လင်းသော်တာ

လင်းသော်တာ
November 4, 2016 Asian Fame
လင်းသော်တာ
In Articles

linthawdarတနင်္ဂနွေ ကျောင်းပိတ်ရက် ဖြစ်သည်။ လင်းသော်တာလေး သည် Kidz Zone ကာတွန်း ဂျာနယ်ထဲ တွင် လက်ဆောင် ပါလာသော အရုပ် ကလေးတွေကို စိတ်ရှည်လက် ရှည် ထိုင်ဆက်နေသည်။ လင်းသော် တာ၏ မေမေက သင်ပျူး ဖျာကလေးကို ခင်း ပေးထားသည်။ ယခုနှစ်တွင် ပထမတန်းကို တက်ရသော လင်း သော်တာ လေးမူကြိုမှာ တစ်နှစ်နေခဲ့ ရသဖြင့် အရုပ် ဆက်ရသော ကစား နည်း ကို တော်တော် သဘော ကျနေ သည်။ အိမ်မှာကတည်းက ကလေး ဟူ၍ လင်းသော်တာလေး တစ် ယောက်တည်းသာ ရှိလေရာ လင်းသော်တာလေး မှာ တစ်ယောက် တည်းဆော့ကစားရသော ကစားနည်း တွေကို သဘောကျစွာ ဆော့ကစားနေရသည်။

“ဖေဖေ ဒီနားက လက်ကလေး  ပျောက်နေလို့ လင်းလင်းကို ရှာပေး ဦး”

လင်းသော်တာလေး ဆော့နေ သော နေရာနှင့် မလှမ်းမကမ်း တွင် သတင်းစာ ထိုင်ဖတ်နေသော သူက လေး ၏ ဖေဖေကို လင်းသော် တာ လေးက စစ်ကူတောင်းသည်။ ဖေ ဖေက လှမ်းကြည့် လိုက်ပြီး လင်း သော်တာ ရှာနေသော လက်ကလေး ကို တွေ့တော့ ထိုင်ရာ ကနေ လှမ်း ပြောသည်။

“လက်ကလေး ရှိတယ်လေ သမီး။ ဖေဖေတောင် ဒီကနေ မြင်နေ ရတာ”

“လင်းလင်းမတွေ့လို့။ ဖေဖေ ရှာပေးပါဦး”

“သမီးရှေ့မှာရှိနေတာပဲ လင်း လင်းရဲ့။ သမီးက တွေ့အောင်ရှာ ပေါ့”

“ဟင် ဖေဖေကလည်း လင်း လင်းရှာလို့ မတွေ့ပါဘူးဆို”

 ဖေဖေက ရယ်သည်။ လင်း သော်တာလေးက ထလာပြီး ဖေဖေ့ လက်ကို ဆွဲခေါ်သည်။

“သမီးစဉ်းစားကြည့်စမ်း။ လက် ကလေးက သမီးမတွေ့အောင် ပုန်း နေတာလေ။ သမီးက တွေ့အောင် ရှာလိုက်ပေါ့။ တူတူပုန်းတမ်း ကစား နေတာလို့ မှတ်လိုက်လေသမီး။ လင်း လင်းက တွေ့အောင်ရှာနိုင်တယ်ဆို ပြီး ရှာလိုက်ပေါ့။ တူတူပုန်းတမ်းက စားရင် ကိုယ် တိုင်တွေ့အောင်ရှာရ တယ်လေ။ သမီးက တော်ပါတယ်။ လက်ကလေးပုန်းနေတာ ရှာပြလိုက် စမ်းသမီး။

 “လင်းလင်းရှာနိုင်ပါတယ်”

“ဟုတ်တယ်လေ လက်ကလေး က ဘယ်လောက်ပုန်းနိုင်မှာလဲ။ သမီးရှာနိုင်တယ်ဆိုတာ သူ့ကို ပြလိုက်”

လင်းသော်တာလေးသင်ဖျူးဖျာ ပေါ်ပြန်ထိုင်လိုက်သည်။ အရုပ်ဆက် ကလေးတွေကို တစ်ခုချင်းကောက် ကိုင်ကြည့်သည်။

“ဖေဖေ သမီးခြေထောက်တစ် ဖက်တွေ့ပြီ။ ခြေထောက်အရင်တပ် လိုက်မယ်နော်”

 ဖေဖေသဘောကျစွာရယ် သည်။

“ခြေထောက် အရင်တပ်လည်း ရတာပဲ သမီးရဲ့။ လင်းလင်း က ခြေ ထောက် ကို ခြေထောက်နေရာ မှာ တပ်ဖို့ပဲ လိုတာ။ လက်နေရာ မှာ ခြေ ထောက်တပ်လို့မရဘူးနော်”

 “လင်းလင်းသိပါတယ် ဖေဖေ ရဲ့”

လင်းသော်တာလေး က မကျေနပ်သည့် အသံဖြင့် ဖြေလိုက်သည်။ ခြေထောက်ကလေး ကိုလည်း ခြေ ထောက်နေရာ တွင် တပ်လိုက် သည်။ လင်းသော်တာလေး ကို လှမ်းအကဲ ခတ်နေသော ဖေဖေက သဘောကျ စွာ ပြုံးလိုက်သည်။

“လင်းလင်းက လက်ကို အရင် တပ်ချင်တာ။ လက်ကလေးက ပုန်း နေတော့နေပေါ့”

လင်းသော်တာလေးစကား ကြောင့် ဖေဖေက သဘောကျစွာ ရယ်လိုက်ပြီး သတင်းစာကို ဖတ်နေ လိုက်သည်။

“ဖေဖေ ဒီမှာကြည့်”

ဖေဖေက သတင်းစာထဲ စိတ် ဝင်စားနေတော့ လင်းသော်တာလေး ပြောတာကို မကြားလိုက်ပေ။ လင်း သော်တာလေးက ဖေဖေ့ကို လှမ်း ကြည့် ပြီး ထလာသည်။

“ဖေဖေ ဒီမှာကြည့်ပါဆို”

လက်ကို ဆွဲပြီး စိတ်မရှည်စွာ ပြောလိုက်သည့် လင်းသော်တာလေး ကို ဖေဖေက ထူးလိုက်ရသည်။ လက် ကို ဆွဲတင်နေ သဖြင့် ဖေဖေ လည်း ထိုင်ခုံပေါ်က ထလိုက်ရသည်။

“လင်းလင်းအရုပ်ဆက်လို့ပြီး သွားပြီလား”

“မပြီးသေးဘူးဖေဖေ။ လက်က လေးက ပုန်းနေတုန်း”

“ဖေဖေက ရှာပေးရတော့မှာ ပေါ့။ လင်းလင်းက မရှာနိုင်တော့ဘူး ပေါ့”

“လင်းလင်းရှာနိုင်ပါတယ်။ တွေ့အောင်ရှာပြမယ်”

“ဖေဖေ့သမီးလင်းလင်းက တော်ပါတယ်။ တွေ့အောင်ရှာပြလိုက် သမီး”

လင်းသော်တာက ဖေဖေ့လက် ကို ဆွဲပြီး တံခါးအပြင်ဘက်ကို လက် ညှိုးထိုးပြ လိုက်သည်။ အဝတ်လှမ်း စင်ပေါ်တွင် လွှား၍ လှမ်း ထားသော မျက်နှာသုတ်ပဝါကို စာကလေးတွေ က အမွေးနုတ်နေတာကို တွေ့ရ သည်။

“စာကလေးတွေက တစ်ဘက် ကို ဖျက်ဆီးနေကြတာဖေဖေ”

စာကလေးတွေက တစ်ဘက်မှာ ထွက်နေသော အမွေးတွေကို နှုတ် သီးဖြင့် ဆွဲထုတ်နေသည်။ ဆွဲနုတ်၍ ထွက်လာသော အမွေးတွေ ကို နှုတ် သီးအရင်းကို ပို့ပြီးစုထားသည်။ နောက်ထပ် အမွေးတွေကို ဆက် နုတ်သည်။

“စာကလေးတွေက တစ်ဘက် က အမွေးတွေကို နုတ်ယူနေကြတာ လင်းလင်းရဲ့”

“သူတို့ လင်းလင်း တို့တဘက် ကို ဖျက်ဆီးနေတာဖေဖေ။ သူတို့ကို ခဲနဲ့ထုပစ်လိုက်လေ။ တုတ်နဲ့ ရိုက်ပစ် လိုက်ဖေဖေ”

 ဖေဖေကလင်းသော်တာလေးရဲ့ ခေါင်းကို ပွတ်လိုက်သည်။

“လင်းလင်း ညဆို မချမ်းဘူး လားသမီး”

“ချမ်းတယ်လေ။ မချမ်းအောင် လို့ မေမေက အနွေးထည်ဝတ်ပေး တယ်။ စောင်ခြုံပေးတယ်လေ။ စာက လေးတွေကို ခဲနဲ့ထု လိုက်တော့လေ ဖေဖေ”

 နှုတ်သီးထဲတွင် စုထားသော အမွေးတွေ တော်တော်ကလေးရ တော့ စာကလေးပျံထွက်သွားသည်။

“စာကလေးပျံသွားပြီ။ ဖေဖေ ကလည်း ခဲနဲ့ထုပါဆို”

 “စာကလေးဘယ်ကို ပျံသွား တာလဲ သမီး”

“ဟိုး ပုံးထဲကို ပျံသွားတာ”

လင်းသော်တာလေးက စာက လေးတွေ အတွက် ပြုလုပ်ပေးထား သော သစ်သား အိမ်ကလေးကို လက် ညှိုးထိုးပြသည်။

“အဲဒါ စာကလေးတွေ ရဲ့အိမ် ပေါ့ သမီးရဲ့။ အဲဒီ အိမ်ကလေးထဲ မှာ စာကလေးတွေ ရဲ့ ကလေး ရှိချင် ရှိမှာ ပေါ့။ သားလေးလား၊ သမီးလေး လား ရှိချင်ရှိမှာပေါ့”

“သူတို့က တဘက်ကို လာဖျက် ဆီးတာဖေဖေ”

“တဘက်က အမွေးတွေနှုတ်သီး နဲ့ ချီသွားတာသမီး တွေ့လား”

“လင်းလင်းတွေ့တယ်။ သူတို့ ဖျက်ဆီးပြီး ယူသွားကြတာ”

 ဖေဖေဖျာပေါ်ထိုင်ချလိုက်ပြီး လင်းသော်တာလေးကို ပေါင်ပေါ် တင်လိုက်သည်။

“သမီးအနွေးထည်ဝတ်တော့ မနွေးဘူးလား”

 “နွေးတာပေါ့။ စောင်ခြုံလိုက် ရင်လည်း နွေးသွားတာပဲ”

 ဖေဖေရယ်ပြီး

“ဒါပေါ့ သမီးရဲ့” ဟု ပြောသည်။

“စာကလေးတွေကျတော့ အနွေးထည်မရှိဘူး လင်းလင်းရဲ့”

“သူတို့က လူမှမဟုတ်တာ။ အနွေးထည်ဝတ်လို့ ဘယ်ရမှာလဲ ဖေဖေရဲ့”

“ဒါပေါ့ သမီးရဲ့။ သူတို့က အနွေးထည် ဝတ်လို့မရဘူး။ သူတို့ လည်း ချမ်းမှာပေါ့ သမီးရဲ့။ သူတို့ရဲ့ တောင်ပံတွေက သူတို့ကို အ ချမ်းပြေ အောင်လုပ်ပေးတယ်။ ဒါပေမဲ့ တအား ချမ်းလာရင် တောင်ပံတွေ နဲ့ မနွေးတော့ဘူးလေ သမီး”

“ဒါဆို သူတို့ ဘယ်လိုလုပ်မလဲ။ သူတို့မှာ စောင်လည်း မရှိဘူး”

“သူတို့မှာ အနွေးထည်လည်း မရှိဘူး။ စောင်လည်း မရှိဘူး။ သူတို့ အိမ်ကလေး ကို နွေးအောင် သူတို့ အမွေးတွေ သစ်ရွက်ခြောက် ကလေး တွေ၊ စောစောက လင်းလင်းတွေ့ လိုက်တဲ့ တဘက် ချည်မွေးလေးတွေ နဲ့ နွေးအောင် လုပ်ရတာပေါ့”

လင်းသော်တာလေးက ဖေဖေ့ ကို မော်ကြည့်သည်။ ဖေဖေက ခေါင်းငုံ့ပြီး ပြုံးပြလိုက်သည်။

“ဒါဆို ဒါဆို”

လင်းသော်တာလေးက ဘာ ဆက်ပြောရမှန်းမသိဘဲ ဒါဆိုနှင့် ရပ် နေသည်။

“သူတို့မှာ ကလေးလေးတွေရှိ တယ်ဆိုရင် သူတို့ကလေးလေးတွေ က ပိုချမ်းမှာပေါ့ လင်းလင်းရဲ့”

“ငှက်ကလေးတွေက ဘာလို့ ပို ချမ်းတာလဲ ဖေဖေ”

လင်းသော်တာလေးက သူက လေး၏ ဖေဖေ့ကို မော်ကြည့်ပြီး စိတ် ဝင်စားစွာ မေးလိုက်သည်။ သူက လေး၏ ဖေဖေက လင်းသော် တာ လေးကို ဖွဖွကလေးပွေ့လိုက်သည်။

“ငှက်ကလေးတွေက သူတို့ အဖေ၊ အမေတွေလို တောင်ပံတွေ မစုံသေးဘူး။ အမွေးတွေမစုံသေးဘူး သမီးရဲ့။ လင်းလင်းက အင်္ကျီမဝတ် ထားရင် ပိုချမ်းသလိုပေါ့”

“ငှက်သေးသေးလေးတွေ သနား ပါတယ်နော်”

လင်းသော်တာလေးရဲ့ အသံ မှာ ကရုဏာသက်သော အသံက လေးဖြစ်သည်။

“ဒါပေါ့သမီးရယ်။ ဖေဖေက သမီးကို ပွေ့ထားသလို၊ မေမေက သမီးကို ဖက်ထားသလို သူတို့လည်း သူတို့ရဲ့ သားသမီးတွေကို ဖက် ထား၊ ပွေ့ထားကြမှာပေါ့။ ဖေဖေတို့ တဘက်က အမွေးလေးတွေနဲ့ ငှက်က လေးလေးတွေကို နွေးအောင်လုပ် ပေးမှာပေါ့”

 လင်းသော်တာလေးဆီက အသံ ထွက်မလာတော့ပေ။

“သူတို့က ဖေဖေ တို့တဘက်တွေ ကို လာဖျက်ဆီးတာ မဟုတ်ဘူး သမီး ရဲ့။ သူတို့ရဲ့ ကလေးလေးတွေ အတွက် အနွေးထည် လုပ်ပေး တာ၊ စောင်လုပ်ပေးတာလေ။ တဘက်ကို တမင်လာပြီး ဖျက်ဆီးတာ မဟုတ်ဘူး”

“ဖေဖေ့ တဘက်က သူတို့လုပ် လို့ ပွကုန်ပြီလေ”

“တဘက် ပွတော့လည်း သုတ် ရတာ ပိုကောင်းတာပေါ့ သမီးရဲ့။ သူတို့က ဖေဖေ့ တဘက်ကို ဖျက်ဆီး ပြီး အမွေးတွေကို ယူမသွား ဘူး။ အောက်ကို ပစ်ချ ထားခဲ့ရင်တော့ ဖျက်ဆီးတာပေါ့။ ဖေဖေ မောင်းထုတ် မှာပေါ့။ လင်းလင်းကို ဖေဖေ၊ မေမေ တို့က မချမ်းအောင် လုပ်ပေးသလို၊ သူတို့လည်း လုပ်ပေးနေကြတာ။ ကိုယ်ချင်းစာတာပေါ့ သမီး”

“ကိုယ်ချင်းစာတယ် ဆိုတာဘာ လဲဖေဖေ”

“ကိုယ်ချင်းစာတယ် ဆိုတာဘယ် လိုလဲဆိုတာ သမီးလည်း တဖြည်း ဖြည်း သိလာမှာပေါ့။ ခုလောလော ဆယ်တော့ ငါ့သမီးလေးကို ငါချစ် သလို၊ သူတို့ သားသမီးတွေကိုလည်း သူတို့ ချစ်မှာပဲလို့ သနားပေးတာပေါ့”

“လင်းလင်းလည်း ငှက်ကလေး တွေကို သနားတယ်”

“လင်းလင်း ချမ်းသလို၊ သူတို့ လည်း ချမ်းတာပေါ့ သမီးရဲ့”

လင်းသော်တာလေးက ငြိမ် သွားသည်။

“သူတို့ ပြန်မလာတော့ဘူး ဖေဖေ”

“သူတို့လည်း ကြောက်လို့နေမှာ ပေါ့ သမီး”

“လင်းလင်းတို့က သူတို့ကို ဘာမှမလုပ်တာ”

“ဘာမှမလုပ်လည်း သူတို့က ဖေဖေတို့ရှိနေတော့ ကြောက်တာ ပေါ့”

လင်းသော်တာလေး ငြိမ်သွား ပြန်သည်”

“ဖေဖေ လင်းလင်းတဘက်လေး လည်း တန်းပေါ်လွှားလိုက်ပါလား ဟင်”

“ဖေဖေ့တဘက်နဲ့ဆိုရပါပြီ သမီးရယ်။ သူတို့က အများကြီးမှ မလိုတာ”

 လင်းသော်တာက ဖေဖေ့ပေါင် ပေါ်ကနေဆင်းလိုက်သည်။

“လင်းလင်းတွေ့ပြီဖေဖေ။ လက်ကလေးကို လင်းလင်းတွေ့ပြီ”

“ဖေဖေ ပြောတယ်မဟုတ် လား။ လင်းလင်းက တော်ပါတယ်လို့”

 ဖေဖေက ချီးကျူးလိုက်တော့ လင်းသော်တာလေး ပျော်သွားသည်။

“လက်ကလေးကို လင်းလင်း တွေ့ပြီ။ ဖေဖေစာဖတ်တော့”

လင်းသော်တာလေး စကား ကြောင့် ဖေဖေ သဘောကျစွာ ရယ် သည်။ ထိုင်ခုံ ရှိရာသွားပြီး သတင်းစာ ကို ကောက်ကိုင်လိုက်သည်။ လင်း သော်တာလေး မှာ သူ့အရုပ် ကို ဆက် ဆက်နေသည်။

“ဖေဖေ စာကလေးတွေပြန်လာ ပြန်ပြီ။ ငြိမ်ငြိမ်နေ”

လင်းသော်တာလေး က လူကြီး တစ်ယောက်လို တိုးတိုးပြောလိုက် သည်။ တဘက် အမွေးနုတ်နေသော စာကလေးတွေ ကို လူကြီး တစ်ယောက် လို ခိုးကြည့်နေလေသည်။

စိုးဘားဒိုင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*