၂ဝ၁၆ ခုနှစ် အကယ်ဒမီ စာရင်းဝင်ဇာတ်ကားများတွင် နိုင်ငံခြားသားအတတ်ပညာရှင်နှင့်အနုပညာရှင်များ ပါဝင်သော်လည်း အကယ်ဒမီ ဆုအတွက် အကျုံးဝင်မည် မဟုတ်ဟုဆို

၂ဝ၁၆ ခုနှစ် အကယ်ဒမီ စာရင်းဝင်ဇာတ်ကားများတွင် နိုင်ငံခြားသားအတတ်ပညာရှင်နှင့်အနုပညာရှင်များ ပါဝင်သော်လည်း အကယ်ဒမီ ဆုအတွက် အကျုံးဝင်မည် မဟုတ်ဟုဆို
November 25, 2016 Asian Fame
၂ဝ၁၆ ခုနှစ် အကယ်ဒမီ စာရင်းဝင်ဇာတ်ကားများတွင် နိုင်ငံခြားသားအတတ်ပညာရှင်နှင့်အနုပညာရှင်များ ပါဝင်သော်လည်း အကယ်ဒမီ ဆုအတွက် အကျုံးဝင်မည် မဟုတ်ဟုဆို

acad

၂ဝ၁၆ ခုနှစ် အကယ်ဒမီစာရင်းဝင် ရုပ်ရှင်ဇာတ်ကားတွေထဲမှာ နိုင်ငံခြား သား အတတ်ပညာရှင်တွေနဲ့ အနုပညာရှင်တွေ ပါဝင်ရိုက်ကူးထားတဲ့ ရုပ်ရှင် ဇာတ်ကားတွေ ရှိနေသော်လည်း အကယ်ဒမီဆုအတွက် အကျူံးဝင်မှာ မဟုတ် ကြောင်းကို အကယ်ဒမီ စိစစ်ရေးအဖွဲ့ကနေပြီး အကဲဖြတ်စိစစ်မှုတွေ မတိုင် ခင်ကတည်းက ကြိုတင်ကြေညာချက် ထုတ်ပြန်ထားပါတယ်။ အခုနှစ် အကယ်ဒမီ စိစစ်အကဲဖြတ်အဖွဲ့ဝင်ထဲမှာ ပါဝင်နေတဲ့ အသံအတတ်ပညာရှင် အကယ်ဒမီ ဆန်းဦးကတော့ ..

” နိုင်ငံခြားသားကို မပေးဘူးဆိုတဲ့ အကြောင်းအရင်းက မြန်မာရုပ်ရှင်ကို မြန်မာပြည်အနေအထားနဲ့ ရိုက်ကူးကြတာဖြစ်သလို ပြည်တွင်းက ပညာရှင်တွေကပဲ အကယ်ဒမီဆုအပေါ်ကို အကဲဖြတ်ဆုံးဖြတ်တယ်။ ကိုယ့်ပြည်တွင်းက ပညာရှင်တွေကို ပေးအပ်ဖို့အတွက် အကယ်ဒမီ ထူးချွန်ဆု ပွဲကို လုပ်တာလည်း ဖြစ်တယ်။ နိုင်ငံခြားသားကို ပေးအပ် ဖို့ ပြုလုပ်ထားတဲ့ပွဲလည်း မဟုတ်ဘူးလေ။ ကိုယ့်ပြည်တွင်းအတွက်ပဲ ဖြစ်တယ်လေ။ အကယ်ဒမီ မပေးပေမယ့်လည်း ပြည်ပပညာရှင်တွေနဲ့ ရိုက်ကူးမှုတွေကို ကျွန်တော်တို့အနေနဲ့တော့ လုပ်သင့်ပါတယ်။ သူတို့ဆီက အတတ်ပညာတွေကို ကျွန်တော်တို့ ဒါမှသာ သိခွင့်ရမှာ ဖြစ်ပါတယ်” လို့ပြောပြပေးပါတယ်။

အခုနှစ် အကယ်ဒမီ စာရင်းမှာဆိုရင် နိုင်ငံခြားသား ဓာတ်ပုံပညာရှင်တွေ ပါဝင်ရိုက်ကူးထားတဲ့ ဇာတ်ကားတွေလည်း ရှိနေပါတယ်။ အကဲဖြတ်အဖွဲ့ ထဲမှာပါဝင်နေတဲ့ ဓာတ်ပုံပညာရှင်ကြီး ဦးသန်းညွန့်ကတော့..

” မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုဆိုတဲ့အတိုင်းပဲပေါ့လေ။ ကိုယ့် ရုပ်ရှင်ဇာတ်ကားတွေကို ကိုယ့် ပြည်တွင်းက အတတ်ပညာရှင်တွေကိုပဲ ဦးတည်ပေးတာဖြစ်ပါတယ်။ နိုင်ငံခြားသားတွေကို ပေးရမယ်ဆိုရင် မကောင်း ဘူးလေ။ သူတို့က ကိုယ့်နိုင်ငံကသူတွေထက် ပိုတော်ချင်တော်နိုင်တယ်။ နှစ်တိုင်းမှာ သူတို့တွေ မြန်မာဇာတ်ကားတွေကို ရိုက်ကူးနေမယ်ဆိုရင် သူတို့ တွေကိုပဲ နှစ်တိုင်းပေးရမလို ဖြစ်နေလိမ့်မယ်။ အဓိကကတော့ အကယ်ဒမီဆု ဆိုတာ ကိုယ့်ပြည်တွင်းက ထူးချွန်ထက်မြက်တဲ့ ရုပ်ရှင်လောကသား တွေကို ပေးအပ်ဖို့ပဲ ဖြစ်ပါတယ်” လို့ သုံးသပ်ပြောပြပေးခဲ့ပါတယ်။ မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆု ပေးအပ်ပွဲကိုတော့ လာမယ့် ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီလ သို့မဟုတ် မတ်လအတွင်းမှာ ပြုလုပ်သွားနိုင်ဖို့ စီစဉ်နေကြပါတယ်။

ထက်လူ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*