သူမကလေးအပေါ် စောင့်ရှောက်တဲ့ နည်းစနစ်တွေကို ဝေမျှသွားတဲ့Han Chae Young

သူမကလေးအပေါ် စောင့်ရှောက်တဲ့ နည်းစနစ်တွေကို ဝေမျှသွားတဲ့Han Chae Young
November 8, 2016 Asian Fame
သူမကလေးအပေါ် စောင့်ရှောက်တဲ့ နည်းစနစ်တွေကို ဝေမျှသွားတဲ့Han Chae Young
In International

u1345p28t3d3999158f326dt20130830171932

အောက်တိုဘာလ ၃ဝရက်နေ့ က ထုတ်လွှင့်လိုက်တဲ့ “Section TV”   အစီအစဉ်မှာ မင်းသမီး ဟန် ချယ်ယောင်း (Han Chae Young)  ဟာ ကလေးအပေါ် သူမရဲ့ စောင့် ရှောက်ပုံ စောင့်ရှောက်နည်း အပြင် သားလေးအကြောင်းကို အနည်းငယ် ပြောပြသွားခဲ့တယ်။

“သားလေးက တအားကို ငယ် သေးတဲ့အတွက် လွတ်လွတ်လပ် လပ်ပဲ ကြီးပြင်းစေချင်ပါတယ်။ ကျောင်းစာ တစ်ခုတည်းကို မလုပ် ခိုင်းဘဲ ကစားတာကိုလည်း အချိန် ပေးထားပါတယ်။ အခုဆို သား လေးက မူကြိုကိုတောင် တက်နေ ပါပြီ။ သားလေးက စကားတတ်တော့ တအားချစ်ဖို့ကောင်းတယ်။ သူက ဒိုင်နိုဆောတွေကို တအားကြိုက်ပြီး အကုန်မှတ်ထားတယ်။ တစ်ခါတလေ သူမ ဒိုင်နိုဆော နာမည် မှား ဖြေမိရင် သားလေးရဲ့ အဆူခံထိ တယ်တဲ့။ သူမ ကြိုးကြိုးစားစား ဒိုင်နိုဆော နာမည်တွေကို ကျက်နေရ ပါတယ်” လို့ ပြောခဲ့ပါတယ်။

မင်းသမီး ဟန်ချယ်ယောင်း (Han Chae Young) က သူမ ယော က်ျားဟာ နားလည်မှုရှိပြီး ကြင်နာ တတ်တာကြောင့် သားလေးကို ကူပြီး ထိန်းပေးပါတယ်။

ကလေးက အဖေနဲ့ တရင်းတနှီးရှိပြီး အဖေကိုပိုခင်တွယ် တာကြောင့် တစ်ခါတလေဆို ယောကျာ်းကိုတောင် မနာလို ဖြစ်မိပါ တယ် လို့ ရယ်မောရင်း ဖြေခဲ့ ပါတယ်။  မင်းသမီး ဟန်ချယ်ယောင်း (Han Chae Young)  ဟာ Autumn in My Heart , Delightful Girl Choon-Hyang , Only You , Fireworks , Boys Over Flowers , A Man Called God နဲ့ Pretty Man  အစရှိတဲ့ ဇာတ်ကားတွေနဲ့ အောင် မြင်ခဲ့သူပါ။

၂ဝ၁၄ခုနှစ် နောက်ပိုင်းမှာ တရုတ် ဇာတ်လမ်းတွဲတွေကို ရိုက်ကူး နေတာကြောင့် ကိုရီးယား ဇာတ်ကား များနဲ့ အလှမ်းဝေးခဲ့ပြီး အောက် တိုဘာလ နောက် ဆုံးအပတ်မှ ကိုရီး ယား အစီအစဉ် ဖြစ်တဲ့ “Section TV” မှာပါဝင်ခဲ့တာပါ။

 

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*