

ဗဟိုစာရင်းအင်းအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင်
မည်သူတွေက မည်သို့ပင်ဆိုနေကြစေကာမူ မစ္စတာဒေါ်နယ်ထရန့်သည် အမေရိကန်နိုင်ငံ၏ ၄၅ ဦးမြောက် သမ္မတအဖြစ် ရွေးချယ်ခံရသူ ဖြစ် လာချေပြီ။
ထို့အတွက် အမေရိကန်နိုင်ငံအတွက် သော်လည်းကောင်း၊ ပြည်ပနိုင်ငံများအတွက် သော်လည်းကောင်း၊ တစ်ကမ္ဘာလုံး အတွက်သော် လည်းကောင်း၊ မည်သို့ သော သက်ရောက်မှုများ ရှိလာနိုင်သည်ဆိုခြင်းနှင့်ပတ်သက်၍ စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဝါဝါမောင်၏အမြင်ကို တွေ့ဆုံမေးမြန်း၍တင်ပြလိုက်ရပါ သည်။
(၁) အမေရိကန်နိုင်ငံသည် လူ့အခွင့်အရေး ဆိုတာထက် သူ့နိုင်ငံ၏ အမျိုးသား အကျိုးစီးပွား ကိုပဲ ပြန်ကြည့်တော့မည်ဟု ယူဆပါသည်..
(၂) အမေရိကန်နိုင်ငံ၏ စီးပွားရေး ကျဆင်း နေမှု၊ အထူးသဖြင့် ကုန်ထုတ်စွမ်းအား (Productivity)
ကို ပြန်လည်အားကောင်းလာ အောင်ဆောင်ရွက်ပြီး ဖြေလျှော့မှုဆိုတာထက် အကာအကွယ်ပေးသည့် စနစ်ဘက်ကို ပိုယိမ်း တော့မည်..
(၃) ပြည်ပနိုင်ငံများအတွက် အသုံးစရိတ် (အကူအညီအထောက်အပံ့..စစ်အသုံးစရိတ်.. အပါအဝင်) လျှော့ချပြီး အခြေခံအဆောက်အအုံများ ပြန်ဆောက်လိမ့် မည်…ပြန်လည်တည် ဆောက်ရေး ပြန်လုပ်လိမ့်မည်…အမေရိကန်က သူများနိုင်ငံကို ကူနေသည့်အကူအညီကို လျှော့ချ ပြီး သူ့နိုင်ငံယိုယွင်းမှုကို ပြန်ကြည့် လိမ့်မည်ဟု ယူဆပါသည်..အသုံးစရိတ်များအား စိစစ်မည့် ပုံစံရှိသည်..
(၄) အမေရိကန်၏ ကမ္ဘာကြီးအပေါ် စိတ် ဝင်စားမှုထက် သူ့အမျိုးသား အကျိုးစီးပွားကို ဦးစားပေးပြီး ပြည်တွင်းရှေးရှုသည့် မဟာဗျူဟာ ( Inward Looking Strategy) ကို ပိုသုံးပါလိမ့် မည်….
(၅) နိုင်ငံရေးထက် စီးပွားရေးကို ပိုဇောင်း ပေးမည့် ပုံစံရသည်..ဖြစ်လာမဖြစ်လာဆိုသည် ကတော့ စောင့်ကြည့်ရပါလိမ့်မည်.. ကတိကဝတ် တွေကို ဖြည့် ဆည်းနိုင်ခြင်း..လုံလောက်သည့် ဖြည့်ဆည်းနိုင်မှု ရှိမရှိဆိုသည့် ဒီဂရီက သူဖွဲ့စည်း လိုက်သည့် အစိုးရအဖွဲ့၏ ဆောင်ရွက်နိုင်မှု (performance) နှင့် တွန်းအားေ ပးနိုင်မှုတို့အပေါ် မူတည်ပါသည်..
ထရမ့်ကို ဆန့်ကျင်သည့် စည်းရုံးလှုံ့ဆော်မှု တွေလည်း အများကြီးပေါ်ထွက်လျက်ရှိသည်..ကြိုက်သည် ဖြစ်စေ..မကြိုက်သည်..ဖြစ်စေ မည်သို့ပင်ဆိုစေ ကာ မူ.Democratic practice နှင့် principle ကို ကျင့်သုံးလျှင် အများစု၏ ရွေး ချယ်မှုကို လက်ခံကြရမည်ပင် ….လူတွေဟာ အလွန့်အလွန်ဖွင့်ပြီးသွားရင် ( too much open) ဖြစ်ပြီးရင်..တံခါးကို နည်းနည်းတော့ ပြန်စေ့ချင် ကြတာပဲလေ …ဒါလည်း သူ့နိုင်ငံ၏ အခြေ အနေ ( National Context) အရ ဖြစ်မှာပါ..သို့သော်လည်း တစ်ကမ္ဘာလုံးကို သက်ရောက်နိုင် သည့် ကိစ္စဆိုတော့…စိတ်ဝင်စားစရာပါ..
ဒေါက်တာဝါဝါမောင်
ညွှန်ကြားရေးမှူးချုပ်
ဗဟိုစာရင်းအင်းအဖွဲ့
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန