မြန်မာနိုင်ငံမှာ ၈ဝ ရာခိုင်နှုန်း ရိုက်ကူးထားတာကြောင့် ကိုယ့်နိုင်ငံအတွက် ဂုဏ်ယူမိတယ် နေတိုး

မြန်မာနိုင်ငံမှာ ၈ဝ ရာခိုင်နှုန်း ရိုက်ကူးထားတာကြောင့် ကိုယ့်နိုင်ငံအတွက် ဂုဏ်ယူမိတယ် နေတိုး
November 10, 2016 Asian Fame
မြန်မာနိုင်ငံမှာ ၈ဝ ရာခိုင်နှုန်း ရိုက်ကူးထားတာကြောင့် ကိုယ့်နိုင်ငံအတွက် ဂုဏ်ယူမိတယ် နေတိုး
In Celebrities' News

 nay-toe-1-copy

ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ ပူးပေါင်းရိုက်ကူးတဲ့From Bangkok To Mandalay  ရုပ်ရှင်ဇာတ်ကားရဲ့ World Premiere Red Carpet Screening  ပြု လုပ် ခဲ့မှုအပေါ်ဒီဇာတ်ကားမှာပါဝင်သရုပ်ဆောင် တဲ့နေတိုးရဲ့အမြင်ကိုမေးတော့..

“ဒီဇာတ်ကားက နည်းနည်းလေး ထူး ထူးခြားခြားလည်း ရိုက်ကူးထားတယ်။ နိုင်ငံ ခြားက ဒါရိုက်တာတစ်ယောက်က သူတို့ နိုင်ငံမှာလုပ်တဲ့ပုံစံမျိုးလေး ဒီနိုင်ငံမှာ လည်း လုပ်ချင်တယ်တဲ့။ ဒီနိုင်ငံမှာလည်း အဲဒီလို ပုံစံမျိုး ကိုယ့်ရဲ့ ဇာတ်ကားကို ကိုယ်တွေ တန်ဖိုးထားပြီး ရိုက်ကူးခဲ့တယ်။ အနုပညာဆိုတာကလည်း အနု ပညာ ရှင်တွေ ကိုယ်တိုင်ကိုက တန်ဖိုးထားပြီး တည်ဆောက် နိုင်မှ ပရိသတ်ရဲ့ ယုံကြည်မှု ပို ပြီးရစေတယ်။ ဒီအပေါ်မှာ တော့ ဝမ်းသာပါတယ်။ သူတို့ ရဲ့ဇာတ်ကား ပရိုမိုးရှင်းလုပ်တဲ့ ပုံစံတွေကို မြင်တွေ့ရတယ်။ အွန်လိုင်းပေါ်မှာလည်း Song Track တွေ တင်ပေးတယ်။ ရုံမတင်ခင်ကတည်းက  ပရိ သတ်တွေ စိတ်ဝင်စားမှု ရှိနေ စေတယ်။ ပရိသတ်တွေအ တွက်ရော၊ အနုပညာရှင်တွေ အတွက်ရော၊ ရုပ်ရှင်အတွက် ရောကောင်းတဲ့ အလားအလာတစ်ခုလို့ မြင်ပါတယ်” လို့ ပြောပါ တယ်။

ဒီဇာတ်ကားကို ကြည့်တဲ့အချိန်မှာ မရိုက်ကူးခင် ဇာတ်လမ်းစပြီး ပေးဖတ်ကတည်းက သူစိတ်ကူးထားတဲ့ပုံစံ အတိုင်း ကွက်တိဖြစ်လာတဲ့အတွက်   ကျေနပ်အား ရမှုရှိ တယ်လို့လည်း နေတိုးက ဆိုပါတယ်။

“ဒီဇာတ်ကားကို အနုပညာရှင်တော်တော်များများ လာအားပေးကြတယ်။ ဒီဇာတ်ကားလေးက ရုပ်ရှင်ရဲ့အရသာ ပြန်ခံစားရတယ်လို့ပြောကြ တယ်။ နောက် တစ်ခုက ဒီဇာတ် ကားလေးကမြန်မာအကြိုက်ဇာတ်ကားတွေမှာရှိတဲ့ တင်ပြ ပုံမျိုးတော့မဟုတ်ဘူး။ မြန်မာမင်းသားတွေပါတယ်။ အတတ် နိုင်ဆုံး အိုက်တင်လုပ်တဲ့ ပုံစံတွေပြောင်းထားတယ်။ နည်း နည်းလေး သဘာဝဆန်တဲ့ဘက်ကို ဦးစားပေးပြီး သရုပ် ဆောင်ထားတယ်ဆိုတော့ နိုင်ငံတကာက ကြည့်မယ်ဆို လည်း အဆင်ပြေနိုင်မယ့် အိုက်တင်တွေပါတယ်။ မြန်မာ နိုင်ငံမှာပဲ ၈ဝ ရာခိုင်နှုန်း ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်တဲ့ အတွက် ကိုယ့်နိုင်ငံအတွက်လည်း ဂုဏ်ယူမိ ပါတယ်” လို့ ပြောပါတယ်။

ခိုင်ဝေလွင်၊ ဓာတ်ပုံ-အောင်ဇော်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*