သီချင်းသစ်နဲ့အတူ Application အသစ်ကိုပါမိတ်ဆက်တော့မယ့် အမွန်း

သီချင်းသစ်နဲ့အတူ Application အသစ်ကိုပါမိတ်ဆက်တော့မယ့် အမွန်း
November 7, 2016 Asian Fame
သီချင်းသစ်နဲ့အတူ Application အသစ်ကိုပါမိတ်ဆက်တော့မယ့် အမွန်း
In Music

amoon-copy

အဆိုတော်အမွန်းက နိုဝင်ဘာ လထဲမှာ အနုပညာနဲ့ ပတ်သက်လို့ ရော၊ သူမရဲ့ ကိုယ်ပိုင်အမှတ်အသား တစ်ခုအနေနဲ့ရော၊ ပရိသတ် ကို မိတ် ဆက် ဖို့ရှိပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ အမွန်းဘာတွေ မိတ် ဆက်မှာ လဲဆိုတာ မေးမြန်းဖြစ်ခဲ့ပြန်ပါတယ်။

“မကြာမီမှာ အမွန်းရဲ့ သီချင်းသစ် ‘I’m Sorry’ ထွက်လာဖို့ရှိပါ တယ်။ အဲဒီသီချင်းလေးနဲ့အတူ အမွန်းရဲ့ Application လေးကို လည်း Launch  လုပ်ဖို့ရှိပါတယ်။ အမွန်းဆိုတဲ့ App  ပေါ့။ အဲဒီမှာ အမွန်းရဲ့ သီချင်းတွေ၊ အမွန်းရဲ့ အနုပညာလှုပ်ရှားမှုတွေ၊ ပုံတွေ အားလုံး တစ်နေရာတည်းမှာ ရှိနိုင်အောင် အမွန်းရဲ့ App ဆိုပြီးလုပ်ထားပါ တယ်။ အဲဒါလေးကိုလည်း မကြာမီ ထွက်လာဖို့ရှိပါတယ်” လို့ အမွန်းက ပြောပါတယ်။

အမွန်းရဲ့ Application  ကို Launch့  လုပ်မယ်ဆိုတော့ ဒါဟာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ ဒီ Application  ကို ဘယ်လို အသုံးပြုရ မှာလဲလို့ ဆက်လက်မေး တဲ့အခါ

“Escape Up ဆိုတဲ့ Application ကနေ ပြီးတော့မှ အနုပညာရှင်တွေသုံးတဲ့ Application ကိုထုတ်ပေးပါတယ်။ အဲဒီထဲကနေ မှ အမွန်းဆိုတဲ့ App ဆိုပြီးထွက်လာမှာပါ။Free Download  ပါ။Download  ဆွဲပြီးတော့မှ ပရိသတ်တွေက အမွန်းရဲ့ လှုပ်ရှားမှုတွေကို
တွေ့ရမှာပါ။ သီချင်းတွေအကုန်လုံးလည်း အမွန်း တင်ထားပေးသွားပါမယ်။ အဲဒါက နိုဝင်ဘာလထဲမှာ ထွက်လာမှာပါ။ ‘I’m Sorry ရယ်၊ အဲဒီ App  လေးရယ်ပေါ့” လို့ အမွန်းက ပြောပါ တယ်။ အမွန်းကိုကြည့်ရတာ အမြဲတမ်းFresh  ဖြစ်ပြီး ကိုယ့် ကိုယ်ကိုယ် ယုံကြည်မှုလည်း ရှိတဲ့ပုံပါ။ အနုပညာအလုပ်တွေကို လည်း အမြဲတမ်းရှေ့ကို ဆက်လက်သွားချင်နေတဲ့ ပုံစံပါပဲ။ အဲဒီလိုပုံစံဖြစ်အောင် အမွန်းအနေနဲ့ ဘယ်လိုလေ့ကျင့်ယူရလဲ ဆိုတာနဲ့ စိတ်ဖိစီးမှုတွေအတွက် ဘယ်လိုဖြေလျှော့လဲလို့ မေးတဲ့အခါ

“အဓိကကတော့ အမွန်း Positive Thinking  ဆိုတဲ့ အကျင့်လေးကို အမွန်းမွေးထားပါတယ်။ Stress   တွေ တအားများလာတဲ့ လက္ခဏာကအမွန်း Negative  ကို တွေးတာများ လို့ပါ။ အလုပ်များလာတဲ့အခါကျတော့Stress  ကလိုက် လာတယ်။ ဒါပေမဲ့ အဲဒီအခါ မှာ ကိုယ်ကNegative   နဲ့တုံ့ပြန်မလား။Positive  နဲ့ တုံ့ပြန်မလားမေးလိုက်တယ်။ အမွန်းအလုပ်ကို Focus ဖြတ်နိုင် အောင်ကြိုး စားတယ်။ ပြီးရင် လိုအပ်ရင်လိုအပ်သလို အမွန်းရဲ့ Calendar  ထဲမှာ တစ်လကို ၄ရက်လောက်ဖယ်ထားတယ်။ အဲဒီအချိန်မှာ အမွန်း
တတ်နိုင်သလောက်အလုပ်မလုပ်ဘူး။ အဲဒီနည်းနဲ့ အမွန်း Stress ကို ဖျောက်ပါတယ်” လို့ ပြောပါတယ်။

မကြာမီ နှစ်ကုန်ပိုင်းလည်း ရောက်တော့မှာဆိုတော့ နှစ်သစ်မှာ ဘယ်လို Plan  တွေဆွဲထားလဲလို့ မေးတဲ့အခါ သီချင်းအသစ်တွေ ထွက်မယ်။ သူမ သရုပ်ဆောင်ထားတဲ့ ‘ဒုဋ္ဌဝတီကိုလွန်၍’ဇာတ်ကားအတွက်လည်း ရင်ခုန်မယ်။ မျှော်လင့်မယ်လို့ ပြောပြခဲ့ပါ တယ်။

မျိုးမောင်
ဓာတ်ပုံ-မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*