နောက်ဘဝမှာလည်း အခုယောက်ျားနဲ့ပဲ ထပ်မံ လက်ထပ်လိုတဲ့Han Hye Jin

နောက်ဘဝမှာလည်း အခုယောက်ျားနဲ့ပဲ ထပ်မံ လက်ထပ်လိုတဲ့Han Hye Jin
October 25, 2016 Asian Fame
နောက်ဘဝမှာလည်း အခုယောက်ျားနဲ့ပဲ ထပ်မံ လက်ထပ်လိုတဲ့Han Hye Jin
In International

ki-sung-yeung-and-han-hye-jin-copy

၁၅ ရက်နေ့က KBS 2TV  ရဲ့ Entertainment Relay  အင်တာဗျူးမှာHan Hye Jin က သူမရဲ့သမီးလေးရဲ့ ဆန္ဒကမင်းသမီး ဖြစ်ချင် တယ်ဆိုရင် သူမက အနီးကပ် ပံ့ပိုးပေးမှာဖြစ်သလို သမီးလေးကို ချစ်ခြင်းမေတ္တာတွေနဲ့ အရွယ်ရောက်လာစေချင်ပါတယ်။ ခင်ပွန်းသည် နဲ့ ပတ် သက်ပြီး အင်တာဗျူးမှာ သူမဟာ နောက်ဘဝမှာ လူ ပြန်ဖြစ်ရင်လည်း သူမယောက်ျားကိုပဲ ပြန်ပြီး လက် ထပ်မယ်လို့ မဆိုင်းမ တွ ဖြေလိုက်တဲ့အဖြေကြောင့်Han Hye Jin ဟာ ယောက်ျားပေါ်မှာ အဆုံးမရှိတဲ့ ချစ်ခြင်း များနဲ့ ချစ်တဲ့သူတစ်ယောက်လို့ ဆိုလို့ရပါ တယ်။

သူမရဲ့ အပင်ပန်းခဲ့ဆုံး ၊ အခက်ခဲဆုံးအရာကိုမေးတော့ သူမ ကိုယ်ဝန်ဆောင်စဉ်မှာ ယော က်ျား အတွက် မနက်စာ ပြင်ပေးရတာ ပါလို့ ဖြေခဲ့ပါတယ်။ ကိုယ်ဝန်ရှိစဉ်က မနက်တိုင်း အားမရှိသလို ခံစားရပြီး အနံ့တော် တော်များများကိုလည်း မခံနိုင်တာကြောင့် မနက်စာ ကို နှာခေါင်းအုပ်ပြီးချက်ခဲ့ရပါတယ်။ ကိုယ်တိုင်ချက် ပြုတ်တာကို စားစေချင်တဲ့ ဆန္ဒနဲ့သာ အားတင်းခဲ့ ရပေမယ့် ဒါတွေ ကိုတော့ ခင်ပွန်းသည်ကတော့ မသိ လိုက်ပါဘူး။ နောက်ဘဝမှာ လူဖြစ်ရင်တောင် သူ့ ကိုပဲ ချစ်ပါမယ်ဆိုတဲ့ စကားလေးကို အင်တာ ဗျူးမှာ သူမယောက်ျားအတွက် ချန်ထားခဲ့ပါ တယ်။ဘယ်လောက်တောင် ကြည် နူးဖို့ ကောင်းလိုက်ပါလဲ။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*