၂ ဝ ၁ ၇ မှာ မင်္ဂလာပွဲကျင်းပမယ့် ဟန်ဇာမိုးဝင်း

၂ ဝ ၁ ၇ မှာ မင်္ဂလာပွဲကျင်းပမယ့် ဟန်ဇာမိုးဝင်း
November 7, 2016 Asian Fame
၂ ဝ ၁ ၇ မှာ မင်္ဂလာပွဲကျင်းပမယ့် ဟန်ဇာမိုးဝင်း
In Celebrities' News, Slider

hanzarmoewin-2

ဟန်ဇာမိုးဝင်းကချစ်သူ လမင်းမိုမိုသာနဲ့အတူ ၂ဝ၁၇မှာ မင်္ဂလာပွဲကျင်းပသွားမယ်လို့ သိရပါတယ်။ မင်္ဂလာပွဲကိုတော့ နှစ်ပွဲကျင်းပသွားမှာဖြစ်ပြီး ဘုန်းကြီးကျောင်းမှာမင်္ဂလာဦး ဆွမ်းကျွေးပြုလုပ်မှာဖြစ်ကာ ညနေပိုင်းမှာတော့ မင်္ဂလာညစာ စားပွဲပြုလုပ်သွားမှာဖြစ်တယ်လို့ ဟန်ဇာမိုးဝင်းက ပြောပါတယ်။

” ကျွန်တော်တို့နှစ်ယောက်တိုင်ပင်ထားတာက မင်္ဂလာဦးဆွမ်းကျွေးရှိမယ်။ ပြီးရင်ခင်မင်တဲ့သူတွေနဲ့ ဒင်နာလုပ်မယ်။ ဧည့်ခံပွဲကြီးမလုပ်တော့ဘူး။ ကျွန်တော်တို့ အပင်ပန်း မခံနိုင် လို့ပါ။ ဖိတ်တဲ့အခါလည်း ဟိုလူကျန်ခဲ့၊ ဒီလူကျန်ခဲ့လည်း မကောင်းဘူး။ နှစ်ပွဲပဲလုပ်မယ်လို့ စဉ်းစားထားတယ်။ ရန်ကုန်မှာပဲ လုပ်မှာပါ။ ပွဲကိုရိုးရိုးရှင်းရှင်းလေးပဲလုပ်ချင်တယ်။ ပျော်ပျော်ရွှင်ရွှင်လေးနဲ့ အေးအေးချမ်းချမ်းလေး ပဲသွားမယ်။ ပြီးတော့မှ လှူစရာရှိတာကိုလှူမယ်လေ” လို့ မင်္ဂလာ ပွဲနဲ့ပတ်သက်ပြီး ဟန်ဇာမိုးဝင်းက ပြောပါတယ်။ ဟန်ဇာမိုးဝင်းက အခုလက်ရှိမှာတော့ ရန်ကုန်ပွဲခွင်တွေကပြဖို့ ပြင်ဆင်နေပြီဖြစ်ကာနိုဝင်ဘာလ ၂၃ရက်နေ့မှ စတင်ကာ တောက်လျှောက်ကပြသွားမှာဖြစ်ပါတယ်။

လင်းအက္ခရာ
ဓာတ်ပုံ-အောင်ကျော်မိုး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*