လက်ရှိသဘင်လောကအပေါ် သဘင်ပညာရှင် ဒေါ်နွဲ့ နွဲ့ စန်းရဲ့သုံးသပ်ချက်

လက်ရှိသဘင်လောကအပေါ် သဘင်ပညာရှင် ဒေါ်နွဲ့ နွဲ့ စန်းရဲ့သုံးသပ်ချက်
November 2, 2016 Asian Fame
လက်ရှိသဘင်လောကအပေါ် သဘင်ပညာရှင် ဒေါ်နွဲ့ နွဲ့ စန်းရဲ့သုံးသပ်ချက်
In Celebrities' News

daw-nwe-nwef-san

လက်ရှိမြန်မာ့ဇာတ်သဘင်အနေနဲ့အရင်ထက်စာရင် ဖြည်းဖြည်းနဲ့ မှန်မှန်တိုးတက်မှုတွေရှိနေတာကိုလည်း တွေ့မြင်နေရပြီး သဘင်ဥက္ကဋ္ဌဖိုးချစ်အနေနဲ့လည်း အားသွန်ခွန်စိုက်လုပ်ဆောင်နေတာတွေကို တွေ့မြင်နေရတဲ့အတွက် ပြောင်းလဲမှုတွေတော့ရှိလာပါတယ်လို့ သဘင် မင်းသမီးကြီးတစ်ဦးဖြစ်တဲ့ဒေါ်နွဲ့နွဲ့စန်းက သူ့ရဲ့အမြင်ကို ပြောပါတယ်။

” အားရကျေနပ်မှုတွေရှိပါတယ်။ သူ့(ဖိုးချစ်)အနေနဲ့လည်းဇာတ်တွေကိုသူ့ပိုက်ဆံတွေထုတ်ချေးပြီး အရင်းအနှီးတွေပေးနေတယ်။ နို့မို့ဆိုရင် ဇာတ်သမား တွေကအတိုးတွေနဲ့ အလုပ်မလုပ်နိုင်ဘူးလေ။ သူက အတိုးမရှိချေးပေးနေတယ်ဆိုတော့ ကျေနပ်စရာပါ”လို့ သဘင်အစည်းအရုံး(ဗဟို) ဥက္ကဋ္ဌဖိုးချစ်နဲ့ပတ်သက်လို့ ဒေါ်နွဲ့နွဲ့စန်းက သူ့ရဲ့အမြင်ကို ပြောပြပါတယ်။ ဒါကြောင့်လည်း ဒီအချိန်မှာ အားလုံးညီညီညွတ်ညွတ်နဲ့သွားကြဖို့လိုအပ်ပြီး နံပါတ်တစ်အနေနဲ့ ကတော့စိတ်ဓါတ်တွေပြောင်းလဲဖို့လိုအပ်ပြီး စိတ်ကလည်း တစ်ယောက်တည်းပြောင်းလဲနေလို့မရဘဲ အကုန်လုံး ပြောင်းလဲရမှာဖြစ်တဲ့အတွက် စိတ်ထားတွေပြောင်းလဲ ကြပါလို့ သူက ထပ်မံတိုက်တွန်းပါတယ်။ ” အမြဲတမ်းညီညွတ်နေဖိုလိုအပ်ပါတယ်။ ဇာတ်တော်ကြီးတွေမှာဆိုရင်လည်း ညီညွတ်လို့တိုးတက်သွားတာ မညီညွတ်လို့ ဒုက္ခဖြစ်သွားတာတွေကိုသူတို့လည်း ကနေ တာပဲဆိုတော့သိမှာပါ။ အဲဒီလိုညီညွတ်ဖို့ဇာတ်တော်ကြီးတွေကိုအတုခိုးပါ” လို့ ဒေါ်နွဲ့နွဲ့စန်းက ပြောပါတယ်။

လင်းအက္ခရာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*