ကို ရီး ယား ရဲ့ အလှဖန်တီးရှင် Pony

ကို ရီး ယား ရဲ့ အလှဖန်တီးရှင် Pony
November 28, 2016 Asian Fame
ကို ရီး ယား ရဲ့ အလှဖန်တီးရှင် Pony

pony-cl

   မိတ်ကပ်ဘုရင်မ တစ်ပါးလို့ တင်စားလို့ရတဲ့ ကိုရီးယားမလေး Pony ကိုတော့ ပျိုမေတို့ သိကြမယ် ထင်ပါတယ်။Youtube  မှာ  Subscribers 1,952,057  ကျော်ရှိပြီး ကိုရီးယားနိုင်ငံရဲ့ အကျော်ကြားဆုံး အလှဖန်တီး ရှင်တွေထဲက တစ်ဦးအပါအဝင်ပါ။

Pony လို့လည်း လူသိများပြီး နာမည်ရင်းက Hye-Min Park ပါ။ သူမဟာ ဘလော့ကာအဖြစ်ရပ်တည်နေတာ အချိန်ကြာမြင့်ခဲ့ပေမယ့် 2Ne1 အဆိုတော် CL ကြောင့် ကျော် ကြားလာခဲ့တာပါ။ CL မှာ ကိုယ်ပိုင် ဒီဇိုင်နာရှိပေမယ့် Pony ပြင် ပေးလိုက်တဲ့ CL ရဲ့ပုံစံက အရင်ကလိုမဟုတ်ဘဲ တအားကို အထက် တန်းဆန်တဲ့ ပုံစံဖြစ်စေခဲ့တာကြောင့် လူအတော်များများ Pony ကို သတိထားမိ လာကြပါတယ်။ ကိုရီးယား မိတ်ကပ်ကို စိတ်ဝင်စားရင်တော့ Pony ရဲ့ ဗွီဒီယိုတွေကို ကြည့်ပြီးလေ့လာနိုင်ပါတယ်။Pony ရဲ့ ဗွီဒီယို တွေ က မိတ်ကပ်လိမ်းခြယ်နည်း အသေးစိတ်ကို သင်ကြားပေးပြီး Smoky   ကို ကိုရီးယား အနုပညာရှင်တွေ က ဘယ်လိုပြောင်းလဲ အသုံးပြု ထားလဲ ဆိုတာတွေကိုပါ တွေ့မြင်ရမှာပါ။ Pony ဗွီဒီယိုတွေမှာ ဘာသာ စကားက ကိုရီးယားလို ပြောထားပေမယ့် အင်္ဂလိပ်စာတန်း ထိုး ထားပေးတာကြောင့် ဘာသာစကား အခက်အခဲ မဖြစ်စေပါဘူး။

Graphic Designer  အဖြစ် ခေတ္တအလုပ်လုပ်ခဲ့ပြီး အဲ့ဒီအချိန်မှာပဲ ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုက သူမကို မိတ်ကပ်စာအုပ် ထုတ်ဝေ ခွင့်ပေးခဲ့ပါတယ်။ Pony ဟာ စာအုပ် ၄ အုပ်ထုတ်ဝေခဲ့ပြီး အားပေးချင်ရင်တော့ အွန်လိုင်းက မှာယူလို့ ရပါတယ်။ မကြာသေးခင်က Twitter   မှာ  Pony က သူမကိုယ်ပိုင် မိတ်ကပ် အမှတ်တံဆိပ် Pony Effect  ကို ထုတ်ဝေတော့မယ်လို့  ကြေညာခဲ့ပါတယ်။ Ponyက သူမရဲ့ တီထွင်ဖန်တီးမှုကို ကိုရီး ယားမိတ်ကပ်နဲ့ အလှအပ နယ်ပယ်အတွက်ပဲ ကန့်သတ်မထား ပါဘူး။ တခြားနိုင်ငံတွေရဲ့ ဓလေ့နဲ့ ရိုးရာတွေကိုလည်း လေ့လာပြီး သူတို့ရဲ့ ရိုးရာပုံစံပေါ်အောင်လည်း သူမ လက်စွမ်းပြနိုင်စွမ်းရှိတာမို့ သူ့မှာ နိုင်ငံတကာက ပရိသတ်တွေ များပါတယ်။

Ref:bustle.com

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*