ဓာတ်ပုံများက သက်သေပြခဲ့သော မြန်မာ့ရုပ်ရှင် သမိုင်း

ဓာတ်ပုံများက သက်သေပြခဲ့သော မြန်မာ့ရုပ်ရှင် သမိုင်း
November 21, 2016 Asian Fame
ဓာတ်ပုံများက သက်သေပြခဲ့သော မြန်မာ့ရုပ်ရှင် သမိုင်း

family017

အမှတ်တရဆိုတဲ့ အကြောင်းအရာတွေဟာ အချိန်ကာလတစ်ခု ကြာမြင့်လာတဲ့အခါမှသာ ပေါ်ပေါ်ထင်ထင် သတိရခြင်း၊ သတ်မှတ်ခြင်းခံရတဲ့ နာမ်တစ်ခုဖြစ် ပါတယ်။ အမှတ်တရတွေ ဖြစ်လာဖို့ အမှတ်တမဲ့တွေ များစွာစုစည်းပြီးမှသာ အချိန်ကာလ တစ်ခုအရောက်မှာတော့ သတိရခြင်းများစွာနဲ့အတူ အမှတ်တရတွေကို ပြန်လည်ပြောကြား၊ တွေးတော၊ ကြည့်မြင်ခံစား ဝေမျှရင်းနဲ့ တန်ဖိုးရှိတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ခွင့်ရရှိတာဖြစ်ပါတယ်။ မြန်မာ့ရုပ်ရှင်ရဲ့ သမိုင်းကို ပြန် လှည့်ကြည့်လိုက်ရင်လည်း မြန်မာ့ ရုပ်ရှင်ဟာ ၁၉၂ဝ ပြည့်နှစ်က စတင် နိုင်ခဲ့တယ်ဆိုတာကို သက်သေပြနိုင်ဖို့ မြန်မာ့ရုပ်ရှင်နေ့ ဆိုတာကို သတ် မှတ်နိုင်ဖို့အတွက် အဲဒီခေတ်က ရုပ် ရှင်လောကသားတွေအကြား ဒွိဟ ပေါင်းများစွာနဲ့ ဖြတ်ကျော်နေရချိန်မှာ “မေတ္တာနဲ့သူရာ” (မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးရုပ်ရှင် ဇာတ်ကား) ရဲ့ ဇာတ်ကားဓာတ်ပုံ ပိုစတာလေးကြောင့်သာ အောက်တိုဘာလ ၁၃ ရက်နေ့ကို မြန်မာ့ရုပ်ရှင်နေ့ရယ်လို့ သတ်မှတ်ပြီး ဒွိဟပေါင်းများစွာကို အဆုံးသတ်ခွင့်ရခဲ့ကြတာ ဖြစ်ပါတယ်။

ဓာတ်ပုံတစ်ခုကြောင့် မြန်မာ့ ရုပ်ရှင်နေ့ဆိုတာကို အတည်ပြုသတ်မှတ်နိုင်လိုက်တယ်။ ဓာတ်ပုံတွေဟာ သမိုင်းတွေကို သက်သေပြနေပါတယ်။ ရုန်းကန်လှုပ်ရှားခဲ့ရ မှုတွေကို အရိပ်သဖွယ် ပြန်လည် ပြသနေပါတယ်။ အမှတ်တရတွေကိုလည်း ဓာတ်ပုံတွေကနေ ရှာဖွေရင်း ရှေးဟောင်းနှောင်းဖြစ်တွေကို ပြော ပြီး ရယ်မောနိုင်၊ ပျော်ရွှင်နိုင်ခွင့် တွေကို ပိုင်ဆိုင်ခွင့်ပေးထားပါတယ်။ မြန်မာ့ရုပ်ရှင်ခေတ်ဦးအဖွဲ့သားတွေနဲ့ မြန်မာနိုင်ငံရဲ့လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းတို့ ၁၉၄၇ ခုနှစ်က (မြန်မာ့ရုပ်ရှင် ငွေရတုခေတ် ၂၅ နှစ်ပြည့်ပွဲတော်)တုန်းက တွေ့ဆုံစကားလက်ဆုံကျခဲ့တယ်ဆိုတာကိုလည်း ဓာတ်ပုံတွေက သက်သေပြခဲ့တယ်ဆိုတာ ထင်ရှားလျက်ရှိနေပါတယ်။

” အမှန်တော့ မြန်မာ့ရုပ်ရှင်က ၁၉၂ဝ ပြည့်နှစ်မှာစတော့ ၁၉၄၅ ခုနှစ်မှာ ငွေရတု ပြည့်တာဖြစ်ပေမယ့် အဲဒီ တုန်းက လွတ်လပ်ရေးကလည်း မရသေးဘူးလေ။ အဲဒီတော့ ကျင်းပ ဖို့ကို မလုပ်နိုင်သေးဘဲနဲ့ ၁၉၄၇ ခုနှစ်ကျမှ ငွေရတု အခမ်းအနားကို ကျင်းပနိုင်ခဲ့ကြတယ်။ အဲဒီတုန်းက ဗိုလ်ချုပ်မကွယ်လွန်ခင်လေးပေါ့။ ရွှေတိဂုံစေတီတော်ရဲ့ အနောက် ဘက်မုခ်မှာ ရုပ်ရှင်ခေတ်ဦး ပညာရှင်တွေဖြစ်တဲ့ ဒီးဒုတ်ဦးဘချိုတို့၊ ရွှေဒုံးဘီအောင်တို့၊ ဦးအုန်းမောင်တို့ အဖွဲ့တွေဟာ ဗိုလ်ချုပ်အောင်ဆန်း နဲ့အတူ စကားတွေ ပြောဖြစ်ခဲ့ကြတယ်။ အဲဒီလိုတွေ့ဆုံစဉ်က ရိုက်ကူးထားခဲ့တဲ့ ဓာတ်ပုံတစ်ပုံကို မြန်မာ့ ရုပ်ရှင်စိန်ရတုအခမ်းအနား (၇၅ နှစ်ပြည့်) ကျင်းပတဲ့ အချိန်ရောက်မှ အာရှဓာတ်ပုံတိုက်ကနေပြီး ပြန်လည်ရရှိခဲ့တာဖြစ်တယ်။ တကယ့်ကို သမိုင်းဝင်ဓာတ်ပုံပါ။ ဒီဓာတ်ပုံတွေ သာမရှိခဲ့ရင် သမိုင်းတွေလည်း မှေးမှိန်နေမှာ။ အခုတော့ သေချာကိုသိမ်းဆည်းထားပါတယ်။ ဒီဓာတ်ပုံ တစ်ခုတည်းကနေပဲ သမိုင်း အထောက်အထားတွေကို ခိုင်လုံစေခဲ့ တယ်။ ဓာတ်ပုံဆိုတဲ့ သဘောတရား က နှစ်ကြာလာလေ တန်ဖိုးရှိလာ လေလေပဲ။ နှစ်တစ်ရာလောက်ကြာ သွားပြီဆိုရင် ပြန်ရှာတွေ့ဖို့က မလွယ်တော့ဘူးလေ။ သေချာသိမ်း ဆည်းထားဖို့၊ စောင့်ရှောက်ဖို့လည်း လိုပါတယ်” လို့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးရဲ့ ဒုဥက္ကဋ္ဌ ဦးအေးကြူလေးက ပြောပြပေးပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ မြန်မာ့ ရုပ်ရှင်ခေတ်ဦး ပညာရှင်တွေနဲ့ တွေ့ ဆုံခဲ့တဲ့ ဓာတ်ပုံကို ပြန်လည် ခံစားပြီး ပန်းချီမောင်ကျော်ညွှန့်နဲ့ အဖွဲ့က ပန်းချီကားအဖြစ် ပြန်လည် ရေးဆွဲ ပြီး မြန်မာ့ရုပ်ရှင် စိန်ရတု အခမ်း အနားမှာ အပ်နှံလိုက်ရာကနေ အခု လက်ရှိအချိန်အထိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ အထူးအစည်း အဝေး ခန်းမအတွင်းမှာ သမိုင်းဝင် ဓာတ်ပုံ ပန်းချီကားတစ်ခုအဖြစ် ဂုဏ်ယူဝင့်ြ<ွကားစွာ ချိတ်ဆွဲထားတာ ကို မြင်တွေ့နိုင်ပါတယ်။

” မြန်မာ့ရုပ်ရှင် သမိုင်းပြတိုက်ထဲမှာလည်း သမိုင်းဝင်ဓာတ်ပုံတွေ အများကြီးရှိနေပါတယ်။ မင်းသား ကြီး ချစ်ရွှေရဲ့ မိကျောင်းနဲ့သတ်ပုတ် နေတဲ့ ဓာတ်ပုံတွေဆိုရင်လည်း အခု ထိရှိပါသေးတယ်။ အဲဒီဓာတ်ပုံကို ကြည့်လိုက်တဲ့ အချိန်တိုင်း အဲဒီ ခေတ်တုန်းက ရုပ်ရှင်ရိုက်ကူးမှု ပုံရိပ်ကို ပြန်ပေါ်လွင်စေတယ်။ အဲဒီ တုန်းက မင်းသားတွေက ဟန်ချည်းပဲ လုပ်တာ မဟုတ်ဘူး။ တကယ့်မိ ကျောင်းအစစ် ၇ ကောင်ကို မွေး ထားပြီးတော့မှ ရိုက်ကူးရေးလုပ် တဲ့နေ့မှာ ကြိုက်တဲ့မိကျောင်းနဲ့ သတ် ပုတ်ပါဆိုပြီးတော့ ရိုက်ကူးရတာ ဖြစ်တယ်။ မင်းသားချစ်ရွှေက သူသတ်ရမယ့် မိကျောင်းကို ကိုယ်တိုင် ရွေးပြီး တကယ်သတ်ခဲ့ရတာ။ အဲဒီ ခေတ်က ညာလို့မရခဲ့ဘူး။ အဲဒီလို ဓာတ်ပုံတွေအထိ မြန်မာ့ရုပ်ရှင်ပြတိုက်ထဲမှာ ရှိနေပါတယ်” လို့ ဦး အေးကြူလေးက ဆက်ပြောပြပေးပါတယ်။

ဓာတ်ပုံတွေက အမှတ်တရ တွေကို ပုံဖော်နိုင်သလို သမိုင်းအချက်အလက်တွေအဖြစ်လည်း စုစည်းပြီး နောင်လာနောက်သားတွေ အတွက် ဓာတ်ပုံနဲ့တကွ စုစည်းတင်ပြ တဲ့ နယ်ပယ်တစ်ခုချင်းစီရဲ့ သမိုင်း အထောက်အထား ပုံရိပ်တွေအထိပါ တန်ဖိုးရှိစွာနဲ့ ပုံဖော်နိုင်ပါတယ်။ မြန်မာ့ရုပ်ရှင်လောကရဲ့ အေဝမ်း ဖလင် မိသားစုဟာဆိုရင်လည်း သူ တို့ အေဝမ်းဖလင်ရဲ့ လုပ်ဆောင်ခဲ့မှု တွေကို သမိုင်းအထောက်အထား တွေ၊ အေဝမ်းဖလင်ကနေ ပြုစု ပျိုးထောင်ပြီး ထွက်ပေါ်လာခဲ့တဲ့ မင်းသား၊ မင်းသမီးများစွာကို ဓာတ်ပုံတွေကနေတစ်ဆင့် ရေတွက် ကြည့်လို့ရပါတယ်။ အေဝမ်းဖလင် မိသားစု နှစ်တစ်ရာပြည့်ပွဲတော် တုန်းကလည်း အဲဒီဓာတ်ပုံတွေကို ထုတ်ပြခဲ့ဖူးပါသေးတယ်။

” အဘိုးတို့ခေတ် လက်ထက်ကတည်းက အဆင့်ဆင့်သိမ်းဆည်းလာခဲ့တဲ့ ဓာတ်ပုံတွေ အခုထက်ထိ ရှိသေးပေမယ့် ပျက်စီးတဲ့ဓာတ်ပုံ တွေလည်း ပျက်စီးခဲ့တာတွေရှိပါတယ်။ ဒါပေမဲ့ ဓာတ်ပုံရဲ့တန်ဖိုးတွေကိုသိတဲ့ ကျွန်တော်တို့ကလည်း ပျက်စီးယိုယွင်းမှုတွေကို ပြန်လည် ပြုပြင်ပြီး ဓာတ်ပုံပေါင်းများစွာကို ပြန်လည်သိမ်းဆည်းထားပါတယ်။ ဓာတ်ပုံတွေက သမိုင်းတွေလေ။ အေဝမ်းမင်းသား ကျော်ဆွေ၊ မင်းသမီး မေရှင်တို့ခေတ်အထိ အပါ အဝင် အေဝမ်းမင်းသား၊ မင်းသမီး ဓာတ်ပုံတွေ အကုန်လုံး စုံလင်စွာနဲ့ ရှိနေပါသေးတယ်။ ဓာတ်ပုံတွေကို စရိုက်တုန်းကတော့ သမိုင်းဝင်ပါစေ ဆိုတဲ့စိတ်မျိုးရှိချင်မှ ရှိလိမ့်မယ် ဆိုပေမယ့် နှစ်တစ်ရာလောက်ကြာ လာခဲ့တဲ့ အေဝမ်းရုပ်ရှင် ဓာတ်ပုံတွေ ဟာ ပိုတန်ဖိုးရှိလာခဲ့တယ်။ အေဝမ်း ဆိုတာ မြန်မာ့ရုပ်ရှင်မှာ အရှိန်အဝါ ကြီးမားခဲ့တဲ့ ကုမ္ပဏီပါ။ မြန်မာ့ ရုပ်ရှင်ရဲ့ပထမဦးဆုံးဇာတ်ကား “မေတ္တာနဲ့သူရာ” ဇာတ်ကားကိုလည်း စပွန်ဆာ လုပ်ပေးခဲ့တဲ့အထဲလည်း ပါခဲ့ပါတယ်။

ပြောရရင်တော့ ဓာတ်ပုံတစ်ခုရဲ့တန်ဖိုးဟာ နှစ်ကြာလာလေလေ ခေတ်ဟောင်း ဓာတ်ပုံတွေဟာ တန်ဖိုးရှိလေလေပါပဲ။ ကျွန်တော်တို့က ဓာတ်ပုံတွေကို မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်ကို လှူဒါန်းထားတာတွေလည်း ရှိပါတယ်။ အေဝမ်းမိသားစုရဲ့ ဓာတ်ပုံတွေထဲမှာ “ရတနာပုံ” ရုပ်ရှင်ဇာတ်ကား ဇာတ်ဝင်ခန်းဓာတ်ပုံ၊ “ချစ်သက်ဝေ” ရုပ်ရှင်ဇာတ်ကား ဓာတ်ပုံတွေ၊ “မြဂနိုင်” ရုပ်ရှင်ဇာတ်ကားက ဓာတ်ပုံ တွေကတော့ အမှတ်တရအရှိခဲ့ဆုံး ဓာတ်ပုံတွေဖြစ်တယ်။ ဒါပေမဲ့ ဓာတ်ပုံတွေ တိုင်းကတော့ ကျွန်တော်တို့ အတွက်၊ အေဝမ်းမိသားစုအတွက် အမှတ်တရကနေ တန်ဖိုးရှိလာတဲ့ ဓာတ်ပုံတွေချည်းပါပဲ” လို့ အေဝမ်း ရုပ်ရှင်မိသားစုမှ ဒါရိုက်တာ အေဝမ်းသိန်းထွဋ်က ပြောပြပေးခဲ့ပါတယ်။ ဓာတ်ပုံတွေဆိုတာ ကိုယ့်တိုင်း ပြည်ကိုယ့်လူမျိုး၊ ကိုယ့်အကြောင်းသူ့ အကြောင်း၊ ကိုယ့်ယဉ်ကျေးမှု ထုံးတမ်း၊ သူ့ယဉ်ကျေးမှုထုံးတမ်းစတဲ့အကြောင်းအရာတွေ၊ မိမိတို့ ဖြတ် သန်းခဲ့တဲ့ ဘဝမှတ်တိုင်တွေရဲ့ ဝမ်းနည်းမှု၊ တမ်းတမှု၊ ပျော်ရွှင်မှုစတဲ့အကြောင်းအရာမျိုးစုံကို ထောက်ပြ ပြောပြနေတဲ့ ပုံပြောကောင်းသူတွေပဲ ဖြစ်ပါတယ်။

ထက်လူ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*