ကိုရီးယားနိုင်ငံမှာ မြန်မာပရိသတ်များနဲ့ တွေ့ဆုံပွဲပြုလုပ်မယ့် အောင်မင်းခန့်

ကိုရီးယားနိုင်ငံမှာ မြန်မာပရိသတ်များနဲ့ တွေ့ဆုံပွဲပြုလုပ်မယ့် အောင်မင်းခန့်
November 21, 2016 Asian Fame
ကိုရီးယားနိုင်ငံမှာ မြန်မာပရိသတ်များနဲ့ တွေ့ဆုံပွဲပြုလုပ်မယ့် အောင်မင်းခန့်

aung-min-khant

အခုနှစ် HAPPY NEW YEAR ကိုတော့ ကိုရီးယားနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာပရိသတ်များနဲ့ တွေ့ဆုံပွဲပြုလုပ်ပြီး HAPPY NEW YEAR ကို ဖြတ်သန်းမှာဖြစ်တယ်လို့ သရုပ်ဆောင် အောင်မင်းခန့်က ဆိုပါတယ်။

” ကိုရီးယားမှာရောက်နေကြတဲ့ မြန်မာပရိသတ်တွေက ကျွန်တော်နဲ့ တခြားအနုပညာရှင်တွေကို ဟိုမှာ တွေ့ဆုံပွဲလုပ်ဖို့ ဖိတ်ခေါ်ထားတယ်။ ဒါက ဟိုမှာရှိတဲ့မြန်မာတွေနဲ့ ကျွန်တော်တို့ အနုပညာရှင်တွေ ပျော်ပျော်ပါးပါး တွေ့ဆုံကြ တဲ့ပွဲလေးပါပဲ။ ကျွန်တော် အရင်တုန်းက Oversea သွားတယ်ဆိုတာ အလုပ်နဲ့ပဲ သွားခဲ့ ဖူးတာ။ အခုလို တွေ့ဆုံပွဲတော့ တစ်ခါမှ မသွားဖူးသေးဘူး။ ဒါက ကျွန်တော့်ရဲ့ First Experience ပေါ့။ ဒီပွဲမှာတော့ ကျွန်တော်နဲ့တွေ့ချင်တဲ့ ပရိသတ်တွေအားလုံး ကျွန်တော်နဲ့တွေ့ပြီးနောက်ပိုင်းမှာ တကယ်ပျော်ပျော်ရွှင်ရွှင်ဖြစ် သွားတာမျိုး ဖြစ်စေချင်တယ်။ ကျွန်တော်ကလည်း ကျွန်တော့်ကို အားပေးကြတဲ့ Oversea က ပရိသတ်တွေနဲ့ တွေ့ရမှာကို ရင်ခုန်နေပါတယ်။ တွေ့ဆုံပွဲမှာတော့ ထွေထွေထူးထူး လုပ်ဖို့တော့မရှိဘူး။ ပရိသတ်တွေလုပ်ပေးတဲ့ပွဲကို ဒင်နာတက်မယ်။ ပြီးရင် ပရိသတ်တွေနဲ့လျှောက်လည်မယ်။ အဓိကကတော့ Happy New Year ကို ပရိသတ်တွေနဲ့ ကိုရီးယားမှာ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းမယ်” လို့ တွေ့ဆုံပွဲနဲ့ပတ်သက်ပြီး အောင်မင်းခန့်က ပြောပြပါတယ်။ အောင်မင်းခန့်က ကိုရီးယားနိုင်ငံမှာ ၃၊ ၄ ရက် လောက် ကြာမြင့်မှာဖြစ်ပြီး အဲဒီမှာ သူလေ့လာသွားမယ့် အကြောင်းအရာများကိုလည်း ..

” ကျွန်တော်ကတော့ ကိုရီးယားမှာ ဘယ်လိုမျိုးလူနေထိုင်မှုစရိုက်ရှိလဲ၊ သူတို့ရဲ့ New Year ဖြတ်သန်းမှုက ဘယ်လိုမျိုးလဲ၊ ပြီးတော့ သူတို့ ရဲ့ဖက်ရှင်တွေနဲ့ အလုပ်အတွက်အများကြီး လေ့လာသွားဖို့ရှိပါတယ်။ အဓိကကတော့ ကိုယ်ကလည်း သရုပ်ဆောင် တစ်ယောက်ဖြစ်နေတာမို့ကိုရီးယားက သရုပ်ဆောင်တွေ ရဲ့ ရိုက်ကွင်းတွေက ဘယ်လိုမျိုး ရိုက်ကူးကြတာလဲ၊ ဘယ်လိုမျိုး ဆက်တင်တွေလုပ်ကြလဲ၊ စတူဒီယိုထဲမှာ ဘယ်လိုမျိုးရိုက်ကူးကြလဲဆိုတာကို အဓိကလေ့လာချင်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ- မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*