Snare အဖွဲ့က နေဝင်းပြောတဲ့ သူ့ချစ်သူအကြောင်း

Snare အဖွဲ့က နေဝင်းပြောတဲ့ သူ့ချစ်သူအကြောင်း
November 22, 2016 Asian Fame
Snare အဖွဲ့က နေဝင်းပြောတဲ့ သူ့ချစ်သူအကြောင်း

nay-win

ဟစ်ဟော့ပ်အဆိုတော် နေဝင်း (Snare ) တစ်ယောက် ကျန်းမာရေး အခြေအနေမကောင်းလို့ ရက် ၂ဝ ကျော်ကြာ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

” ကျွန်တော် အဆုတ်ထဲရေဝင်တာပါ။ ဆေးရုံကတော့ ကျွန်တော် ရက် ၂ဝ လောက် တက်လိုက်ရတယ်။ အခုတော့ ကျွန်တော် ကောင်းကောင်းအိပ်၊ ကောင်းကောင်းစား၊ ကောင်းကောင်းနားပြီးတော့ လေ့ကျင့်ခန်းလုပ်၊ ဆေးလိပ်တွေ ဘာတွေလည်း အခုတော့ ဖြတ်လိုက်ပြီ” လို့ သူ့ရဲ့ကျန်းမာရေး အခြေအနေနဲ့ပတ်သက်ပြီး နေဝင်းက ပြောပါတယ်။ ဆေးရုံတက်နေရတဲ့ ကာလအတွင်း အစစအရာရာ ဂရုစိုက်ပြုစုပေးတဲ့ ချစ်သူ အိမ့်ချစ် ချောကို ကျေးဇူးတင်ကြောင်းလည်း ပြောပါတယ်။ ကိုနေဝင်းတို့ ချစ်သူသက်တမ်းဆို ဘယ်လောက်ရှိသွားပြီလဲ၊ ဂရုစိုက်ပေးတဲ့ ချစ်သူအပေါ်ကို ဘာပြောချင်သေးလဲလို့ ဆိုတဲ့အခါ..

” ကျွန်တော်တို့က ချစ်သူသက်တမ်းက ၈ နှစ်လောက်တော့ ရှိပါပြီ။ သူ့ကို ကျွန်တော်ဘာပြောချင်လဲဆိုတော့ အစစအရာရာ အားလုံးအတွက်လည်း ကျေးဇူးတင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က တစ်ယောက်နဲ့ တစ်ယောက် အပြန် အလှန်နားလည် မှုနဲ့သွားတာဆိုတော့ သူ့ကို ကျွန်တော် တအားချစ်ပါတယ်” လို့ နေဝင်း ကပြောပါတယ်။ မင်္ဂလာသတင်းကော ဘယ်တော့ကြားရမှာလဲလို့ မေးတဲ့အခါ “ကြိုးစားနေပါတယ်။ ပိုက်ဆံစုနေပါတယ်” လို့ သူကပြောပါတယ်။ ဒီဇင်ဘာလ ၃ ရက်နေ့မှာ ထွက်ရှိမယ့် Ve Ve 20th Anniversary စီးရီးခွေထဲမှာလည်း နေဝင်းတို့ Snare အဖွဲ့က သီချင်းသစ်တစ်ပုဒ် ပါဝင်သီဆိုထားပါသေးတယ်။ Snare အဖွဲ့ရဲ့ တတိယစီးရီးခွေ ကတော့ ၇၅ ရာခိုင်နှုန်းပြီးစီးနေပါပြီလို့ နေဝင်းက ပရိသတ်ကို အကြိုသတင်းကောင်း ပါးလိုက်ပါသေးတယ်။

မျိုးမောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*