သား Lawrence Htwar Kyaw ကို မြန်မာကျောင်း မှာလည်း ပညာသင်ခိုင်းမှာပါ ဆုပန်ထွာ

သား Lawrence Htwar Kyaw ကို မြန်မာကျောင်း မှာလည်း ပညာသင်ခိုင်းမှာပါ ဆုပန်ထွာ
November 8, 2016 Asian Fame
သား Lawrence Htwar Kyaw ကို မြန်မာကျောင်း မှာလည်း ပညာသင်ခိုင်းမှာပါ ဆုပန်ထွာ
In Celebrities' News

su-pan-htwar-1ကိုဥက္ကာကျော်နဲ့ ဆုပန်ထွာ တို့ ရဲ့ သားလေးကို ချစ်စနိုးနဲ့ Roar Roar Kyaw  လို့ခေါ်ပြီး နာမည်ရင်း ကိုတော့  Lawrence Htwar Kyaw  လို့ ပေးထား ပါတယ်။ ဒီနာမည်လေး ပေးဖြစ်ပုံကိုတော့ ဆုပန်ထွာ က..

“ကလေး မရခင် ကတည်းက ကိုဥက္ကာက Roar Roar Kyaw  ဆိုပြီးပေးမယ်တဲ့။ Roar Roar  ဆိုတာ ခြင်္သေ့ဟိန်းဟောက်တဲ့ အသံပေါ့။ မိန်းကလေး ပဲဖြစ်ဖြစ်၊ ယောက်ျားလေး ပဲဖြစ်ဖြစ် ဒီနာမည် လေးက အဆင်ပြေတယ်။ ယောက်ျား လေးဆိုတော့ ပိုအဆင်ပြေတာပေါ့။ အိမ် နာမည် ချစ်စနိုး ခေါ်မယ်ပေါ့။ ဒါပေမဲ့ သူ နဂို ကတည်း ကလည်း ပြောပါတယ်။ ယောက်ျားလေးမွေး လို့ရှိရင် အမေရိကက သူ့အစ်ကို၊ အစ်ကို အရင်းလိုပဲ။ သူနဲ့ ငယ်ငယ် လေးကတည်းက ခင်တဲ့ အစ်ကိုရှိ တယ်။ ကိုမျိုးလွင်၊ နာမည်က Lawrence ပါတယ်။ သူ့အစ်ကို နာမည်ကို သူပေးမယ် ဆိုပြီး ပြောထားပြီးသား။ သားသားလေး မွေးတော့ Lawrence က သူ့အစ်ကို နာမည်၊ Htwar  က အစ်မ နာမည်။ နောက်ဆုံးနာမည် ကတော့ သူ့ နာမည်လေး ပေးထားတာပါ”လို့ နာမည်နဲ့ ပတ်သက်ပြီး ပြောပြပါ တယ်။

သားလေး Roar Roar Kyaw ကို စက်တင်ဘာလ  ၁၅ ရက် နေ့က မွေးဖွားခဲ့ပြီး အခု ဆိုရင်တော့ တစ် လခွဲခန့် ရှိနေပြီ ဖြစ်ပါတယ်။ သား ဖြစ်သူကျောင်းတက်တဲ့ အရွယ် ရောက် လာတဲ့အခါ မှာတော့ မြန်မာ စာသင် ကျောင်းမှာလည်း ပညာသင်ဖို့ စိတ်ကူး ရှိကြောင်းကို ဆုပန်ထွာ က..

“ကိုဥက္ကာက TTC ကျောင်း သားဆိုတော့ သူ့သားကို TTC မှာ ထားချင်တယ်။ ဘာကြောင့်လဲဆို တော့ မြန်မာလို သေချာတတ်ရမယ်။ အစ်မတို့ မြန်မာ စာသင်ကျောင်းတွေ က ဘုရားစာသင်မယ်။ ကြိမ်လုံး လေးနဲ့ ရိုက်ခံရမယ်။ မြန်မာ သူ ငယ်ချင်းတွေ ရှိကို ရှိရမယ်။ သူ့ သားကို မြန်မာဆန် စေချင်တာ။ ငယ် တဲ့အချိန်မှာ TTC ပဲထားမယ်။ ကလေး ကြီးလာတော့မှ ဘိုကျောင်း ပြောင်းထားမယ်။ နိုင်ငံခြားမှာ ထား ရင်ထားမယ်။ သူကတော့ အဲဒီလို Plan  လေးထားတယ်။ အစ်မက တော့ သူ ပြောတဲ့ အတိုင်းပဲ လုပ်မှာ ပါ။ အစ်မ က သိပ် မစဉ်းစား တတ်ဘူး။ သူက ကြိုစဉ်းစား ထားတာတွေ များတယ်” လို့ပြောပါတယ်။

ခိုင်ဝေလွင်  

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*