ပရိသတ်ကို မညာဖို့ အရေးကြီးတယ် ဦးကျော်သူ

ပရိသတ်ကို မညာဖို့ အရေးကြီးတယ် ဦးကျော်သူ
November 1, 2016 Asian Fame
ပရိသတ်ကို မညာဖို့ အရေးကြီးတယ် ဦးကျော်သူ
In Celebrities' News

kyaw-thuလက်ရှိအချိန် မှာတော့ မြန်မာ့ ရုပ်ရှင်နဲ့ ဗီဒီယိုလောက အပေါ် ပရိသတ်ရဲ့ ဝေဖန်မှု ဒီရေလှိုင်းက လည်း တဖြည်းဖြည်း မြင့်တက်လာ လျက် ရှိနေပါတယ်။ ရုပ်ရှင်ချစ် ပရိသတ်တွေ ရဲ့ အမြင်မှာလည်း ပြည်ပ ရုပ်ရှင်ကို အမွှမ်းတင် ပြောဆို တဲ့ ပရိသတ်များ ရှိသလို ဒေါ်လာ သန်းချီ အကုန်အကျ ခံရိုက်ကူးမှု ကြောင့် နိုင်ငံခြား ဇာတ်ကားတွေက ကောင်းတာလို့ ပြောလာကြတာ လည်း ရှိနေပါ တယ်။ မြန်မာ့ ရုပ်ရှင် ပရိသတ် ရဲ့ မြန်မာရုပ်ရှင် အပေါ် ဝေဖန်မှု အကြောင်း ဦးကျော်သူကို မေးကြည့်ရာ မှာတော့..

“ဘယ်လောက်ပဲ သန်းချီ အကုန် အကျခံပြီး ရိုက်ကူး၊ ရိုက်ကူး၊ ဘယ် အလုပ်ပဲ လုပ်လုပ် စေတနာလေးပါ ဖို့က အရေးကြီးတယ်။ စီးပွားရေး လုပ် ရင်လည်း စေတနာလေး ထည့်ရမယ်။ ဒီအနုပညာမှ မဟုတ်ဘူး။ ဈေး ရောင်းတဲ့သူ ပဲဖြစ်ဖြစ်၊ မုန့်ဟင်းခါး ရောင်းတဲ့သူ ပဲဖြစ်ဖြစ်ပေါ့။ ကိုယ် ရောင်းချ လိုက်တဲ့ မုန့်ဟင်းခါး စားသုံးသူ အတွက် အရသာ ရှိအောင်၊ ကျန်းမာရေး နဲ့ ညီညွတ်အောင်၊ ဈေးနှုန်းလည်း အတတ်နိုင်ဆုံး ချိုသာစွာနဲ့ ရောင်းဖို့ အရေးကြီး တယ်။ ဘာပဲလုပ်လုပ် ပရဟိတ စိတ် နဲ့လုပ်ဖို့ အရေးကြီးတယ်။ ရုပ်ရှင် ဇာတ်ကားတွေ ရိုက်ကူး ကြတယ်။ “ဟာ..ပိုက်ဆံ ရရင်ပြီးရော” ဆိုပြီး လုပ်လို့မရဘူး။ ကိုယ့်ရဲ့ တန်ဖိုးကို ကိုယ်မြှင့်တင် မှရမယ်။ ကိုယ့် ပရိသတ်ကို ဘယ်လို မက်ဆေ့ခ်ျမျိုး ပေးနိုင်မလဲ။ ကြည့်တဲ့ ပရိသတ် သင်ခန်းစာ ယူနိုင်တဲ့ ဇာတ်ကားမျိုး ပေါ့။ ဒါကိုတွက်ရမယ်။ ကိုယ် ပိုက်ဆံ ရရင် ပြီးရော ဆိုပြီး အခု လောလောဆယ် ခေတ်စားနေတဲ့၊ ပရိသတ် ကြိုက်နေတဲ့ ဟာသဇာတ် ကားတွေချည်းပဲ ရိုက်ကူးရင် ဘယ် နှစ် ကား အောင်မြင် မလဲ။ တစ်ကား၊ နှစ်ကားတော့ အောင်မြင်ကောင်း အောင်မြင်မယ်။ နောက် ဇာတ်ကား တွေကျရင် ပိုက်ဆံမရဘူး ဆို တာ ဖြစ်လာမှာပဲ။ အဲဒီတော့ ပရိသတ်ကို မညာဖို့ အရေးကြီးတယ်။ ပရိသတ် သင်ခန်းစာ ရမယ့် ဇာတ်ကား မျိုးတွေ ရိုက်ကူးရမယ်။ မိဘ မေတ္တာလား၊ ဒါမှမဟုတ် ကိုယ့် သမိုင်းကြောင်း လား။ ဒါကို မှန်မှန်ကန်ကန် နဲ့ စေတနာ ရှိရှိ ရိုက်ကူးကြဖို့ အရေး ကြီးတယ်” လို့ ဦးကျော်သူက သူ့ အမြင်ကို ပြောပြပါတယ်။ ဒါ့အပြင် မြန်မာ့ ရုပ်ရှင် နိုင်ငံတကာ ကို ရင်ပေါင်တန်း အမီ လိုက်နိုင်ဖို့ အတွက် နိုင်ငံတကာ ရုပ်ရှင်ဇာတ် ကား ပုံစံ အတိုင်း ရိုက်ကူးဖို့ထက် မြန်မာ့ ယဉ်ကျေးမှု၊ မြန်မာ့ရှုခင်း၊ မြန်မာ့ဓလေ့ ပေါ်လွင်အောင် ရိုက် ကူးဖို့ လိုတယ် လို့ လည်း ဦးကျော်သူက သူ့ ဆန္ဒကို ဖွင့်ဟခဲ့ပါတယ်။

“နိုင်ငံတကာကို မီအောင် ဆိုပြီး ဖိုက်တင်တွေ ဘယ်လိုပဲချချ၊ သိပ္ပံ ပညာရပ်မျိုးတွေပဲ သုံးသုံး ဒီလိုမျိုး ရိုက်ကူးရင်တော့ နိုင်ငံတကာကို မမီ နိုင်ဘူး။ ကိုယ့်ရဲ့ Culture ၊ ကိုယ့် မြန်မာပြည်ရဲ့ Culture ကိုပေါ်လွင် အောင် ရိုက်ကူးရမယ်။ မိဘမေတ္တာ ပဲဖြစ်ဖြစ်၊ မြန်မာ့ ယဉ်ကျေးမှု နဲ့ ဓလေ့ ထုံးတမ်း စဉ်လာ ပဲဖြစ်ဖြစ် ရှုခင်း ရှုကွက် ကအစ ပေါ်လွင်အောင် စေတနာ ထားပြီး ရိုက်ကူးမယ် ဆိုရင် တော့ ဖြစ်နိုင် တယ်” လို့ ဦးကျော်သူ က ပြောပြခဲ့ပါတယ်။

မျိုးကျော် (ကနောင်သွေး)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*