Pre Wedding ဓာတ်ပုံတွေနဲ့အတူ ဇနီးလောင်းလေးကို ထုတ်ကြွားလိုက်ပြီ Cho Tae Kwan

Pre Wedding ဓာတ်ပုံတွေနဲ့အတူ ဇနီးလောင်းလေးကို ထုတ်ကြွားလိုက်ပြီ Cho Tae Kwan
November 7, 2016 Asian Fame
Pre Wedding ဓာတ်ပုံတွေနဲ့အတူ ဇနီးလောင်းလေးကို ထုတ်ကြွားလိုက်ပြီ Cho Tae Kwan
In International

misc_1477974052_c3

“Descendants of the Sun”  မှာ ပရိသတ်တွေကို ဆွဲဆောင်မှု ရှိရှိ ဖမ်းစားနိုင်ခဲ့တဲ့ ဆရာဝန်လေးDaniel  က နိုဝင်ဘာလ ၁၉ရက် မှာ မင်္ဂလာ ဆောင်တော့မှာပါ။ မင်းသား ချိုဒယ် ဂွန် (Jasper Cho, Cho Tae Kwan)  ဟာ အောက်တိုဘာလ နောက်ဆုံးပတ် ကပဲ သတို့သမီးလောင်းလေးNoh Hye Ri  နဲ့အတူ ရိုက်ကူးထားတဲ့ Pre- wedding ပုံတွေကို ပရိသတ်ထံ ချပြလိုက်ပါတယ်။ မင်းသား ချိုဒယ်ဂွန်(Jasper Cho, Cho Tae Kwan) က အလုပ်အတွက် အင်္ဂလန်ကို သွား ရောက်စဉ် သတို့သမီးလောင်းနဲ့ တွေ့ ခဲ့ပြီး ချစ်သက်တမ်း တစ်နှစ်အကြာ မှာတော့လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

Wedding ပုံတွေရဲ့ အသွင် အပြင်က Descendants of the Sun  ဇာတ်ကားထဲက နောက်ဆုံးအပိုင်းမှာ အတိုင်း ယူထားပါတယ်။နောက်ဆုံး အပိုင်းမှာDaniel  ရဲ့ မင်္ဂလာပွဲကို သွားတဲ့အခန်းပါဝင်ပေမယ့်Daniel နဲ့ သူရဲ့ ဇနီးလောင်းလေးကို မဖော်ပြခဲ့ ပါဘူး။ အခုတော့ မင်းသား ချိုဒယ်ဂွန် (Jasper Cho, Cho Tae Kwan)  ကိုယ်တိုင် ဖော်ထုတ်လိုက်ပါပြီ။ သူတို့ နှစ်ယောက်ကို ကြည့်ရတာ လိုက်ဖက် လွန်းလို့ သူတို့အတွက် ကံကောင်းပါ စေလို့ ပြောချင်ပါတယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*