နတ်မင်းတို့ပိုင်တဲ့ ဓါး League of Gods

နတ်မင်းတို့ပိုင်တဲ့ ဓါး League of Gods
November 22, 2016 Asian Fame
နတ်မင်းတို့ပိုင်တဲ့ ဓါး League of Gods

league-of-gods_1

ဒီဇာတ်ကားဟာ စိတ်ကူးယဉ်တည်ဆောက်ထားတဲ့ တရုတ် ဒဏ္ဍာရီ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဟောလိဝုဒ်မှာ ကမ္ဘာကျော်မင်းသားဖြစ်နေတဲ့ ဂျက်လီရဲ့ ဇာတ်ကားသစ်တစ်ကားဖြစ်ပါတယ်။

ဒါရိုက်တာ “ကိုယန်ဟွီ” Koan Hui ကရိုက်ကူးပြီ ဂျက်လီ၊ ဟွမ်ရှောင်မင်း၊ ဖန်ဘင်းဘင်းနဲ့ လူးဝစ်တို့က အဓိကနေရာမှာ သရုပ်ဆောင်ထားကြပါတယ်။ ၁၆ ရာစုက ဒဏ္ဍာရီ တွေအကြောင်းရေးထားတဲ့ တရုတ်ဝတ္ထုတစ်ပုဒ်ကို ရိုက်ကူးထားတာပါ။ ဟိုတုန်းက တရုတ်နယ်နိမိတ်ထဲမှာပဲ နိုင်ငံဆိုတဲ့ အမည်အမျိုးမျိုးနဲ့ နေ ထိုင်ခဲ့ကြတာမှာ “ရှန်” နိုင်ငံရဲ့ ဘုရင် “ကျိုး” ရဲ့ ကြင်ယာတော်မိဖုရား ဟာ မိစ္ဆာတစ်ဦးဖြစ်နေပုံနဲ့ အဲဒီမိစ္ဆာ မိဖုရားရဲ့ မသမာတဲ့ လျှို့ဝှက် မာယာ ကျော့ကွင်းထဲမှာ မိမိကိုယ်မိမိ အနစ် မွန်းခံကာ အာဏာရှင် ဘုရင်တစ်ပါး မဖြစ်ဖြစ်အောင် တည်ဆောက်ပြီး နိုင်ငံနှစ်ခုအတွင်း စစ်ခင်းကြတာ တွေကို တင်ပြထားတာ ဖြစ်ပါတယ်။ ၂ဝ၁၆ ခုနှစ် စက်တင်ဘာလထဲမှာ ရုံတင်ခဲ့တာ ဖြစ်ပါတယ်။

ဘုရင်ကျိုးရဲ့ အိပ်ဆောင်ထဲကို အသိအမှတ်ပြု ဝင်ခွင့်ရရှိထားတဲ့ မိဖုရားကြီး “သကျိ” (မင်းသမီး ဖန်ဘင်းဘင်း) က ဘုရင်ကြီးကို မှော်အတတ်နဲ့ ညှို့ယူဖမ်းစားထား တာ ဖြစ်ပါတယ်။ ဘုရင်ကြီးဟာ အရာရာကို သတိမရနိုင်တော့ဘဲ မိဖုရားအနားမှာ သာယာနစ်မျော နေမိပါတယ်။ဘုရင်ကြီးကျိုးက ဖမ်းထားတဲ့ ကိုယ်ပျောက်လူသားတွေကို ကယ်တင်ဖို့ စစ်သည်တော်တချို့ တိုင်ပင်နေကြပါတယ်။ သူတို့ရဲ့ တာဝန်က ကိုယ်ပျောက်လူသားတွေ ကို ကယ်တင်ဖို့သာဖြစ်ပြီး မိဖုရားကြီး နဲ့ တိုက်ခိုက်ဖို့မရည်ရွယ်ကြပါဘူး။ စစ်သည်တော်တွေ ကယ်ဆယ်ဖို့သွား နေတဲ့လမ်းမှာ ဆရာကြီး “ကျန်းဇီ” ဟာ ရောက်လာပြီး ဘုရင်ကြီးကျိုးရဲ့ သြဇာအာဏာကြီးထွားလာပုံဟာ ဘာကြောင့်ဆိုပြီး ရှင်းပြပေးလိုက်ပါ တယ်။

ဘုရင်ကြီးဟာ ပညာရှင်တချို့ ဆီကနေ တစ်စုံတစ်ခုနဲ့ လဲလှယ်ရယူ ထားတဲ့ မှော်ပညာအစွမ်းတွေကြောင့်ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ကောင်း ကင်က နေသုံးစင်းထွက်ပေါ် ပေါင်းဆုံတဲ့အခါကျရင် နဂါးနက် ဆိုတဲ့ အစွမ်းသတ္တိရှင်တစ်ဦး ရောက်လာပြီး တစ်လောကလုံးကို နှစ်ပေါင်း ၁၈ဝဝ တိုင်တိုင်ချုပ်ကိုင် စိုးမိုးဖို့ဆို တာတွေ ရှိနေပါတယ်။ အဲဒီအခြေအနေ၊ အဲဒီ အန္တရာယ်တွေကို ကာကွယ်ဖို့အတွက် လျှို့ဝှက်ချက်ကို ကိုယ်ပျောက်လူသား ခေါင်းဆောင်ဆီမှာသာ သိနိုင်တဲ့ အတွက် ကိုယ်ပျောက်လူသားခေါင်း ဆောင်နဲ့အတူ အားလုံးကို ကယ် ထုတ်ဖို့ ကြိုးစားကြရမှာဖြစ်ပါတယ်။ မြို့တော်ကြီးမှာ ဘုရင်ကြီး ကျိုး နဲ့ မိဖုရား သကျိတို့ဟာ ကိုယ်ပျောက် လူသားခေါင်းဆောင်ရဲ့ မျက်လုံးကို အလိုရှိနေကြပါတယ်။

အဲဒီမျက်လုံးက ဘယ်လောက်စွမ်းသလဲဆိုရင် အနာဂတ်ကို ကြိုတင်မြင်နိုင်တယ်။ ဒါကြောင့် ဒီမျက်လုံးနှစ်လုံးရရင် ကိုယ့်ဆီ ရောက်လာမယ့် အန္တရာယ်ကို ကြိုတင်မြင်ရတဲ့အတွက် ကြိုတင် ရှင်းလင်းပစ်နိုင်တယ်။ ဒါကြောင့် မျက်လုံးကိုဖောက်ယူဖို့ ဘုရင်နဲ့ မိဖုရား ပွဲလမ်းသဘင်ကျင်းပနေပါ တယ်။ဘုရင်က အစွမ်းရှိတဲ့ဒီမျက်လုံး ကို လိုချင်တဲ့လောဘစိတ်ရှိပေမယ့် ရက်စက်ချင်စိတ်တော့ မရှိဘူးဖြစ်နေ တယ်။ ဒါပေမဲ့ မိဖုရားရဲ့ လောဘ စိတ်ကို တားဆီးမရနိုင်တဲ့အတွက် ဖောက်ယူဖို့ အမိန့်ပေးလိုက်ရပါ တယ်။ ဒီအချိန်မှာ နန်းတော်အောက် ခြေမှာရှိတဲ့ ဘုရင့်အကျဉ်းထောင်ကို စစ်သည်တော်တွေ ချိုးဖောက်ပြီး ဝင်ရောက်လာနေပါပြီ။ ကိုယ်ပျောက်လူသားတချို့နဲ့ စစ်သည်တော်တချို့ ကျဆုံးကုန်ပါ တော့တယ်။ ဒါပေမဲ့ ကျန်တဲ့စစ်သည် တော်တွေက ကိုယ်ပျောက်လူသား ငယ်တွေရဲ့ အကူအညီနဲ့ လွတ် မြောက်ခဲ့ကြပါတယ်။ သူတော်စင် ကြီးတစ်ပါးဖြစ်တဲ့ ကျန်းဇီယာ ရောက်လာပြီး အချိန်ကိုရပ်တန့်စရာ တစ်မျိုးနဲ့ အဟန့်အတားလုပ်ပေး လိုက်ပါတယ်။ ပြီးတော့ ကိုယ်ပျောက် လူသားခေါင်းဆောင်ကို ကယ်တင်ဖို့ ကြိုးစားကြပါတယ်။ ဒါပေမဲ့ မိဖုရားကြီးရဲ့ ကျိန်စာ သင့်ပြီး လူတွေရဲ့အသက်တွေဟာ နောက်ပြန်ဆုတ်သွားကြပါတယ်။ အဲဒီနောက်တော့ လျှို့ဝှက်ချက်ပေါင်း မျိုးစုံ၊ အဖြစ်အပျက်ပေါင်းမျိုးစုံတွေ နဲ့…။

ဝင်းကိုမောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*