ဆင်ဆာကိစ္စ လပ်ကီးဆဲဗင်း ရုပ်ရှင် ထုတ်လုပ်ရေး ပိုင်ရှင် ဦးအုန်းဝင်း ပြောပြီ

ဆင်ဆာကိစ္စ လပ်ကီးဆဲဗင်း ရုပ်ရှင် ထုတ်လုပ်ရေး ပိုင်ရှင် ဦးအုန်းဝင်း ပြောပြီ
October 26, 2016 Asian Fame
ဆင်ဆာကိစ္စ လပ်ကီးဆဲဗင်း ရုပ်ရှင် ထုတ်လုပ်ရေး ပိုင်ရှင် ဦးအုန်းဝင်း ပြောပြီ
In Entertainment News, Local News

own-winလပ်ကီးဆဲဗင်း ရုပ်ရှင် ထုတ်လုပ်ရေး ပိုင်ရှင် ဦးအုန်းဝင်းက လက်ရှိမှာ သူ့ရဲ့ ဗီဒီယို ဇာတ်ကား ၂ ကားနဲ့ ရုပ်ရှင်ဇာတ်ကား တချို့မှာ ဆင်ဆာ အဖွဲ့ အနေနဲ့ မဖြတ်သင့်တာတွေ ကို ဖြတ်နေတာကို တွေ့ရတာမို့ ကိုယ်အားစိုက် ထားတဲ့ အနုပညာ အားထုတ်မှု အပေါ် ကို နှမြော တသဖြစ်မိနေတယ် လို့ ဆို ပါတယ်။

“ဒါရိုက်တာဂျိုး ရိုက်ကူးပေးခဲ့တဲ့ ဇာတ်ကားတုန်း ကဆိုရင်လည်း လူ ကုန်ကူးတဲ့ ပုံစံလေး ရိုက်ကူးထားတာ ဖြစ်တယ်။ ရဲအဖမ်းပြပါ ဆိုလို့ ပြော တော့ ရဲတွေကို ကြိုတင် ဖုန်းဆက် အကြောင်းကြားတာ မပါလို့ ဆိုပြီး တော့ လုပ်တယ်။ ဇာတ်လမ်း တစ်ခုကို တင်ပြပုံအရ ရဲတွေကို တခြားလူ ကလည်း ဖုန်းဆက် ကောင်းဆက်တာဖြစ်မယ်လေ။ အဲဒါကို ဖြတ်ခိုင်းတော့ တစ်ခါ တလေ ဘာလုပ်လို့ လုပ်ရမှန်းကို မသိဘူး ဖြစ်သွားတယ်။ တကယ်တော့ အနုပညာ နဲ့မကြည့်ဘဲနဲ့ အစစ်အမှန် သဘော သဘာဝကို သွားကြည့်နေတော့ ဒုက္ခတွေ ရောက် ကုန်ရောပဲ”လို့ ဦးအုန်းဝင်းက ထောက်ပြ ဆိုပါတယ်။ ဦး အုန်းဝင်း ဆက်ပြောတာကတော့ ခေတ်အဆက်ဆက် မှာ ရုပ်ရှင်အစည်း အရုံး ကနေပြီးတော့ ဆင်ဆာ အဖွဲ့ထဲမှာ မန်ဘာ အနေနဲ့ သွားရောက်ပြီး ဆင်ဆာ အဖွဲ့တွေ စိစစ်နေတဲ့ အပေါ်ကို တချို့ အရာတွေမှာ ဆင်ခြေတက်ပြီး တော့ ဆင်ဆာကို လျှော့ပေါ့အောင် လုပ်ပေးဖို့ဆိုကာ လုပ်ခဲ့ရာကနေ ဆင်ဆာ အဖွဲ့မှာ ရုပ်ရှင် အစည်းအရုံးက အဖွဲ့ဝင်တွေ ပါလာခဲ့တယ် လို့ ဆိုပါတယ်။

“ဒါပေမဲ့ အခုအချိန် ဆင်ဆာတွေ  ကျွန်တော် တို့ထိနေတဲ့ အချိန်မှာ သူတို့တွေ ဘာပြောလဲ ဆိုတာကို ကျွန်တော် တအား သိချင်တယ်။ သူတို့ ဘယ်လို ကာကွယ်ပေးခဲ့သလဲ။ သူတို့တွေ ဘယ်လိုပုံစံနဲ့ ဒီလောကသားတွေ အတွက် ကာကွယ် ပေးနေသလဲ။ ကျွန်တော်တို့က ကျဉ်းထဲကျပ်ထဲ ကနေ ရိုက်ကူးနေကြ ရတာဖြစ်တယ်။ ဆင်ဆာ အဖွဲ့ထဲမှာ ရောက်ရှိနေတဲ့ သူတွေ ဟာလည်း ကိုယ်တိုင် ရုပ်ရှင်တွေ ရိုက်ခဲ့သူတွေ ချည်းပါပဲ။ ဇာတ် ညွှန်းရေး ဆရာ၊ ဒါရိုက်တာ၊ ပရိုဂျူဆာတွေ လည်း ပါပါတယ်။ သူတို့လည်း ကျွန်တော် တို့လို ရိုက်ကူး ခဲ့ရတာပါပဲ။ ကျွန်တော်တို့ အလှည့်ကျမှ ဒါတွေကို မရိုက် ကူးပါနဲ့၊ ဒါတွေက မှားတယ် ဆိုပြီးတော့ ထောက်ညွှန်ချက်တွေ လုပ်လာတဲ့ အခါ ကာကွယ်ပေးရမှာ က သူတို့ အလုပ်လေဗျာ။ အဲဒါကို ဟုတ်တယ် ဆိုပြီး ထောက်ခံခြင်း မပြုဘဲနေတယ်။ ရိုက်ကူးတဲ့ အခက် အခဲ တွေ ကို သူတို့ ကိုယ်တိုင်ကြုံခဲ့ရ တာဖြစ်တဲ့ အတွက် လက်ရှိမှာ မသိသေးတဲ့ ဆင်ဆာ အဖွဲ့ဝင် ဝန်ထမ်းတွေ ကို  ပြောပြ ပြီးတော့ ကျွန်တော် တို့တွေကို ကာကွယ် ပေးသင့်တယ်လို့ ကျွန်တော် ကတော့မြင်တယ်” လို့ ဦးအုန်းဝင်း က ပြောပြ ပေး ပါတယ်။ အခုခေတ် ဆိုရင် ပွင့်လင်းမြင်သာတဲ့ ခေတ်ကို ရောက်နေတဲ့ အပြင် ဆင်ဆာ ဆိုတဲ့ သဘော သဘာဝသည် နိုင်ငံတော် အစိုးရရဲ့ လျှို့ဝှက် ဥပဒေ တစ်ခုလည်း မဟုတ်ပါကြောင်း ဦးအုန်းဝင်း က ဆိုပါတယ်။

“ဒါကို လျှို့ဝှက်ချက်ကြီး တစ်ခု လုပ်ပြီးတော့ ဘယ်သူကတော့ ဖြတ် တောက်လိုက်တယ်၊ မဖော်ပြနဲ့ ဆိုတာတွေက ဟိုးအရင် ထောက် လှမ်းရေး ခေတ်ကလို မဟုတ်တော့ဘူးလေ။ အမှန်တော့ ဘာကြောင့်ဖြတ်တယ် ဆို တာကို ကျွန်တော် တို့တွေနဲ့ ထိပ် တိုက် ဆွေးနွေး ပြီးမှ လုပ်သင့်ပါတယ်။ အခုကျတော့ ဖြတ် ဆိုတာချည်းပဲ။ စဉ်းစားရတဲ့ အတွေး အခေါ် ကအစ အဲဒီလို လုပ်နေတော့ ဘောင်ထဲကနေ စဉ်းစားနေ ရသလိုဖြစ်နေပြီ။ ကျွန်တော်တို့ အက်ရှင် ဇာတ်ကားတွေ၊ ဒရာမာ ဇာတ်ကားတွေ ရိုက်ကူးတဲ့ အခါ ဖိအားတွေ တအား ရင်ဆိုင်နေ ရပြီ။ ရုပ်ရှင် အစည်းအရုံးက ဆင်ဆာ အဖွဲ့ဝင် မန်ဘာတွေ အနေနဲ့ ကျွန်တော်တို့ အတွက်ကို ကာကွယ် ပေးသင့်တယ်။ ကာကွယ် ပေးခဲ့တာမျိုး ရှိခဲ့ရင် လည်း ချပြစေချင်တယ်။ သူတို့တွေ ဘာတွေကို ကာကွယ်ခဲ့လဲ ဆိုတာကိုလည်း သိချင်နေပါ တယ်” လို့ ဦးအုန်းဝင်း က ပြောပြပေးပါတယ်။

ကမ္ဘာမှာ လက်ရှိ ကျင့်သုံးနေတဲ့ Rating စနစ်ကို ကျင့်သုံးလာ နိုင်ရင် တော့ ပိုကောင်းမွန် လာမယ်လို့ မြင်မိကြောင်းလည်း ဆိုပါတယ်။ Rating စနစ်ကို သူ့အနေနဲ့ကတော့ ကြိုဆိုပါကြောင်းလည်း” လို့ ဦးအုန်းဝင်းက ဆိုခဲ့ပါတယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*