မနုစာရီ ဇာတ်ကားကို ဇန်နဝါရီလမှာ စတင် ရိုက်ကူးမယ့် ဒါရိုက်တာ ညိုမင်းလွင်.

မနုစာရီ ဇာတ်ကားကို ဇန်နဝါရီလမှာ စတင် ရိုက်ကူးမယ့် ဒါရိုက်တာ ညိုမင်းလွင်.
November 3, 2016 Asian Fame
မနုစာရီ ဇာတ်ကားကို ဇန်နဝါရီလမှာ စတင် ရိုက်ကူးမယ့် ဒါရိုက်တာ ညိုမင်းလွင်.
In Movies

nyo-min-lwinဆရာမင်းသိင်္ခ ရေးသား ခဲ့တဲ့ ဝတ္ထုတွေထဲက “မနုစာရီ” ကို ရုပ်ရှင်အဖြစ် ပြန်လည် ရိုက်ကူးဖို့ ဒါရိုက်တာ ညိုမင်း လွင်က စီစဉ်နေပြီး လက်ရှိ မှာတော့ “မနုစာရီ” ဇာတ်ကား အတွက် ဘဒ္ဒကလျာ မင်းသမီးနေရာနဲ့ အတိတျာ မင်းသား နေရာတို့ အတွက် မျက်နှာသစ် သရုပ်ဆောင် တွေထဲ က ရွေး ချယ်လျက် ရှိနေပါတယ်။ ဇာတ်ညွှန်း ကိုလည်း ဒါရိုက်တာ ညိုမင်းလွင် ကိုယ်တိုင် ရေးသားနေပြီး လာ မယ့် နိုဝင်ဘာလ ၂၅ရက်နေ့မှာတော့ အဓိက ဇာတ်ဆောင်ဖြစ်လာမယ့် မနုစာ ရီ မင်းသမီးနေရာမှာ သရုပ်ဆောင်မယ့် သူကို တရား ဝင် အသိပေးကြေညာ ပေးသွားမှာဖြစ်တယ် လို့ သိရပါတယ်။

“နိုဝင်ဘာလ၂၅ ရက်နေ့ကို ကျွန်တော် ရွေးချယ် လိုက် ရတာက ဆရာ မင်းသိင်္ခက မနုစာရီမဂ္ဂဇင်း ဆိုပြီးတော့ ဖြန့်ချိ ခဲ့ဖူးတယ်။ အဲဒီ တုန်းက မနုစာရီ မဂ္ဂဇင်းအမှတ် (၁)ထွက်တဲ့ နိုဝင်ဘာလ၂၅ ရက်နေ့ကို မနုစာရီနေ့ ဆိုပြီးတော့ အဲဒီ မဂ္ဂဇင်း အမှတ် (၁)ထဲမှာ ထည့်ပြီး ရေးသွား ဖူးတယ်။ အဲဒါ ကြောင့် နိုဝင်ဘာလ၂၅ ရက်နေ့ကို ရွေးချယ် ဖြစ်ခဲ့တာဖြစ်ပါ တယ်။ ဘဒ္ဒကလျာ မင်းသမီး နေရာနဲ့အတိ တျာ မင်းသားနေရာ တွေကို မျက်နှာသစ်ထဲ ကရွေးဖြစ်တာက ဒီလိုဗျ။ မနုစာရီ နေရာ ကို လက်ရှိလောကထဲက အနုပညာရှင် တစ်ဦးကို သုံးမယ်ဆိုရင် တော့ မောင်တော် အတိတျာကို မျက်နှာသစ်ထဲကပဲ ရွေးမယ် လို့ အစကတည်းက စီစဉ်ခဲ့ပြီးသား ဖြစ်ပါတယ်” လို့ ဒါရိုက်တာ ညိုမင်းလွင် က ပြောပြပေးပါတယ်။

ဒါရိုက်တာ ညိုမင်းလွင် ကတော့ သူ့အနေနဲ့  “မနုစာရီ” ဝတ္ထုကို ရုပ်ရှင်ဇာတ်ကား အဖြစ် ဖန်တီးခွင့်ရခဲ့တဲ့ အပေါ်ကို အင်မတန်မှ ဝမ်းသာ မိတယ်လို့လည်း ပီတိစကား ဆိုပါတယ်။

ဒီဝတ္ထုက ကျွန်တော် ငယ်ငယ် ကတည်းက ကြိုက်နှစ် သက်ခဲ့တဲ့ ဝတ္ထု တစ်ပုဒ်ဖြစ်တယ်။ ကျွန်တော့် ဘဝမှာ ပထမဦးဆုံး ဖတ်ဖူးခဲ့တဲ့ လုံးချင်း ဝတ္ထု က ဆရာမင်းသိင်္ခရဲ့ “ဆားပုလင်း နှင်းမောင်နဲ့ ဗိုက်ပူသူတော်” ။ ကျွန် တော် ၄တန်းအောင်ပြီးစ အရွယ် ကတည်းက ဆရာ မင်းသိင်္ခဝတ္ထု တွေကို တောက်လျှောက်ဖတ် ဖြစ်တယ်။ ကျွန်တော် တအား ကြိုက်တယ်။ ကျွန်တော် မဖြစ်ဖြစ် အောင် ရိုက်ကူးမယ် လို့ လည်း ဆုံးဖြတ်ထားပါတယ်။ “မနုစာရီ” ကို ကျွန်တော် မတိုင်ခင် အရှေ့မှာ ရိုက်ကူးဖို့ ကြိုးစားခဲ့ဖူး တာတွေ ရှိတာကို သိတယ်။ ကျွန်တော့် အလှည့်မှာတော့ ဖြစ်အောင် ရိုက်ကူးမယ်လို့ ဆုံးဖြတ်ထားပါတယ်။ တစ်ကြောင်းတည်းပဲ ရှိနေတဲ့တချို့ ဇာတ်ဝင်ခန်း တစ်ခု အတွက် ကို ကျွန်တော် တစ်လခွဲလောက် အချိန်ယူရမယ့် အခက်အခဲတွေတော့ ကျွန်တော် မြင်တယ်”လို့ ဒါရိုက်တာ ညိုမင်းလွင် က ပြောပြပေးပါတယ်။

ဒါရိုက်တာ ညိုမင်းလွင် ကတော့ “မနုစာရီ” ရုပ်ရှင် ဇာတ် ကားရိုက်ကူးရေး စတင်မှုကို ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလလောက်မှာ စတင် ရိုက်ကူးနိုင်ဖို့ စီစဉ်ထားတယ် လို့ ဆိုပါတယ်။ ဒါ့အပြင် ဒါရိုက် တာ ညိုမင်းလွင်က ဇာတ်ကား တစ်ခု ဖန်တီးခါနီးတိုင်းမှာ သာမန် ပရိသတ် တစ်ယောက်နေရာက ဝင်ခံစားလိုက် ပြီးမှ ကိုယ်သာ ဆိုရင်ကော ဒီဇာတ်ကားကို ကြည့်မှာလား ဆိုတဲ့ ဆန်းစစ်မှုမျိုးကို လုပ်လေ့လုပ်ထ ရှိပြီးမှ ဇာတ်ကား တစ်ခုကို ဖန်တီးသင့်၊ မဖန်တီးသင့် ချင့်ချိန်တယ်၊ စဉ်းစားတယ်လို့လည်း ဆိုပါတယ်။

ထက်လူ
ဓာတ်ပုံ- အောင်ဇော်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*