နင်ဇီမေ ပြင်ဆင်နေတဲ့ တစ်ကိုယ်တော် စီးရီးအကြောင်း

နင်ဇီမေ ပြင်ဆင်နေတဲ့ တစ်ကိုယ်တော် စီးရီးအကြောင်း
November 7, 2016 Asian Fame
နင်ဇီမေ ပြင်ဆင်နေတဲ့ တစ်ကိုယ်တော် စီးရီးအကြောင်း
In Music

 nin-si-may-1-copy

Myanmar Idol  က အဆိုရှင် နင်ဇီမေက ရဲလေးရဲ့ ‘အောင်မြင်ခြင်း ခရီးစဉ်’ စီးရီးမှာ စုံတွဲသီချင်းတစ်ပုဒ် ပါဝင်သီ ဆိုထားပါတယ်။ Myanmar Idol ပြိုင်ပွဲကတစ်ဆင့် ပရိ သတ် သတိထားအာရုံစိုက်မှုကို ရရှိလာတဲ့ နင်ဇီမေ က သူမရဲ့ တစ်ကိုယ်တော် စီးရီးသစ်အ တွက်လည်း ပြင်ဆင်နေပြီလို့ သိရ ပါတယ်။

“ပြိုင်ပွဲပြီးကတည်းက  လောလော ဆယ် အတွဲစီးရီးထဲမှာSingle  သီချင်းတစ်ပုဒ်ပဲ ထွက်ထားရ သေးတယ်။ ညီမရဲ့Solo Album  ကတော့ ထွက်ရှိလာမှာပါ။ ဒါပေမဲ့ ထွက်မယ့်အချိန် ကို ပရိသတ်တွေ တအားမျှော်နေ ရမှာ စိုးတဲ့အ တွက် အချိန်ကို တော့ အတိအကျ
မပြော နိုင်သေးဘူးပေါ့။ ဒါပေမဲ့ အမြန်ဆုံး ဖြစ် အောင်တော့ ကြိုးစား နေပါတယ်။ တစ်ကိုယ် တော် လုပ်ရင်တော့ သီချင်းဟောင်းတွေ   ပြန်ဆိုမှာ မဟုတ်ပါ ဘူး။ သီချင်းအသစ်တွေ နဲ့  ပုံစံအသစ်တွေပဲ ဖြစ် မှာပါ။ ပြိုင်ပွဲတုန်းက ညီမကိုသိထားတဲ့ ပုံစံ အပြင် ညီမလုပ်ချင် တဲ့၊ ပရိသတ်လည်း ကြိုက်မယ့် ပုံစံလေးတွေကိုလုပ်သွားမှာပါ” လို့ နင်ဇီမေက ပြောပါတယ်။

“ကိုယ့်သီချင်းမဟုတ်တဲ့ ကိုယ့် စီနီ ယာတွေရဲ့ သီချင်းကိုဆိုတဲ့အခါ သူတို့ကို မလေးစားရာကျမှာလည်း စိုးတယ်။ ညီမ အတွဲစီးရီးမှာ ပါဖူးတဲ့ သီချင်းလေးတွေ အပြင် ပရိသတ်တွေ တောင်းတဲ့အခါမှာ လည်း တခြား သီချင်းတွေ ဆိုပြဖြစ်ပါတယ်။ ဒါပေမဲ့ဒီသီချင်းတွေ ကိုလည်း ခွင့်ပြုချက်နဲ့ပဲ ဆိုဖြစ်ပါတယ်” လို့ နင်ဇီမေ က ပြောပြီး သူမရဲ့ ပြင်ဆင်နေတဲ့ တစ်ကိုယ်တော်စီးရီး မှာတော့ သူမကိုယ်တိုင်ေ ရးထားတဲ့ သီချင်း တွေလည်း ပါဝင်နိုင်ဖို့စီစဉ်နေပြီးသူ့အရေး အသားအပေါ် အားမရသေးတဲ့အတွက် ထည့်ဖြစ်၊ မထည့်ဖြစ်တော့   သေချာမပြော နိုင်သေး ဘူးလို့ ဆိုပါတယ်။

ရဲရဲ
ဓာတ်ပုံ-အောင်ဇော်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*