အနန္တောအနန္တ (၅)ပါးနဲ့ ပရိသတ်ကိုကန်တော့ပြီးမှဇာတ်ကလေ့ရှိတဲ့ဝင်းနောင်

အနန္တောအနန္တ (၅)ပါးနဲ့ ပရိသတ်ကိုကန်တော့ပြီးမှဇာတ်ကလေ့ရှိတဲ့ဝင်းနောင်
November 8, 2016 Asian Fame
အနန္တောအနန္တ (၅)ပါးနဲ့ ပရိသတ်ကိုကန်တော့ပြီးမှဇာတ်ကလေ့ရှိတဲ့ဝင်းနောင်
In Dhamma Thoughts

win-naung-2-copy

ဘာသာရေးနဲ့ ပတ်သက်လို့ အနုပညာ ရှင်တွေ နေ့စဉ်လုပ်ဆောင်လေ့ရှိတဲ့ ဘာသာရေးအကြောင်းအရာများကို အပတ်စဉ်ဖော်ပြလေ့ရှိခဲ့ပါတယ်။ ဒါကြောင့် အခုတစ်ပတ်မှာလည်း အောင်မြင်ကျော်ကြားတဲ့ ဇာတ် မင်းသားတစ်ဦးဖြစ်တဲ့ ဝင်း နောင်ရဲ့ ဘာသာရေး သက် ဝင်ယုံကြည်မှုနဲ့ နေ့စဉ်ပြုလုပ် လေ့ရှိတဲ့ ဘာသာရေးလုပ် ဆောင်မှုများကို ပရိသတ် တွေသိရှိစေနိုင်ဖို့အတွက် မေးမြန်းဖော်ပြပေးလိုက် ရပါတယ်။

အနန္တောအနန္တ (၅) ပါးနဲ့ ပရိသတ်ကို ကန်တော့

ကျွန်တော်ပွဲသွားခါနီး ဆိုရင်အိမ် မှာ အနန္တောအနန္တ (၅) ပါးကို ကန်တော့ တယ်။ ပြီးရင် ပရိသတ်ကို ကန်တော့တယ်။ အဲဒီတော့ အနန္တောအနန္တ (၆) ပါးဖြစ် သွားတယ်။ ပြီးရင်မေမေ့ကိုကန်တော့တယ်။ မေမေ့ကိုကန် တော့ပြီး ကျွန်တော်ကားပေါ်တက်လိုက် တာနဲ့ ဇာတ်ခုံပေါ်မရောက်မချင်း သရဏဂုံ တည်တယ်။ ဇာတ်ကိုရာက်ရင် ဇာတ်ခုံပေါ် တက်ပြီဆိုတာနဲ့ သရဏဂုံထပ်တည်တယ်။ ပြီး တော့ ကျွန်တော့် အဝတ်လဲခန်းထဲ ရောက်တာနဲ့ နေ့စဉ်ပြု လုပ် နေကျဖြစ်တဲ့ မြတ် စွာဘုရားကို ရေလှူတယ်။ ရေလှူရတဲ့အကျိုးအားကြောင့် ကျွန်တော့် ဇာတ် ပွဲလာ ကြည့်သူတွေ၊ လာမကြည့်သူတွေ၊ အနန္တစကြဝဠာမှာရှိတဲ့ လူနတ်သတ္တဝါ အပေါင်း ဘေးအန္တရာယ်ကင်းရှင်းပြီးတော့ ထာဝရအေးချမ်းသာယာကြပါစေလို့ ဆုတောင်း တယ်။ ဒါကတော့ ကျွန်တော်နေ့စဉ် ပြုလုပ်တာ တွေပါ။

ခင်ပွန်းကြီး (၁ဝ) ပါး မပြစ်မှား ဖို့ပဲ အရေး ကြီး တယ်

ကျွန်တော် ခရီးသွားတိုင်း နမောတဿ ၃ ကြိမ်ရွတ် တယ်။ ပြီးရင်သရဏဂုံတည်တယ်။ သမ္မုဒ္ဓေ အမြဲရွတ်တယ်။ ဒါကတော့ ဇာတ်ပွဲ မစခင်တစ်ကြိမ်၊ ဇာတ်ပွဲပြီးရင် တစ်ကြိမ် ရွတ်တယ်။ ကျွန်တော်နဲ့ အတူ ကျွန်တော့်အဖွဲ့သားတွေ လည်း ရွတ်တယ်။ ကျွန်တော်ကတဲ့ ဇာတ်ထုပ်တွေကအစ ဘာသာရေး အော်ပရာေ တွ ဖြစ် တယ်။ ကျွန်တော်က သမိုင်း တွေဘာတွေ မကဘူး။ ဘုရားဟော ဒေသနာတော်တွေပဲ ကတာများတယ်။ တခြားအနုပညာရှင်တွေကပဲ ကျွန်တော့် ဇာတ်ထဲကို   ပြောင်းလာပြောင်း လာ၊ ကျွန်တော့် အထဲကပဲ တခြားအနုပညာအဖွဲ့ကိုပြောင်းသွားပြောင်းသွား ကျွန်တော် တို့ နေ့စဉ်လုပ်နေတဲ့ ဘာသာရေးကတော့   ပြောင်းမသွားပါဘူး။ ဘုရားကန်တော့ရမယ်၊ ကြီးသူကိုရိုသေ၊ ငယ်သူကိုလေးစားရမယ်။ ကျွန်တော့် ဇာတ်ထဲမှာ စည်းကမ်းရယ်လို့ သတ်မှတ်မထားဘူး။ ဘာသာရေးနဲ့ပဲ ကျွန်တော်ထိန်းချုပ်ထားတယ်။ ခင်ပွန်းကြီး(၁ဝ)ပါး မပြစ်မှားဖို့ပဲ အရေးကြီးတယ်။

ယုံယုံကြည်ကြည်နဲ့ ဘာသာရေးကို လုပ်ရမယ်

ကျွန်တော်တို့ သဘင်သမား တွေအတွက် ကတော့အနန္တောအနန္တ(၅)ပါးပြီးရင် ပရိသတ် ပါပဲ။ အဲဒီတော့ အနန္တောအနန္တ (၆)ပါးပေါ့။ အဲဒါကတော့ ကျွန်တော်တို့ ယုံကြည်တယ်။ ယုံကြည်မှုဟာ စွမ်းအား တစ်ခုဖြစ်ပါတယ်။ ပရိသတ်အပေါ်မှာ ယုံယုံကြည်ကြည်နဲ့ ကပြဖျော်ဖြေနေရင်း ကိုယ့်လုပ်ငန်းကို လုပ်နေမယ်ဆိုရင် ဘယ် တော့မှ မတိမ်ကောဘူး။ ဘဝမှာ ဂုဏ်သိက္ခာရှိရှိနဲ့ ရပ်တည်နေနိုင်တယ်။ အတိတ်က ပြုလုပ်တဲ့ ကံကတော့ ကိုယ်လည်း မသိဘူးလေ။ ကောင်းတာတွေ လုပ်နေရမှာ တော့ ကိုယ့်တာဝန်ပဲ။ ငါတို့ လည်း ကြိုးစားတာပဲ။ ဒါပေမဲ့ မောင်ဖြူလောက် တော့ နာမည်မကြီးဘူး ကွာဆိုပြီး စိတ် ဓာတ် ကျစရာမလိုဘူး။ ကံကံ၏အကျိုးကို ယုံကြည်ထားရင် ဒါကိုလက်ခံရမယ်။ အောင် မြင်တာ၊ မအောင်မြင်တာ ကျွန်တော်တို့ အပိုင်း မဟုတ်ပါ ဘူး။

  ဗုဒ္ဓဘာသာဖြစ်တဲ့ အတွက် အလုပ် လုပ်ရမှာ က ကျွန်တော် တို့အပိုင်းပဲ။ ဘာမျှော်လင့်ချက်မှမပါဘဲ ယုံယုံကြည်ကြည်နဲ့ ဘာသာ ရေးကို လုပ်ရမှာပါ။ “ငါတို့ဘာ သာရေးလည်း လုပ်တယ်၊ အလုပ် လည်း ကြိုးစားပေမယ့် အဆင်မ ပြေဘူးလို့” ညည်းကြတယ်။ အဲဒါ အတိတ်က ဘာတွေ လုပ်ခဲ့မှန်းမှ မသိတာ။ မျှော်လင့်ချက်နဲ့ ဘာသာ ရေးကို မလုပ်သင့်ပါဘူး။ တကယ့်ကို ယုံယုံကြည်ကြည်နဲ့လုပ်ရမှာပါ။

လင်းအက္ခရာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*