ဇော်ဝင်းထွဋ် နဲ့ ရော့ခ်ကာတွေရဲ့ ဆေးပေါင်းခကြမယ့်ည

ဇော်ဝင်းထွဋ် နဲ့ ရော့ခ်ကာတွေရဲ့ ဆေးပေါင်းခကြမယ့်ည
November 10, 2016 Asian Fame
ဇော်ဝင်းထွဋ် နဲ့ ရော့ခ်ကာတွေရဲ့ ဆေးပေါင်းခကြမယ့်ည
In Music

zaw-win-htut

ဇော်ဝင်းထွဋ်နဲ့အတူ ရော့ခ်ကာများစွာ ပါဝင်မယ့် ဆေးပေါင်းခတဲ့ည Rock Show ကို တန်ဆောင်မုန်းလပြည့်နေ့ဖြစ်တဲ့ နိုဝင်ဘာလ ၁၄ ရက်နေ့ညမှာ ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။ Galaxy Rock Night လို့ အမည်ပေးထားတဲ့ ဒီပွဲမှာတော့ ဇော်ဝင်းထွဋ်နဲ့အတူ ဂျီလတ်၊ လှိုင်ဦးမော်၊ ဝေလတို့က ပါဝင်ကြမှာဖြစ်ပြီး No U Turn နဲ့ ASH Band တို့ကလည်း Guest Band အဖြစ် ပါဝင်သီဆိုကြမယ်လို့ သိရပါတယ်။ ဒီပွဲကိုတော့ Galaxy Gate Entertainment က စီစဉ်တာဖြစ်ပြီး ကန်တော်ကြီးမျှော်စင်ကျွန်းမှာ ကျင်းပမယ်လို့ သိရပါတယ်။

” ကျွန်တော်တို့ Galaxy Gate Entertainment က ကျင်းပပြုလုပ်မယ့် “ဆေးပေါင်းခတဲ့” Galaxy Rock Night Show ဟာ အသက်ဝင်လာပါပြီ။ ပါဝင်တဲ့ အနုပညာရှင်တွေဖြစ်ကြတဲ့ ဇော်ဝင်းထွဋ်၊ လှိုင်ဦးမော်၊ ဂျီလတ်၊ ဝေလ တို့ရဲ့ သီဆို ဖျော်ဖြေမှုများကို အပြည့်အဝခံစားကြရမှာ ဖြစ်ပါတယ်။ ထူးခြားတဲ့ Stage Design, Lighting Design တွေက အမျိုးတွေအားလုံးကို စိတ်ကျေနပ်မှုအပြည့်အဝရစေမယ့်ပွဲကြီးတစ်ပွဲ ဖြစ်လာမယ်လို့ အာမခံပါတယ်” လို့ ဒီပွဲကိုစီစဉ်တဲ့ Galaxy Gate Entertainment မှ တာဝန်ရှိသူတွေက ပြောပါတယ်။

Galaxy Rock Night “ဆေးပေါင်းခတဲ့ည” ဂီတပွဲရဲ့ လက်မှတ်တွေကို တော့တစ်စောင်ကို ၁၁ဝဝဝကျပ် သတ်မှတ်ထားပြီး လက်မှတ်တွေကိုတော့ City Mart ဆိုင်ခွဲများ၊ ဥခနညေ တာမွေ၊ Ocean 9 Miles နဲ့ 1876 Hot Line Epic Bar 09- 25 5863839, 09- 974 999 709 တို့မှာ ဝယ်ယူရရှိနိုင်ကြောင်း သိရပါတယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*