2Ne1  ရဲ့ ဖြတ်သန်းခဲ့စဉ်တစ်လျှောက် ဆိုခဲ့တဲ့ ပွဲတွေ ၊ ရခဲ့တဲ့ ဆုတွေအားလုံး ပရိသတ် တွေရဲ့ အားပေးမှုတွေပါ။ ပရိသတ်တွေကို ဘုရားက ကောင်းချီးပေးဖို့ သူမ ဆုတောင်းပါတယ်။ တအား လည်း ချစ်ပါတယ်” လို့ရေးခဲ့ပါတယ်။

2Ne1 အဖွဲ့ကွဲလို့ သူတို့ရဲ့ ပရိသတ်တွေနဲ့ ထပ်တူထပ်မျှ စာရေးသူလည်း စိတ်မကောင်း ဖြစ်မိပါတယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*