မိဘတွေအတွက်ရည်စူးပြီး အလှူအတန်းတွေလုပ်ဖြစ်တဲ့ ဒီဇိုင်နာ ဌေးဌေးတင် (Shimizu)

မိဘတွေအတွက်ရည်စူးပြီး အလှူအတန်းတွေလုပ်ဖြစ်တဲ့ ဒီဇိုင်နာ ဌေးဌေးတင် (Shimizu)
November 21, 2016 Asian Fame
မိဘတွေအတွက်ရည်စူးပြီး အလှူအတန်းတွေလုပ်ဖြစ်တဲ့ ဒီဇိုင်နာ ဌေးဌေးတင် (Shimizu)

1

ဘာသာတရားနဲ့ပတ်သက်ပြီးတော့ နေ့စဉ် ပြုလုပ်ဖြစ်သလို မိဘတွေအတွက် ရည်စူးပြီးတော့ လည်း အလှူအတန်းတွေကို အမြဲမပြတ် လုပ်ဖြစ်  နေ သူကတော့ ဒီဇိုင်နာ ဌေးဌေးတင် (Shimizu) ပဲ ဖြစ်ပါ တယ်။ အခုတစ်ပတ်မှာတော့ ဒီဇိုင်နာ ဌေးဌေး တင် (Shimizu)  ရဲ့  ဗုဒ္ဓဘာသာအပေါ် ယုံ ကြည်သက်ဝင်ကာ ဘာသာတရား ကိုင်းရှိုင်းမှု တွေနဲ့ သူ့ရဲ့ ကုသိုလ်ကောင်းမှု အလှူဒါနများ အကြောင်းကို လည်း ပေါ်ပြူလာဂျာနယ်ပရိ သတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

15027408_675596792597272_4708921550421743174_n-copy

မိဘတွေအတွက် ရည်စူးပြီးအလှူအတန်းများ ပြုလုပ်

မနက်စောစောထပြီး ဘုရား ဆွမ်းတော်ကပ်တယ်။ ဘုရားရှိခိုး အမျှဝေတယ်။ အစ်မရဲ့ ဆုံးသွားတဲ့ အဖေအတွက်လည်း အမျှအတန်း   တွေ ဝေဖြစ်ပါတယ်။ ဒါတွေကတော့ နေ့စဉ်လုပ်ဖြစ်ပါတယ်။ နောက်ပြီး အစ်မအဖေ၊ အမေအတွက် ရည်စူး ပြီးတော့ အလှူအတန်းတွေ အမြဲ လုပ်ပေးဖြစ်တယ်။ဟိုးအရင် ကတည်း ကပဲ လုပ်ပေးချင်ခဲ့တာ။ အခုမှ လုပ် ပေးခွင့်ရတာပါ။ ဒီနှစ်ဆိုရင် ကထိန် လှူဖြစ်တယ်။ အစ်မ ငယ်ငယ်တုန်းက တက်ရောက်ခဲ့တဲ့ တောင်တွင်းကြီးမြို့ (မိုးထိ) အ.လ.က. (၂) စာသင် ကျောင်းမှာ လမ်း မကောင်းတဲ့အတွက် လမ်းခင်းဖို့ အတွက်လှူဖြစ်တယ်။ စာသင် ဆောင်လည်း လှူဖြစ်တယ်။ နောက် ပြီး ဘုရားတည်ထားတယ်။ ရေလယ် ဘုရားပေါ့။ အစ်မအမေက စနေ သမီး၊ အစ်မလည်း စနေ သမီးဖြစ်တော့ ပထမတော့ နဂါးရုံ ဘုရားဆိုပြီး တည်မလို့ပဲ။ နောက်ကျ တော့ ၇ ရက် သားသမီးတွေအတွက် အစ်မတို့နေတဲ့ ရွာမှာပဲ ရွာနားနီးချင်း တွေလည်းလာလို့ရအောင် အဲဒီ အင်း ရဲ့အလယ်ကောင်မှာ ဘုရားတည် ဖြစ်တယ်။ အင်းကြီးထဲမှာ ကြာပန်း တွေ လည်းရှိတယ်။ ဘုရားကတော့ ထီး မတင်ရသေးဘူး။ ထီးတင်ပွဲလည်း လုပ်နေပါတယ်။

ငယ်ငယ်ကတည်းကအလှူအတန်းတွေလုပ်ဖို့ စိတ်ကူးရှိခဲ့တယ်

အစ်မတို့က ဗုဒ္ဓဘာသာ မြန်မာ လူမျိုးဖြစ်တဲ့အတွက် ဘုရားတည် တာကလည်း အစ်မရဲ့ ငယ်ငယ်လေး ကတည်းက စိတ်ကူးလေးပါ။ ကထိန် ဆိုရင်လည်း တစ်နှစ်ကို တစ်ခါလှူ တယ်။ အစ်မတို့ ကလေးကတည်းက မိဘတွေက ဗုဒ္ဓဘာသာလည်းဖြစ် တယ်။ ကိုယ့်မြန်မာ လူမျိုးက ဒီလိုမျိုး လေးတွေ မွန်မွန်မြတ်မြတ် အလှူလေး တွေ လုပ်ရတယ်ဆိုတာလည်း သင် ပေးထားတယ်လေ။ ဒါကြောင့် အစ်မ ကလေး ဘဝကတည်းက ဒီလိုအလှူ တွေလုပ်ဖို့ စိတ်ကူးခဲ့တာပါ။ အခု ကိုယ့်ရဲ့ ကိုယ်ပိုင်ဝင်ငွေလည်း ရှိသွား ပြီဆိုတော့ အစ်မရဲ့ သင်တန်း က ရတဲ့ငွေကိုလည်း စုထားတယ်။ အစ်မ ဆီမှာ လာအပ်တဲ့ Customer  တွေ ဆီက ရတဲ့ငွေတွေလည်းပါတယ်။ အစ်မဆီမှာ အားပေးတဲ့ သူတွေ အတွက်လည်း ရည်ရွယ်ပြီး အလှူ အတန်းတွေ ပြန်လုပ်ပေးဖြစ်တာပါ။ အလှူအတန်းတွေလုပ်ရတဲ့အတွက် စိတ်ထဲမှာ ကြည် လင်ပြီး စိတ်ချမ်း သာတယ်။ အလှူလုပ်တိုင်း အမေ လည်း ပျော်တယ်။ အမေပျော်တဲ့အ တွက် အစ်မလည်းပျော်တယ်။ အစ်မ မိသားစု လည်းပျော်တယ်။ သန့်သန့် ရှင်းရှင်းနဲ့ ရိုးရိုးသားသားရှာထားတဲ့ ငွေတွေနဲ့ တတ်နိုင်သလောက် အလှူ အတန်းတွေ လုပ်ဖြစ်တဲ့အတွက် စိတ်ကြည်နူးမှုကို ခံစားရပါတယ်။

ကိုယ်တတ်နိုင်သလောက်အလှူအတန်းတွေ ပြုစေချင်တယ်

အလှူအတန်းဆိုတာ အကြီး အကျယ် လှူမှမဟုတ်ဘူး။ လမ်းဘေး မှာ တောင်းစားနေတဲ့သူပဲ ဖြစ်ဖြစ်၊ ရဟန်းသံဃာကိုပဲဖြစ်ဖြစ် စိတ်ထဲမှာ နှမြောတွန့်တိုစိတ်နဲ့ မဟုတ်ဘဲနဲ့ တကယ် ဖြူစင်တဲ့စိတ်နဲ့ အလှူအတန်း တွေလုပ်ပေးဖို့ တိုက်တွန်းချင်ပါတယ်။

ခိုင်ဝေလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*