မကြီးစန်း (ခင်စန်းဝင်း) နဲ့ တကယ် ကြိုက်သွားပြီ ဆိုတဲ့ သတင်းတွေ နဲ့ ထက်အောင်ရှိုင်း

မကြီးစန်း (ခင်စန်းဝင်း) နဲ့ တကယ် ကြိုက်သွားပြီ ဆိုတဲ့ သတင်းတွေ နဲ့ ထက်အောင်ရှိုင်း
November 3, 2016 Asian Fame
မကြီးစန်း (ခင်စန်းဝင်း) နဲ့ တကယ် ကြိုက်သွားပြီ ဆိုတဲ့ သတင်းတွေ နဲ့ ထက်အောင်ရှိုင်း
In Celebrities' News

htet-aung-shine“မကြီးစန်းနဲ့ သူ၏ ချစ်သူများ” ဇာတ်ကားက မင်းသား ထက်အောင်ရှိုင်းရဲ့ ပထမဦးဆုံး ဇာတ်ကား ဖြစ်ပြီး ဇာတ်ကား အတွက် ကြိုတင်ပြင်ဆင်မှုတွေ မလုပ် လိုက်ရတဲ့ အတွက် ကျေနပ်မှု မရှိဘူးလို့ ဆိုပါတယ်။

“ဒီဇာတ်ကားက ကျွန်တော့်ရဲ့ ပထမဦးဆုံး ဇာတ်ကားပါ။ ဆရာ ဂျွန်လွင်က ကျွန်တော့်ကို ဒီဇာတ်ကား ရိုက်ကူး ဖို့ပြောတယ်။ ကျွန်တော် လည်း ကြိုတင် ပြင်ဆင်ဖို့ အချိန်မရဘဲ ရိုက်ကူးဖို့ လက်ခံခဲ့တယ်။ ဆံပင် ပုံစံ၊ အင်္ကျီ အဝတ်အစားတွေ ကိုလည်း ကျွန်တော် သိပ်အားမရဘူး” လို့ ပြောပါတယ်။ “မကြီးစန်းနဲ့ သူ၏ချစ်သူများ” ဇာတ်ကား ရိုက်ကူးနေ တုန်း မထင်မှတ်တဲ့ ကောလာဟလ ထွက်ပေါ်ခဲ့တာ နဲ့ ပတ်သက်ပြီး ထက်အောင်ရှိုင်းက ဒီဇာတ်ကား ရိုက်ကူးရင် ဒီလို ကောလာဟလ ထွက်မယ် ဆိုတာ ကြိုသိပြီးသားပါလို့ ပြောပါတယ်။

“ဒီဇာတ်ကား ရိုက်ကူးနေရင်း ထက်အောင်ရှိုင်း နဲ့ မကြီးစန်းက တကယ် ကြိုက်သွားပါပြီ ဆိုတဲ့ ကောလာဟလ ထွက်ခဲ့တယ်။ ကျွန် တော် ဒီဇာတ်ကား ရိုက်ကူးမယ်လို့ ဆုံးဖြတ်ကတည်းက ဒီလိုကော လာဟလ ထွက်မယ်လို့ ကြိုတွေးထား ပြီးသားပါ။ အဲဒီအတွက် လည်း ဒီကိစ္စကို ကျွန်တော် စိတ်ထဲမှာ သိပ်မရှိပါဘူး။ ကျွန်တော်လုပ် တဲ့ အနုပညာကို အနုပညာ လိုပဲ မြင်ကြလိမ့်မယ် လို့ ကျွန်တော် မျှော် လင့်ပါတယ်။ ပရိသတ်တွေလည်း ဒီလိုပဲ ကြည့်မယ်လို့ ထင်ပါတယ်။ ကျွန်တော် ကြုံခဲ့ရတဲ့ အခက်အခဲတွေက အောင်မြင်လာမယ့် တစ်နေ့ အတွက် ခွန်အားဖြစ်လာ လိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်” လို့ ပြောပါတယ်။

ချယ်ရီ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*