ဟယ်ရီပေါ်တာ ဇာတ်လမ်းကို ကြိုက်ခဲ့သူတွေအတွက် Fantastic Beasts and Where to Find Them မှော်ရုပ်ရှင် မြန်မာနိုင်ငံမှာ စတင်ပြသ

ဟယ်ရီပေါ်တာ ဇာတ်လမ်းကို ကြိုက်ခဲ့သူတွေအတွက် Fantastic Beasts and Where to Find Them မှော်ရုပ်ရှင် မြန်မာနိုင်ငံမှာ စတင်ပြသ
November 22, 2016 Asian Fame
ဟယ်ရီပေါ်တာ ဇာတ်လမ်းကို ကြိုက်ခဲ့သူတွေအတွက် Fantastic Beasts and Where to Find Them မှော်ရုပ်ရှင် မြန်မာနိုင်ငံမှာ စတင်ပြသ

fantastic-beasts-review-1-copy

ဟယ်ရီပေါ်တာ ရုပ်ရှင်တွေကို နှစ်သက်ခဲ့ကြတဲ့ ရုပ်ရှင် ကြည့်ပရိသတ်တွေ အတွက် ဟယ်ရီပေါ်တာတို့လို မှော်တုတ် ချောင်းလေးတွေ ကိုင်ဆောင်ပြီး မှော်လောကမှာ တိုက်ခိုက်ကြ မယ့် ဇာတ်ကားသစ်Fantastic Beasts and Where to Find Them ရုပ်ရှင်ထွက်ပေါ် လာပါတယ်။Fantastic Beasts and Where to Find Them ဟာ ကမ္ဘာတစ်ဝန်းက ရုပ်ရှင်ရုံ တွေမှာ နိုဝင်ဘာလ ၁၈ ရက်နေ့ကတည်း က စတင်ရုံတင်ပြသ နေတာဖြစ်ပါတယ်။ Fantastic Beasts and Where to Find Them  ရုပ်ရှင်ဟာ ဒေါ်လာ သန်း ၁၈ဝ အကုန် အကျခံ ရိုက် ကူးထားခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတစ်ခု ဖြစ်ပါတယ်။

1479009665258-copy

Fantastic Beasts and Where to Find  ရုပ်ရှင်ကို ဟယ်ရီပေါ်တာဇာတ်လမ်းတွဲနဲ့ နာမည်ကျော်ကြားခဲ့တဲ့ ကမ္ဘာကျော် ဒါရိုက်တာ David Yatesကရိုက်ကူးတင် ဆက်ထားတဲ့ မှော်ရုပ်ရှင် ဇာတ်ကားကောင်းတစ်ခု ဖြစ်ပါတယ်။Fantastic Beasts and Where to Find Them  ရုပ်ရှင်ဟာ Harry Potter ဆိုတဲ့ ဇာတ်ကောင်တွေ မပေါ်ခင်ကာလ သက္ကရာဇ်တွေ ဆီက မှော်ဇာတ်ကောင် တစ်ကောင်ဖြစ် တဲ့Newt Scamander  အကြောင်းကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။Fantastic Beasts and Where to Find Themရုပ်ရှင် ဟာHarry Potter မပေါ်ခင်ကာလ ဖြစ်တာမို့ အမေရိ ကန်နိုင်ငံNew York မြို့မှာ ၁၉၂၆ ခုနှစ် ကာလကို အခြေခံ ထားပြီး ရိုက်ကူး ထားတာဖြစ်ပါတယ်။Newt Scamander မှော်ဇာတ်ကောင် နေရာမှာတော့ အင်္ဂလန် မင်းသား Eddie Redmayne က သရုပ် ဆောင် ထားတာဖြစ်ပါတယ်။

fantastic-story_647_111816035003-copy

Fantastic Beasts and Where to Find Them  ရုပ်ရှင် ဟာ Harry Potter  မပေါ်ခင်က ဖြစ်တာကြောင့် ဟယ်ရီပေါ်တာ ဇာတ် လမ်းတွဲကို ကြည့်ဖူးခဲ့ပြီးတဲ့ သူတွေအနေနဲ့ ဟက်ဝေါ့ခ် မှော်ကျောင်းရဲ့ ကျောင်း အုပ်ကြီး မစ္စတာ ဒမ်ဘဲလ်ဒေါ်လ် (Dumbledore)  အပါအဝင်Harry Potter  နဲ့တွေ့ဆုံခဲ့တဲ့ မှော်ဆရာ တွေရဲ့ ငယ်ဘဝတွေရဲ့ ဖြတ်သန်းခဲ့ရမှုတွေကိုပါ ခံစား ရမယ့် ရုပ်ရှင်ဇာတ်ကားေ ကာင်းတစ်ခုဖြစ်ပါတယ်။

အဲ့ဒီတော့Fantastic Beasts and Where to Find ရုပ်ရှင်ကို မြန်မာနိုင်ငံက MEGA ACE ရုပ်ရှင် ရုံတွေဖြစ်တဲ့ တာမွေမြို့နယ်က   ရွှေဗဟိုရ် ရုပ်ရှင်ရုံ၊ သာကေတ မြို့နယ်က မြရတနာ ရုပ်ရှင်ရုံ ၊ မြောက် ဥက္ကလာပ မြို့နယ် ကန်သာယာ ပန်းခြံထဲက  MEGA ACE ရုပ်ရှင်ရုံတွေ နဲ့အတူMEGA ACE ရုပ်ရှင်ရုံတွေ တိုင်း မှာ နိုဝင်ဘာလ ၂၅ ရက်နေ့ကနေ စတင်ပြီး သွားရောက်ကြည့်ရှုခံစားလို့ ရနေပြီဖြစ်ပါတယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*