ဇော်ဝင်းထွဋ် နဲ့ ရော့ခ်ကာတွေ ရဲ့ ဆေးပေါင်းခကြမယ့် ည

ဇော်ဝင်းထွဋ် နဲ့ ရော့ခ်ကာတွေ ရဲ့ ဆေးပေါင်းခကြမယ့် ည
November 7, 2016 Asian Fame
ဇော်ဝင်းထွဋ် နဲ့ ရော့ခ်ကာတွေ ရဲ့ ဆေးပေါင်းခကြမယ့် ည
In Music

zaw-win-htutဇော်ဝင်းထွဋ် နဲ့ အတူ ရော့ခ်ကာ များစွာ ပါဝင်မယ့် ဆေးပေါင်းခတဲ့ည  Rock Show  ကို တန်ဆောင်မုန်း လပြည့်နေ့ဖြစ်တဲ့ နိုဝင်ဘာလ ၁၄ ရက်နေ့ည မှာ ကျင်းပပြုလုပ်မယ် လို့ သိရပါတယ်။ Galaxy Rock Night လို့ အမည်ပေးထားတဲ့ ဒီပွဲမှာတော့ ဇော်ဝင်းထွဋ် နဲ့အတူ ဂျီလတ်၊ လှိုင်ဦးမော်၊ ဝေလတို့က ပါဝင်ကြမှာဖြစ်ပြီး No U Turn နဲ့ ASH Band တို့ကလည်း Guest Band အဖြစ် ပါဝင် သီဆို ကြမယ်လို့ သိရပါ တယ်။ ဒီပွဲကိုတော့  Galaxy Gate Entertainment က စီစဉ်တာ ဖြစ်ပြီး ကန်တော်ကြီးမျှော်စင် ကျွန်းမှာ  သိရပါတယ်။

“ကျွန်တော်တို့ Galaxy Gate Entertainment  က ကျင်းပပြုလုပ်မယ့် “ဆေးပေါင်းခတဲ့” Galaxy Rock Night Show ဟာ အသက် ဝင်လာပါပြီ။ ပါဝင် တဲ့ အနုပညာရှင်တွေ ဖြစ်ကြတဲ့ ဇော်ဝင်း ထွဋ်၊ လှိုင်ဦးမော်၊ ဂျီလတ်၊ ဝေလ တို့ရဲ့ သီဆို ဖျော်ဖြေမှု များကို အပြည့်အဝ ခံစားကြရမှာ ဖြစ်ပါတယ်။ ထူးခြားတဲ့ Stage Design, Lighting Design  တွေက အမျိုးတွေ အားလုံးကို စိတ်ကျေနပ်မှု အပြည့်အဝ ရ စေမယ့် ပွဲကြီးတစ်ပွဲ ဖြစ်လာ မယ်လို့ အာမခံပါတယ်” လို့ ဒီပွဲကိုစီစဉ်တဲ့ Galaxy Gate Entertainment မှ တာဝန်ရှိသူတွေက ပြော ပါတယ်။ Galaxy Rock Night “ဆေးပေါင်း ခတဲ့ည” ဂီတပွဲရဲ့ လက်မှတ်တွေကို တော့ တစ်စောင်ကို ၁၁ဝဝဝကျပ် သတ်မှတ် ထားပြီး လက်မှတ်တွေကို တော့ City Mart ဆိုင်ခွဲ များ၊ Ocean တာမွေ၊ Ocean 9 Miles နဲ့ 1876 Hot Line၊  Epic Bar  09- 25 5863839, 09- 974 999 709 တို့မှာ ဝယ်ယူရရှိနိုင်ကြောင်း သိရပါတယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*