ရန်ကုန် ဘုမ္မစိုး

ရန်ကုန် ဘုမ္မစိုး
November 4, 2016 Asian Fame
ရန်ကုန် ဘုမ္မစိုး
In Articles

kyuy

ရန်ကုန် ဘုမ္မစိုးသည် သက်တမ်းရင့် ဒေဝတာ တစ်ပါးဖြစ်သော်လည်း သူတို့၏အဖွဲ့အစည်းမှ အကြီးအမှူးချုပ် မိန်းမသား၏ သြဇာအာဏာကို မဆန့်ကျင်၊ မဖီဆန်ရဲ ပေ။ အကြီးအမှူးချုပ်မှာ စတုမဟာ ရာဇ် နတ်မင်းကြီး ၄ ပါးတို့၏ အဆက်အနွှယ်ဖြစ်ကာ ဘဒ္ဒကမ္ဘာတစ်ခွင်မှာ ထင်ရှားကျော်ကြားသူ ဖြစ်သည်။ အကြီးအမှူးချုပ်ကို တစ်ကမ္ဘာလုံးက ဝသုန္ဓရေဟု ခေါ်ဝေါ် ကြသည်။

” မောင်မင်း ရန်ကုန်ကိုစားရ လိမ့်မယ်” ဟု ဝသုန္ဓရေက မိန့်တော်မူသည်။
“ရန်ကုန်ကိုစားရမယ်ဆိုတော့ ရန်ကုန်မြို့စားပေါ့နော် သခင်မ”

“မောင်မင်းက မြို့ရန်ကုန်ကို စားရမယ့် မြို့စားတော့မဟုတ်ဘူး။ အခေါ်အဝေါ်လွယ်ကူအောင် (စား) ရလိမ့်မယ်လို့ သုံးတာ။ မောင်မင်းက ရန်ကုန်ကို စိုးမိုးစောင့်ရှောက်ပြီး ကမ္ဘာဆုံးတဲ့အထိ ရန်ကုန်မြေမှာ တည်မှီကပ်တွယ်နေရမှာကွယ့်။ ရန်ကုန်မြေကို တကယ်စားမယ့်၊ ဝါးမယ့်ပုဂ္ဂိုလ်တွေက ၂၁ ရာစုကျမှ ပေါ်လာမှာ။ လော လော ဆယ် ငါ တို့ က ရန်ကုန်ရဲ့ မူလအစနာမည် ဖြစ်တဲ့ (တြိဂုမ္ဘ) ခေတ်ထဲမှာပဲရှိ သေး တယ်။ တြိဂုမ္ဘကနေ ဒဂုံလို့ ပြောင်း လဲခေါ်ဝေါ်ကြလိမ့်မယ်။ ၁၈ ရာစု ထဲရောက်တဲ့အခါ အညာသားကြီး တစ်ဦးဖြစ်တဲ့ ဦးအောင်ဇေယျက ဒဂုံကို တိုက်ခိုက်သိမ်းပိုက်ပြီး (ရန်ကုန်) လို့ နာမည်ပြောင်းလဲပစ် လိမ့်မယ်။ ဒါကြောင့်လည်း ၂၁ ရာစု ရောက်ရင် ရန်ကုန်မြို့မှာ အညာသားတွေ များလာလိမ့်မယ်။ လက် ဖက်ရည်ဆိုင်လုပ်ငန်းနဲ့ လမ်းဘေး မုန့်ဟင်းခါးဆိုင် လုပ်ငန်းကို အညာသားတွေကြီးစိုးလိမ့်မယ်”

“အကျွန်ုပ်ရဲ့ ဘုမ္မစိုးအလုပ်ကို အညာသားတွေဝင်မလုရင် ကိစ္စမရှိပါဘူး သခင်မ”

“အညာသားတွေက ဝင်မလုပါဘူး။ သို့ပေမယ့် အညာသားတွေထက်လက်သွက်တဲ့ မျက်စိကြီး၊ နားကြီး အကောင်ကြီးကြီး၊ အမြီးရှည်ရှည် လူတစ်စုကတော့ မောင်မင်းရဲ့ ဘုမ္မ စိုးရာထူး ကုလားထိုင်ကို ကိုင်လှုပ် လာကြလိမ့်မယ်။ အဲသည် ဟောကိန်း မှန်၊ မမှန် ၂၁ ရာစု ပုရောဟိတ် တစ်ပါးဖြစ်တဲ့ စံဇာဏီဘိုကို သွား မေးစရာတောင်မလိုဘူး။ ဒါပေမဲ့ မောင်မင်းပူစရာမလိုဘူး။ မောင် မင်းက ငါခန့်အပ်တဲ့ မိုးကျရွှေကိုယ်ပဲ။ မောင်မင်းရဲ့ရာထူးက ကမ္ဘာတည် သရွေ့မပြုတ်နိုင်ဘူး”

ဤသို့ဖြင့် ရှေးအတီတေ ပဒေသရာဇ်ခေတ်ကတည်းက ရန်ကုန်ကို စိုးမိုးလာခဲ့သည့် ရန်ကုန်ဘုမ္မစိုးမှာ ၂၁ ရာစုထဲသို့ ဝင်လာကတည်းက
ဂနာမငြိမ်စိုးရိမ်သောက များလာရလေသည်။ “အမှန်တော့ ငါစိတ်ဆင်းရဲခဲ့ရ တာက ကြာပါပြီကွာ။ အညာသားကြီး ဦးအောင်ဇေယျ ရန်ကုန်ကိုသိမ်းပိုက် တဲ့ ကာလကဆို ရန်ကုန်ဟာ ပြိုင်စံရှားတဲ့ သဘာဝနယ်မြေပဲ။ သစ်ပင် ပန်းမန်တွေနဲ့ စိမ်းလို့၊ စိုလို့။ လေ ကောင်းလေသန့်ကလည်း ရာခိုင် နှုန်းပြည့် သန့်စင်ပြီးသား။ အဲသည်တုန်းက ရန်ကုန်မှာနေကြတဲ့ ဗမာ တွေဟာ သစ်တောပြုန်းတီးမှုမဖြစ် အောင် ဝါးအိမ်ကလေးတွေနဲ့ပဲ နေကြတာ။ ဘုန်းတော်ကြီးကျောင်း တွေကိုတော့ ရိုသေလေးမြတ်ခြင်း လည်း ဖြစ်အောင်၊ တာရှည်လည်း တည်မြဲအောင် သစ်သားတွေနဲ့ ဆောက်လုပ်လှူဒါန်းခဲ့ကြတယ်။ အဲသည်တုန်းက ရန်ကုန်ဟာ သဘာဝနယ်မြေစစ်စစ်ပဲ။ သဘာဝရဲ့ ရင်သွေးငယ်ဖြစ်တဲ့ ကျားကြီးတစ် ကောင်တောင် ရွှေတိဂုံစေတီပေါ် ဘုရားတက်ဖူးခဲ့သေးသမှုတ်လား” ရန်ကုန်ဘုမ္မစိုး ပြောပြနေသည်ကို မျက်နှာမသာမယာနှင့် ငြိမ်သက် စွာ နားထောင်နေခဲ့သော ရန်ကုန် ရုက္ခစိုးက ပင့်သက်ရှူသည်။

“ဟည်း…အစဉ်ထာဝရ မဟုတ်တဲ့ သင်္ခါရတွေ”

” ရန်ကုန်ကို နိုင်ငံခြားသားတွေ ဝင်ရောက်အမြစ်တွယ် ခြေကုပ်ယူ ကြကတည်းက ရန်ကုန်ဟာ ဘဝအက်ပြီး အလှပျက်တော့တာပါပဲ။ ရန်ကုန်အနောက်ခြမ်းကို တရုတ် တွေက သိမ်းပိုက်ကြတယ်။ အရှေ့ ခြမ်းကိုတော့ ကုလားတွေက အပိုင် သိမ်းကြတယ်။ အဲသည်အခြေအနေ က သည်ကနေ့အထိ အပြောင်းအလဲမှ မရှိတာ။ ရန်ကုန်အနောက်ပိုင်းမှာသည်ကနေ့အထိ တရုတ်တန်းဆိုတာ ရှိနေတယ်။ တရုတ်တန်းကို “ဘူးယို”တွေက မြန်မာလိုတောင် မခေါ်ကြဘဲ China Town လို့ ခေါ်ကြသလေ။ ကိုလိုနီခေတ်တုန်းက ရန်ကုန်အနောက်ပိုင်းဟာ အရက်ဆိုင်၊ စိမ်ရည်ဆိုင်၊ ဘိန်းခန်းပေါတဲ့ ဒုစရိုက်နယ်မြေ။ ရန်ကုန်အရှေ့ပိုင်း မှာတော့ အလီမူလာဆိုတာ ရန်ကုန် ရဲ့ လိုဏ်ဘုံမြနန်းကြီးပေါ့။ အဲသဟာ နယ်ချဲ့အင်္ဂလိပ်ရဲ့ ပယောဂပဲ။ ငရို့ ဗုဒ္ဓဘာသာဝင် မြန်မာတွေက အရက် ရောင်းတဲ့ဓလေ့မရှိဘူး။ ဇိမ်ခန်း ထောင်တဲ့ အကျင့်လည်းမရှိဘူး။ အခုတော့ ဒင်း (သင်း) တို့ လမ်းစ ဖော်ပေးလို့ ကျုပ်တို့ရွှေမြန်မာတွေ စားသောက်ဆိုင်လည်း ဖွင့်တတ်လာ ကြပြီ။ ကေတီဗီတွေလည်း ထောင်စားလာတတ်ကြပြီ” ” အဲသဟာတွေက ကမ္ဘာမြေရဲ့ အဆင်တန်ဆာတွေ မဟုတ်လားဗျ” ဟု ရန်ကုန်ရုက္ခစိုးက မပွင့်တပွင့် လေသံ ဖြင့် မေးခွန်းထုတ်သည်။

” တယ်.. ငါ ကလော်လိုက်ရ။ လူကြားလို့မကောင်းဘဲ ဖြစ်သွားပြန် ရော့မယ်။ မင်းပြောသလို ကမ္ဘာမြေ ရဲ့အဆင်တန်ဆာတွေ မဟုတ်ဘူးဟ။ အဝီစိကို တစ် လမ်းသွားစနစ်နဲ့ ရောက်မယ့် ဒုစရိုက်တွေနားလည်လား” “ဒုစရိုက်နည်းက ကြီးပွားချမ်းသာဖို့ လွယ်ကူသမှုတ်လားဗျ။ ကျုပ်တို့ ပေါက်ဖော်ကြီး တိန့်ရှောက်ဖိန် ပြောသလို ကြောင်က ဘာအရောင်ပဲ ဖြစ်ဖြစ်ြ<ွကက်ခုတ်ဖို့က အဓိက မဟုတ်လား။ တိုင်းပြည်စီးပွားရေး တိုးတက် ဖွံ့ဖြိုးမှုသာအခရာဗျ”ရန်ကုန်ဘုမ္မစိုးသည် မိမိအား ဆန့်ကျင်ဘက်စကားတွေနှင့် ခွန်းတုံ့ ပြန်နေသော ရန်ကုန်ရုက္ခစိုးကို စားတော့မလို မျက်နှာထားဖြင့် ကြည့်လိုက်သည်။

” ဘာကွ…တိုင်းပြည်စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှု ဟုတ်လား။ နင့် ကိုယ်နင်လည်း ပြန်ကြည့်ဦး။ နင် ကိုယ်တိုင်စုတ်ပြတ်သတ်နေပြီဟ”ရန်ကုန်ရုက္ခစိုးသည် အထိတ်တလန့် ဖြစ်သွားပြီး သူ့ကိုယ်ပေါ်မှာ အဝတ်အစားမရှိသလို ပြူးပြူးပျာပျာ ဖြစ်သွားသည်။ တောင်ကြည့်၊ မြောက်ကြည့်ဖြင့် နောက်ဆုံးမှာ မျက်လွှာချ ညှိုးမှိုင်သွားသည်။ ” ဟုတ်ပဗျာ..ဟုတ်ပ။ အဆောက်အအုံတွေ ဆောက်တဲ့ အခါမှာလည်း သစ်ပင်တွေခုတ်တာ ပဲ။ လမ်းချဲ့ရင်လည်း ကျုပ်တို့ကို ခုတ်ပစ်တယ်။ ဓာတ်တိုင်စိုက် မီးကြိုး တွေသွယ်ရင်လည်း ကျုပ်တို့ အခုတ် ခံရတာပဲ။ ခုခေတ်လူတွေဟာ အရိပ် နေနေ၊ အခက်ချိုးချိုး လုပ်ရုံမက တော့ဘူး။ ဘူဒိုဇာနဲ့ထိုးပြီး အမြစ်ပါ မကျန် ကလော်ထုတ်ပစ်တာ။ ကြောက်ဖွယ်၊ လန့်ဖွယ်ဘီလူးယက္ခ နယ်ပယ်ကြီးပါကလား ဟရို့” ရန်ကုန်ဘုမ္မစိုးက ရန်ကုန် ရုက္ခစိုး စိတ်အားမငယ်ရအောင် ပခုံး ဖက်၍ နှစ်သိမ့်မှုပေးသည်။

” ငိုတော့ မငိုပါနဲ့ ညီကလေးရာ။ တကယ်တမ်း ရင်ကွဲနာကျနေရတာက အစ်ကို ဘုမ္မစိုးပါ။ ဘုမ္မစိုးဆိုတာ ပထဝီမြေကြီးကိုစောင့်ရတာ။ ပြီးတော့ စောင့်ရှောက်ရတဲ့အပြင် စိုးမိုးကာကွယ်ပေးရသေးတာ။ ငါက အင်မတန် မျိုးချစ်စိတ်ဓာတ် ရှင်သန် ထက်မြက်တဲ့ ပထမတန်းစား မျိုးချစ် ဝါဒီ အကြီးစားကြီးပါ ညီကလေး။ နို့ပေမယ့် ငါမလွန်ဆန်သာတာတွေ ရှိနေတော့ ပါးစပ်ပိတ်ပြီး အိပ်ငိုက် ချင်ယောင်ဆောင်နေရသကွ။ ငါပိုင်တဲ့ ပထဝီမြေလွှာပေါ်မှာ မြန်မာ နိုင်ငံမှာ ပေါက်ဖွားကြတဲ့ တိုင်းရင်း သားတွေချည်း နေစေချင်တာပေါ့ ကွာ။ ဖြစ်ချင်တာက ဆန္ဒ၊ ဖြစ်နေတာက ဘဝဆိုတာလို တိုင်းရင်းသားမဟုတ်တဲ့ သတ္တဝါတွေက င့ါခေါင်းကို ဖိနင်းထားကြပြီကွ။ တလောကလည်း ရန်ကုန်မြို့လယ်ကောင်က စတိုးဆိုင်အသစ်ကြီးမှာ အရောင်းစာရေးတွေ အားလုံး မြန်မာစကားမပြောကြဘူး
လို့ ကြားလိုက်ရတယ်”

” ဘာလဲ..သူတို့က ဘင်္ဂါလီ စကားနဲ့ ပြောနေကြတာလား”

” မြန်မာစကားမပြောတတ်လို့ ဝယ်သူ Customer မြန်မာတွေကို စကားတစ်လုံးမှမပြောဘဲ ပစ္စည်းတန်ဖိုးကပ်ထားတဲ့ စက္ကူကတ်ပြား ကလေးတွေကိုသာ လက်ညှိုးထိုးပြပြီး ရောင်းကြသတဲ့။ ငွေအမ်းရ လွယ်အောင်၊ စကားမပြောရအောင်တစ်ခု၊ တစ်မျိုး ငါးထောင်ကျပ်ဆိုပြီး Fix Price နဲ့ ရောင်းနေတာတဲ့။ သူတို့က အသားမမည်းတော့ ဘင်္ဂါလီတော့ မဟုတ်နိုင်ဘူး ငါ့လူရေ..” မကြာမီ ရန်ကုန်ဘုမ္မစိုးနှင့် ရန်ကုန်ရုက္ခစိုးတို့သည် သူတို့ဘုံ ပျောက်ကြရတော့မည့် အရေးကိစ္စကို သိကြားမင်းကြီးအား တိုင်ကြားရန် နတ်တို့၏နေပြည်တော်ရှိရာသို့ တရုတ်လေကြောင်းလိုင်းဖြင့် ထွက် ခွာသွားကြလေသည်။

ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*