ဒီ ဇ င် ဘာ လ ထဲ မှာ စီးရီးသစ်ထွက်ရှိမယ့် ရှင်ဖုန်း

ဒီ ဇ င် ဘာ လ ထဲ မှာ စီးရီးသစ်ထွက်ရှိမယ့် ရှင်ဖုန်း
November 28, 2016 Asian Fame
ဒီ ဇ င် ဘာ လ ထဲ မှာ စီးရီးသစ်ထွက်ရှိမယ့် ရှင်ဖုန်း

zaw_8504-copy

အနုပညာလောကနဲ့ အလှမ်းဝေးကွာနေတဲ့ အဆိုတော်ရှင်ဖုန်းက ဒီဇင် ဘာလထဲမှာ သူ့ရဲ့ တစ်ကိုယ်တော်စီးရီးသစ်ထွက် ရှိ တော့မှာဖြစ်ကြောင်း သိရပါတယ်။ သူ့ရဲ့ တစ်ကိုယ်တော်စီးရီးမှာတော့ သီချင်း ၈ ပုဒ်ပါဝင်မှာဖြစ်ပြီး ဆောင်းဦးလှိုင်၊ သားကြီး၊
ကိုဝင်းမော်တို့ကလည်း ရေးစပ်ထားပေးကြောင်း သိရပါတယ်။ ဒီတစ် ကိုယ်တော် စီးရီးအသစ်နဲ့ပတ်သက်ပြီး ရှင်ဖုန်းက..

“ဒီစီးရီးခွေထဲမှာ အစ်မဆိုနေကျ ပေါ့ပ်အေးအေးလေးတွေ၊ ကန်းထရီး ရော့ခ် ပုံစံလေးတွေပါမယ်။ အစ်မကတော့ အကောင်းဆုံး   ဖြစ်အောင် ကြိုး စားထားတယ်။ စီးရီးခွေလည်း မထွက်တာတော်တော်ကြာနေပြီဆိုတော့ ပရိ သတ်တွေ ကြိုက်နှစ်သက်မယ်လို့ လည်း မျှော် လင့်ပါတယ်” လို့ ပြောပါတယ်။ နောက်ပိုင်းမှာ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်သွားမယ်ဆိုတဲ့ ရှင်ဖုန်းက အရင်တုန်း ကနဲ့အခု အစစအရာရာ ပြောင်းလဲသွား ကြောင်းနဲ့ ပတ်သက်ပြီး..

“အနုပညာအလုပ် နားထားတဲ့အချိန်က အစ်မအိမ်အလုပ်တွေ လုပ်ဖြစ် တယ်။ ကိုဥက္ကာရဲ့အလုပ်တွေ ကူလုပ်ဖြစ်တယ်။ အခုနောက် ပိုင်းမှာ အနုပညာ အလုပ် ပြန်လုပ်ဖြစ်သွားမယ်။ အရင်တုန်းကနဲ့ ဘာကွာသွားလဲဆိုရင် အသက်နည်း နည်းကြီးလာပြီဆိုတော့ အနေ အထိုင်၊ စိတ် ခံစားမှုရော အကုန်ပြောင်းလဲ သွားတယ်” လို့ ပြောပါတယ်။

ဥက္ကာဦးသာနဲ့ ရှင်ဖုန်းတို့ရဲ့ အိမ်ထောင်သက်တမ်းက အခုဆို ရင် ၁ဝ နှစ်ရှိလာပြီဖြစ်ပါတယ်။ အိမ်ထောင်သက် ၁ဝ နှစ် ရှိနေပြီဖြစ် တဲ့ အတွက် ကလေးယူဖို့လည်း စီ စဉ်ထားကြောင်းနဲ့ ပတ်သက်ပြီး ရှင်ဖုန်းက..

“အစ်မတို့ အခုအိမ်ထောင် သက် ၁ဝ နှစ်ရှိ သွားပြီ။ အရင် တုန်းက ၈ နှစ်က ကလေးမယူခဲ့ဘူး။ အခုယူဖို့စီစဉ်ထား တယ်။ ဒါပေမဲ့ အရင် တုန်းက တားထားတဲ့ အတွက် အခု အခက် အခဲတော့ နည်းနည်းရှိ တယ်။ သားသမီးဆိုတာ ကံတရားနဲ့ လည်းဆိုင် သေးတယ်” လို့ ပြော ပါတယ်။

တွယ်တာ
ဓာတ်ပုံ-အောင်ဇော်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*