အသက်အပိုင်းအခြားအရ လူတွေအကြောင်းပိုသိလာသူဖူးစုံ

အသက်အပိုင်းအခြားအရ လူတွေအကြောင်းပိုသိလာသူဖူးစုံ
November 7, 2016 Asian Fame
အသက်အပိုင်းအခြားအရ လူတွေအကြောင်းပိုသိလာသူဖူးစုံ
In Celebrities' News

  phuesone-copy

သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဖူးစုံတစ်ယောက် နောက်ပိုင်းမှာ အနုပညာလှုပ်ရှားမှုဆိုလို့ နှင်းဆီအဖွဲ့နဲ့ အငြိမ့်ကတာလောက် ပဲတွေ့ရပြီး သူမသရုပ်ဆောင်မှုတွေ သိပ်မတွေ့ရတော့တာ ပရိသတ်တွေသတိထားမိ ကြမှာပါ။ ဒါကြောင့်ဖူးစုံနဲ့တွေ့တုန်း အနုပညာေ လာကမှာ ပျောက်နေရတဲ့ အကြောင်းလေးကို မေးဖြစ်တဲ့အခါ

“ဟုတ်ပါတယ်။ ကျွန်မကိုအဲဒီလိုပြောကြတယ်။ပြီးခဲ့တဲ့နှစ်ကတော့ ရုပ်သံစီးရီး၂ခုလောက် ရိုက်ကူးထားတာ အပြင် ဇာတ်ကားလေးေ တွ နည်းနည်းလျော့ပါတယ်။ ဒီနှစ်မှာတော့ ၂လပိုင်းကို သြစတြေးလျသွားတယ်။ ၅လပိုင်းတစ်လလုံးနားတယ်။ ၆လပိုင်းကနေေ တာက်လျှောက် ရုပ်သံစီးရီး တွေ ရိုက်ကူးဖြစ်ပါတယ်။ စီးရီးရိုက်ကူးရင်းနဲ့ ကျွန်မ ဒါရိုက်တာမိုက်တီး ရိုက်ကူးတဲ့ ‘ရိုက်စား’ ရုပ်ရှင်ဇာတ် ကားကြီး မှာ သရုပ်ဆောင်ထားသေးတယ်။ ပြီးတော့ အပြင်ဗီဒီယိုဇာတ်ကားလေးတွေ ရိုက်ကူးဖြစ်ပါတယ်။အခုတော့ MRTV ကနေ ‘သူ’ ဆိုတဲ့စီးရီးလေးလွှင့်နေပါတယ်။ ပြီးတဲ့အခါကျတော့MRTVကနေ စနေနေ့ဆို ‘အရာရာတိုင်းထက်’ ဆိုတဲ့ စီးရီးလေးလွှင့်နေပါ တယ်။ နောက်ပိုင်းတွေတော့ တောက်လျှောက် ပရိသတ်ရှေ့မှာ မြင် တာစိပ်လာမယ်လို့မျှော်လင့်ပါတယ်” လို့ သူမကပြောပါ တယ်။

ဖူးစုံဆိုရင် ဟိုးသရုပ်ဆောင် မင်းသမီးအငယ် ကနေ မင်းသမီးအလတ် အရွယ်လောက်ရောက်လာ ခဲ့ပြီဆိုတော့ ဖြတ်သန်းလာတဲ့ ကာလတစ်လျှောက် ဘာတွေ ကွာခြားသွားပြီလဲလို့ မေးဖြစ်ပြန်တဲ့အခါ “ဘာတွေကွာခြားသွားပြီလဲဆိုရင် ပေါင်းသင်း ဆက်ဆံရေးေ တာ့ ကွာခြားသွားပါပြီ။ အရင် တုန်းကဆို ပေါင်းသင်းဆက်ဆံရေးက ခြောက်ကပ်တယ်။ အဲဒါတွေတော့ကွာခြား သွားပါပြီ။ အလုပ် သဘောမှာရှိတဲ့ လူ တွေအကြောင်းပိုပြီးတော့သိလာတဲ့ အပိုင်းတွေ ရှိပါတယ်။ အဲဒါတွေကတော့ အသက်အပိုင်းအခြားအရ အဓိကအ ပိုင်းအခြားအရ ကွာလာတဲ့အခြေခံ အကြောင်းတွေပေါ့” လို့ ဖူးစုံက ဆက် လက်ပြောပါတယ်။

၂ဝ၁၇ အတွက် ကြိုတင်စီစဉ်ထား တဲ့ Plan  တွေရှိနေပြီလားလို့ ဖူးစုံကို ဆက်လက်မေးဖြစ်တဲ့အခါ “၂ဝ၁၇ မှာ ထူးထူးခြားခြား Plan  ဆွဲထားတာတော့မရှိ ပါဘူး။ ၂ဝ၁၆မှာလုပ်ထားတဲ့အလုပ်တွေရဲ့result  ကို၂ဝ၁၇ခုနှစ်မှာသိရမယ်။ပြီးတော့ ကျွန်မဒီနှစ်ပိုင်းမှာ ကြိုးကြိုးစားစားလုပ် ထားတဲ့ ဇာတ်ကားလေးတွေကို ပရိသတ်ကို ၂ဝ၁၇ မှာချပြလို့ရှိရင်ဘယ်လို Feed Back လေးတွေရမလဲဆို တာရင်ခုန်ရပါတယ်” လို့ ပြောပြခဲ့ပါတယ်။

သတင်း၊ဓာတ်ပုံ-မျိုးမောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*