သင်္ကန်းလရာသီ တန်ဆောင်မုန်း

သင်္ကန်းလရာသီ တန်ဆောင်မုန်း
November 11, 2016 Asian Fame
သင်္ကန်းလရာသီ တန်ဆောင်မုန်း
In Dhamma Thoughts

%e1%81%80%e1%80%ab%e1%80%86%e1%80%ad%e1%80%af%e1%80%9e%e1%80%80%e1%81%a4%e1%80%94%e1%80%b9%e1%80%b8

တန်ဆောင်မုန်းလသည် ဆောင်းရာသီတွင် လဝက် ကျရောက်သည်ဖြစ်၍ မိုးနှောင်း ဆောင်းဦးကာလ သာယာ ကြည်နူးဖွယ်ရာ ကောင်းသော လရာသီဖြစ်သည်။ ဝါတွင်းကာလ စိုးမိုးခဲ့ သော မိုးဒေဝါ၏ နေရာတွင် ဆီးနှင်းများက ကြားဝင်နေရာယူ သော ကာလဖြစ်သည်။ တစ်ခါတစ်ရံ မိုးရွာသည်လည်း ရှိတတ်၍ နှင်းကျ လိုက်၊ မိုးရွာလိုက် ဖြစ်သည်။ ယေဘု ယျအားဖြင့် တန်ဆောင်မုန်း လတွင် မိုးအား တဖြည်းဖြည်းနည်းလာခဲ့ ခြင်းကြောင့်  မိုးအရှိန်တန့်သွားပြီး မိုးသံပင်မကြား ရတော့ပေ။ မိုးရိပ်မိုး သား တိမ်လိပ်များကိုလည်း မမြင်ရ တော့ဘဲ ကောင်းကင်ပြင်တစ်ခွင် ကြည်လင်နေပေသည်။ ရှုမြင်လိုက် သည့်နေရာတိုင်း နုပျိုလန်းဆန်းနေ သည်။

ထိုသို့ မိုးကင်းလွတ် သာယာလှ သည့် တန်ဆောင်မုန်းလတွင် ဘာသာရေးပွဲတော်နှင့်အတူ ပျော်ပွဲ ရွှင်ပွဲများစွာ ကျင်းပသည်။ ထူးကဲ သည့် သင်္ကန်းလရာသီဟု လည်း ဆို နိုင်သည်။ ကထိန်အလှူပွဲတော်၊ မသိုးသင်္ကန်းရက်လှူပွဲ၊ ပံ့သကူပစ်ပွဲ နှင့် ကြာသင်္ကန်း ကပ်လှူပွဲတို့ဖြစ် သည်။

“လှူကထိန်သင်္ကန်းနှင့် မဂ်လမ်းတဲ့ဆုပန်ရွယ်” ဟူသည့် အတိုင်း ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုး တို့သည် ကထိန်အလှူပွဲတော်ကို ရာသီပွဲတော်အဖြစ် အစဉ်အလာ မပျက် ကျင်းပကြသည်။ ယင်းပွဲတော် သည် လောကအကြောင်းနွှယ်သော လောကီပျော်ပွဲရွှင်ပွဲမဟုတ်ချေ။ သီတင်းကျွတ်မီးထွန်းပွဲတော်ပမာ ဗုဒ္ဓဘာသာမှ မီးရှူးသန့်စင် ဖွားမြင် ပေးလိုက်သော ဘာသာရေးပွဲတော် ကြီး ဖြစ်ပေသည်။

ကထိန်ပွဲတော်သည် ရှေး ဘုရှားရှင်တို့လက်ထက်တော်များ ကပင် ရှိခဲ့သည်။ ဂေါတမဘုရားရှင် လက်ထက်တော်၌ ကောသလ အနောက်ပိုင်း ပါဝေယျတိုင်း သား ဘဒ္ဒဝဂ္ဂီရဟန်း သုံးကျိပ်တို့ကို အကြောင်းပြု၍ ကထိန်ပေါ်လာခြင်း ဖြစ်သည်။ မြတ်စွာဘုရားရှင်သည် သာဝတÄိပြည်၌ သီတင်းသုံးနေတော် မူစဉ် ဘဒ္ဒဝဂ္ဂီရဟန်းတို့သည် ဘုရား ရှင်အား ဖူးမြော်ရန် ထွက်ခွာခဲ့ကြရာ လမ်းခရီး၌ သည်းထန်စွာရွာသွန်း သောမိုးနှင့် ကြုံကြရသည်။ ဘုရား ရှင် ရှေ့မှောက်ေ ရာက်ရှိသောအခါ ရဟန်းတို့သည် ရွှံ့ရေစိုရွှဲလျက်လာ ကြသည်ကို မဟာကရုဏာရှင် မြတ်ဘုရား သခင်မြင်လေလျှင် သနားတော်မူ၍ သာသနာ့ဝန်ထမ်း ရဟန်းများသည် (၁) အဓိဋ္ဌာန်တင် သင်္ကန်းသုံးထည်တို့တွင် တစ်ထည် ထည်ကိုထား၍ မပင်မပန်းပေါ့ပါး ရွှင်လန်းစွာ သွားနိုင်ကြပါစေ။ (၂) သင်္ကန်းပါးရှားနွ မ်းပါးခြင်းမှ ကင်း ကြပါစေစသော ရည်ရွယ်ချက်တို့ဖြင့် ရှေးဘုရားရှင်တို့၏ အစဉ်အလာ အတိုင်း ကထိန်ခင်းခြင်းကို ခွင့်ပြု တော်မူလိုက်ခြင်းကြောင့် ကထိန်ပွဲ တော်ဖြစ်လာသည်။  ဝဇီရဗုဒ္ဓိဋီကာ ဆရာ၏ ဖွင့်ဆိုထားချက်အရ မြတ် စွာဘုရားသခင် ၃၇ဝါကျော်၊ အဇာ တသတ်မင်း လက်ထက်၌ စတင်ပေါ် လာသည်ဟု သိရှိရသည်။

ကထိန်သင်္ကန်းအလှူသည် အခြားသောအလှူများကဲ့သို့ အချိန် မရွေး လှူဒါန်းနိုင်သောအလှူမျိုး မဟုတ်ဘဲ တစ်နှစ်တွင်တစ်လ၊ တစ် လတွင် တစ်ကြိမ်သာ အချိန်အခါ နှင့်ပြုရသော ကာလဒါနမျိုးဖြစ်သည့်  အပြင် ထူးခြားသော ဝိနည်းကံနှင့် အညီ လှူဒါန်းရသော အလှူဒါနဖြစ် သည်။

မသိုးသင်္ကန်းဆိုသည်မှာ သံဃာ တော်များကိုယ်တိုင် သင်္ကန်းများကို ချုပ်ဆိုးဝတ်ကြရသည့်ခေတ်က ကထိန်သင်္ကန်း၏ အမည်ထူးတစ်မျိုး ပင် ဖြစ်သည်။ ရဟန်းသံဃာများသည် ကထိန်ခင်းရန် လှူဒါန်းသည့်သင်္ကန်း ကို ညသိပ်သိမ်းဆည်းခြင်းမပြုဘဲ လှူဒါန်းသည့်နေ့ အရုဏ်မတက်မီ အတွင်း သင်္ကန်းအပ်နှင်းမှု၊ ချုပ်ဆိုးမှု များ ပြီးစီးအောင် လုပ်ဆောင်ကြရ သည်။ ဤသို့ကိစ္စအားလုံးကို နေ့ချင်း ပြီးအောင် လုပ်ဆောင်နိုင်သော သင်္ကန်းကို မသိုးသင်္ကန်းဟုခေါ် သည်။ ယခုခေတ်ကာလတွင် မြန်မာ တို့သည် မသိုးသင်္ကန်းရက်ပြိုင်ပွဲများ ကျင်းပကာ မြတ်စွာဘုရားအား ကပ် လှူပွဲ ကျင်းပကြသည်။ မသိုးသင်္ကန်း ရက် ပြိုင်ပွဲသည် ကုသိုလ်ရမှုတစ်ခု တည်းသာမက မြန်မာတို့၏ရိုးရာ ရက်ကန်းအတတ်ပညာ တိုးတက်ရေး၊ လုပ်အားပြိုင်ဆိုင်ရေးတို့ကို အားပေး သော ပွဲဖြစ်၍ လောက၊ ဓမ္မ နှစ်ဖက် လုံးကျေးဇူးရှိသော ရိုးရာအစဉ် အလာတစ်ခုအဖြစ်ကျင်းပလျက်ရှိ သည်။

တန်ဆောင်မုန်းလ၏ ပွဲတစ်ပွဲ အဖြစ် ယနေ့တိုင်ကျင်းပလျက်ရှိ သော ‘ပံ့သကူပစ်ပွဲ’ သည် လူစုလူ ဝေးများဖြင့် ထင်ထင်ရှားရှား ကျင်းပခြင်းမပြုဘဲ ညမှောင် ချိန်တွင် သင်္ကန်းစသည့် သံဃာ့အသုံး အဆောင်ပစ္စည်းများကို တိတ် တဆိတ်စွန့်ပစ်လှူဒါန်းသောပွဲဖြစ် သည်။ အခမ်းအနားဖြင့် ကျင်းပသော ပွဲမဟုတ်သော် လည်း ရှေးအခါက ပံ့သကူပစ်၍လှူဒါန်းသူ အလွန်ပေါ များခဲ့သည်။ ပံ့သကူပစ်ပွဲ သည် ဗုဒ္ဓဘာသာ၏ ကျင့်စဉ်ဓမ္မများ ဖြစ်သော ဓုတင် ၁၃ ပါးတွင် တစ်ပါး အပါအဝင်ဖြစ်သည့် ‘ပံ့သကူဓုတင်’ ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသော ပွဲဖြစ်သည်။

တန်ဆောင်မုန်းလသည် သင်္ကန်းရာသီဟုဆိုသည်နှင့်အညီ သင်္ကန်းကပ်လှူပွဲများသော ကာလ ဖြစ်သည်။ ရှေးအခါက တန်ဆောင် မုန်းလတွင် ကထိန်သင်္ကန်း၊ မသိုး သင်္ကန်း၊ ပံ့သကူသင်္ကန်းတို့အပြင် ကြာသင်္ကန်းကိုလည်း ကပ်လှူလေ့ရှိ ကြသည်။ ပိတ်သားပေါ်တွင် ရွှေ ရောင်စက္ကူ၊ ရွှေဝါရောင်ဖဲ၊ ကြာ ပွင့်ကြီးများထိုး၍   စေတီပုထိုးနှင့် ဆင်းတုတော်များတွင် ရစ်ပတ် လှူဒါန်းသည့် သင်္ကန်းများသည် ကြာ သင်္ကန်းပင်ဖြစ်သည်။ ရှမ်းပြည်ဘက် တွင် ရှေးခေတ် ရှမ်းဒါယကာကြီး များသည် ပဒုမ္မာကြာမှ ကြာမျှင်များ ကို ထုတ်ယူ၍ ကြာသင်္ကန်းအစစ် ရက်လုပ်ပြီးလျှင် ဘုရားအား ကပ်လှူ လေ့ရှိကြသည်ဟု ဆိုကြသည်။

ကြာသင်္ကန်းကပ်လှူပွဲသည် ဗုဒ္ဓစာပေလာ ရှေးအကြောင်းအရာ တစ်ခုကို အစွဲပြု၍ ဖြစ်ပေါ်လာသော ပွဲဖြစ်သည်။ မြန်မာဗုဒ္ဓဘာသာဝင်တို့ ၏ ကုသိုလ်ကောင်းမှု ယဉ်ကျေးမှု ဓလေ့တစ်ရပ်ကို ဖော်ညွှန်းလျက်ရှိ သည်။

ဗုဒ္ဓမြတ်စွာဘုရား၏ မာရ်ငါးပါး ကို အောင်မြင်တော်မူရာ၊ ဘုရား ဖြစ်တော်မူရာ မဟာဗောဓိပလ္လင် တည်ရာမြေအရပ်သည် သြကာသ လောကဓာတ် ကြီးဖြစ်ပေါ်သည့် အချိန်တွင် ရှေးဦးစွာပေါ်ရာမြေမြတ် မဟာဖြစ်သည်။ ထိုပလ္လင်တော်တည် ရာမြေအရပ်တွင် ကမ္ဘာ့ဗုဒ္ဓနိမိတ် အဖြစ် ပဒုမ္မာကြာရုံတစ်ရုံပေါက် လာသည်။ ယင်းကြာရုံ၌ပွင့်သော ကြာပန်းနှင့်အတူ သင်္ကန်းစသော ပရိက္ခရာရှစ်ပါး တစ်စုံစီပါရှိသည်ဟု ဆို၏။ ထိုကြာရုံတွင်

 (၁) ကြာပန်းတစ်ပွင့်ပွင့်လျှင် ဘုရားတစ်ဆူပွင့်မည့် ‘သာရကမ္ဘာ’
(၂) နှစ်ပွင့်ပွင့်လျှင် ဘုရား နှစ်ဆူပွင့်မည့် ‘မဏ္ဍကမ္ဘာ’
(၃) သုံးပွင့်ပွင့်လျှင် ဘုရားသုံး ဆူ ပွင့်မည့် ‘ဝရကမ္ဘာ’
(၄) လေးပွင့်ပွင့်လျှင် ဘုရား လေးဆူပွင့်မည့် ‘သာရမဏ္ဍကမ္ဘာ’
(၅) ငါးပွင့်ပွင့်လျှင် ဘုရားငါးဆူ ပွင့်မည့် ‘ဘဒ္ဒကမ္ဘာ’

ဟု သိရသည်။ ယင်းသို့ ကမ္ဘာ တည်စအခါတွင် သုဒ္ဓါဝါသဘုံမှ ဗြဟ္မာကြီးတို့သည် ကမ္ဘာ့ပုဗ္ဗနိမိတ်ကို ကြည့်ရှုရန် မဟာဗောဓိပလ္လင်တော် တည်ရာဌာနသို့ လာရောက်ကြသည်။ ဗြဟ္မာကြီးတို့သည် အပွင့်မပါသော ကြာရုံကိုတွေ့မြင်ကြရလျှင် “ကမ္ဘာ လောကကြီးကား အမိုက်မှောင်ကြီး ဖြစ်တော့မည်။ အပါယ်ဘုံများ စည်ကား၍ နတ်ပြည်၊ ဗြဟ္မာပြည်တို့ သွေ့ခြောက်ကြတော့မည်ဟု စိတ် မချမ်းမသာဖြစ်ကြကုန်၏။ အပွင့်ပါ သော ကြာရုံကိုတွေ့မြင်ကြရလျှင် “ဘုရားလောင်း ပဋိသန္ဓေနေသော အခါ၊ ဖွားမြင်တော်မူသောအခါ စကြဝဠာတစ်ခုလုံး တုန်လှုပ်ခြင်း စသည့် အံ့ဖွယ်ဘနန်းထူးဆန်းသော တန်ခိုးပြာဋိဟာတို့ကို တွေ့မြင် ရ တော့မည်။ နတ်ပြည်၊ ဗြဟ္မာ့ပြည်တို့ စည်ကား၍ အပါယ်လေးဘုံတို့ ခြောက်သွေ့ကြတော့မည်” ဟု ဝမ်းပန်းတသာ ဥဒါန်းကျူးရင့်ကြကာ ကြာပွင့်၌ပါရှိေ သာ သင်္ကန်းပရိက္ခရာ အစုံကို ယူဆောင်ပြီး ဗြဟ္မာ့ပြည်သို့ ပြန်ကြ၏။

ဇိနတ္တပကာသနီကျမ်း၊ ပဏ္ဍိတ ဝေဒနီယကျမ်းနှင့် နိုင်ငံတော် ဗုဒ္ဓ သာသန မဟာဗုဒ္ဓဝင်ကျမ်းတို့၌ အနော်မာမြစ်တစ်ဖက်ကမ်းတွင် သိဒ္ဓတ္တမင်းသားအား သဋိကာရ ဗြဟ္မာကြီး ဆက်ကပ်လှူဒါန်းသော သင်္ကန်းပရိက္ခရာအစုံသည် ကမ္ဘာဦး ကာလ သုဒ္ဓါဝါသဗြဟ္မာကြီးတို့ သိမ်း ဆည်းထားသည့် ပရိက္ခရာငါးစုံ အနက် စတုတ္တမြောက် ပရိက္ခရာ များ ဖြစ်သည်ဟု ဖွင့်ဆိုထားပေ သည်။

ဤကဲ့သို့ သုဒ္ဓါဝါသဗြဟ္မာကြီး များက မိမိတို့သိမ်းဆည်းထားသည့် ကမ္ဘာဦးကြာပွင့်ပါ သင်္ကန်းပရိက္ခရာ တို့ကို ဘုရားလောင်းအား လာရောက် ဆက်ကပ် လှူဒါန်းကြသည်။ နှောင်း ခေတ် မြန်မာဗုဒ္ဓဘာသာဝင်တို့ သည် ထိုဆန်းကြယ်သော အကြောင်း အရာကိုစွဲ၍ ကုသိုလ်ပြုသည့်အခါ ကြာသင်္ကန်းဟူသော အခေါ်အဝေါ် အတိုင်း အဓိပ္ပာယ်ပေါ်လွင်ထင်ရှား ရန် ရည်ရွယ်ကြသည်။ သို့ပါ၍ ပိတ်သားပေါ်တွင် ကြာပန်းခြင်းများ တန်ဆာဆင်ခြင်း၊ တကယ့်ကြာပွင့်မှ ကြာမျှင်တို့ဖြင့်ရက်လုပ်သည့် ကြာ သင်္ကန်းများဖြင့် ဘုရားအား ဆက် ကပ်လှူဒါန်းကြပေသည်။

မြတ်မင်းလှိုင်
ကိုးကား-
ဦးအေးနိုင် (ဘီအေ)
အစိုးရဓမ္မာစရိယနှင့် စေတိယင်္ဂဏ (ရွှေတံဆိပ်ရ အဋ္ဌကထာပြန်အကျော်)
ဓမ္မာစရိယ၏ ဆယ့်နှစ်လရာသီ မြန်မာ့ရိုးရာ ရာသီပွဲတော်များ
 

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*