ဗိုက်ပူ သံခေါင်း

ဗိုက်ပူ သံခေါင်း
November 8, 2016 Asian Fame
ဗိုက်ပူ သံခေါင်း
In Articles

akyitawကားတစ်မျိုး၊ သိပ် အမြင်ကတ်ဖို့ ကောင်းတယ်။ ကားတွေကလည်း အိုမင်းနေပြီ။ မောင်းချင်တာ ကလည်း သူတို့အပြင် နှစ်စီးမရှိဘူး။ လမ်းပေါ် ဂျက်လေ ယာဉ်မောင်းရတာ ကျနေတာ။

“ဂီးဂီး၊ ဂါးဂါး” ငယ်သံပေးလို့ ပြေးနေတာ။

လမ်းပေါ်မှာ ကားမောင်းတဲ့သူ တိုင်း သူတို့ကိုလှောင်တယ်။

အဲ…မဖြစ်မနေ အဲ့ဒီကားပဲ စီးရတဲ့သူတွေတော့လည်း တစ်မျိုး ပေါ့။ တချို့ကျတော့လည်း အဲဒီကား စုတ်တွေနဲ့ပဲ ကပ်လိုက်ချင် သူတွေ ရှိ သေး။

အချောင်သမားတွေ၊ ခါးပိုက် နှိုက်တွေမျိုးပေါ့။

တော်ရုံလူတွေကတော့ လှည့်ကို မကြည့်ချင်ကြဘူး။ မတတ်သာလို့ သာ ကြည့်နေကြရတာမျိုးလည်း ရှိ တာပေါ့။

အမှန်တော့ ကားက လိပ် လောက်တောင် သွားတာမဟုတ်ဘူး။ ဒါကိုပဲ လီဗာခုတ်နင်း၊ ဂီယာခွထိုးပြီး ဖုန်အလိမ်းလိမ်း၊ မီးခိုးအပိန်းပိန်းနဲ့ ဒိုးနေကြတာ။ သွားလေရာ

ဆူညံနေ တဲ့အပြင် စည်းကမ်းမရှိတာကျ ညီ တယ်။

မှတ်တိုင် တစ်ခု ရောက်ရင် ကျောက်ချပြီး လူဘယ်လောက် “သွားပါတော့” ပြောလည်း မသွား ဘူး။ ဘယ်လောက် အမြင်ကတ်ကတ် မသွားဘူး။

“ထွက်ကြပါတော့ဗျာ”

ပြောလည်း မထွက်ဘူး။

ခရီးသည်တွေ ကလည်း ဘယ် ခရီးမှ မရောက်လို့ အော်ကြပြီ။ ခပ်တည်တည်ပဲ မျက်နှာပြောင်နဲ့ကို ကျောက်ချနေတာ။ ဘယ်လိုမှ မတတ်နိုင် လို့  ခရီး ဆက်ရမယ်ဆို

လည်း ညီတယ်။ အားလုံးတစ်ပြိုင် တည်း လိပ်လိုဒိုးကြတာ။

ဒိုးတာတောင် အကောင်း မဟုတ်ဘူး။ ဟိုလူ့ပွတ် ဆွဲမလို၊ ဒီလူ့ ဝင်တိုက်မလို တစ်ခါတစ်ခါ လူမိုက် ဆန်ဆန် ခေါင်း တည်ထား တာကရှိ သေး။

“မင်းသတ္တိ ရှိရင် မင်းတိုက်လေ။ ငါတို့က ပျက်ပြီးသားပဲ။ ထပ်ပျက် လည်း ဘာကိစ္စမှမရှိဘူး” ဆိုတဲ့ အထာကလုပ်သေး။

မှန်တာပေါ့။ သူတို့က ပျက်ပြီး သားမို့ အကြောင်းမရှိပေမယ့် ကိုယ် ချင်းစာလေ။ ဟိုမှာ သူခေါင်းတည် ထားတာ အကောင်းကြီး ရှိနေသေး တာ။ ဘယ်အပျက်ခံနိုင်ပါ့မလဲ။

အဆိုးဆုံးက သူတို့သာ ဘယ် လောက်မှ မသွားတာ၊ သူများတွေ ကျော်တက်မယ် ဆိုရင်လည်း မကြိုက် ချင်ဘူး။ ဘော်ဒီဝိတ် ကကြီးတော့ အရှေ့က ကာဆီးကာဆီး

လုပ်နေ တော့တာ။

“ဖယ်ပေးပါ” ဆိုလည်း မဖယ် ပေးချင်ဘူး။ “ထွက်ပါ။ ထွက်ကြပါ” ဆိုတော့လည်း မထွက်ကြဘူး။ လမ်း ပေါ် မျက်နှာပြောင် နဲ့ ပေရပ်နေ ကြ တာ။

ဘာဖြစ်လဲဆိုတော့။

“ပြည်သူလူထု အနှောင့်အယှက် ဖြစ်တာပေါ့”

ဟော… အခုကားလမ်းတွေ ကောင်းလာ၊ ကားတွေလည်း ကောင်းလာတော့ လူတွေက သူတို့ကို မသုံးတော့ဘူး။ ပယ်ပြီ။

တခြားကား ပြောင်းစီးကြပြီ။ သူတို့လူလည်း မရတော့ဘူး။

ဘယ်ရမလဲ၊ အကျင့်မှ မကောင်း ကြတာ။

ကိုယ်မောင်းရစဉ် အချိန်က စွတ်မောင်း၊ ရပ်ချင်တဲ့နေရာရပ်၊ ခရီးသွားကို အလေးမထား။ ဒါတွေ ကို အမြင်ကတ်လို့ လူမသုံးတော့ တာ ပေါ့။

အောင်မယ်။ ဒါတောင် မလျှော့ သေးဘူး။ ပြေးလမ်းပေါ် ကျော်ချင် ခွချင်သေးတာ။ လူမုန်းများတော့ အရင်ကလောက်တော့ အချိုးမပြေ သိပ် မရှိတော့ဘူး။

ကားစုတ်ကြီးထဲက ခေါင်းပြူ၊ လက်ကလေးတစ်ချောင်း ထုတ်ပြီး…

“အစ်ကိုရေ၊ ကြားဖြတ်လေး တစ်စီးလောက်”

“ကြားဖြတ်လေး တစ်စီးလောက် ပေးပါအစ်ကို”

“အစ်မကြီးရေ… ကြားဖြတ် လေး ဝင်ပါရစေနော့”

အော်နေတာ။ အော်နေတာ။ ဗိုက်ပူကြီးတွေ။ သံဘော်ဒီကြီးတွေ၊ သံခေါင်းကြီးတွေနဲ့။ ရလိုရငြား လေး…။

အကြည်တော်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*