“ဂီတ ပညာရှင် ဘုရင်ကြီး”

“ဂီတ ပညာရှင် ဘုရင်ကြီး”
October 25, 2016 Asian Fame
“ဂီတ ပညာရှင် ဘုရင်ကြီး”
In Articles

thai-scanလောက သဘာဝသည် ရိုး စင်းလှပါဘိ။

ထိုမျှ ရိုးစင်းသော လောက ကြီးတွင် သဘာဝ တရားကို လွန် ဆန်နိုင်သောသူ ဟူသည်မရှိ။

မကြားချင်သော သတင်းကိုမလွဲ မသွေ ကြားရတော့မည်ဟု သိနေ သော်လည်း တတ်နိုင်သမျှ မြန်မြန် မကြားလိုကြသော သူများသည် ထိုင်းနိုင်ငံရှိ ပြည်သူ တစ်ရပ်လုံး ဖြစ် ပါ၏။

သူတို့ မကြားလိုသော သတင်း ကို တစ်ရက်၊တစ်လ၊ တစ်နှစ် တတ် နိုင်သမျှ အချိန် ဆွဲထားလိုကြသော ပြည်သူတွေက ဆုတွေတောင်းကြ သည်။

တစ်ယောက်မဟုတ်၊ လူပေါင်း များစွာ။

တစ်ရက် မဟုတ်၊ ရက်ပေါင်းများ စွာ။

သို့သော်လည်း မကြားချင်သော သတင်းကို ၂ဝ၁၆ခုနှစ် အောက်တို ဘာလ (၁၃)ရက်နေ့ ညက ထိုင်းနိုင်ငံ သူ၊ နိုင်ငံသားများ နှင့်အတူ ကမ္ဘာက ပါ ကြားသိလိုက်ကြပါ၏။

ထိုင်းပြည်သူတွေ ချစ်သော ဘုရင်ကြီး၊ ကမ္ဘာတွင် နန်းသက် အရှည်ကြာဆုံးသော ထိုင်းဘုရင် မင်းမြတ်ကြီး ဘူမိဘော အဒူရာဒက် (ရှ)နတ်ရွာစံ ကံတော်ကုန်လေပြီ။

ထိုင်းနိုင်ငံတွင် ခြောက်နှစ်နှင့် သုံးလကြာ တာဝန်ထမ်းဆောင်ခဲ့ရ ဖူးသော ကျွန်တော်သည် တော်ဝင် မိသားစုနှင့် ရင်းနှီးခွင့် ရခဲ့ပါ၏။ သံ အမတ် ခန့်အပ်လွှာကို ၁၉၈၆ခုနှစ် သြဂုတ်လ (၁၃)ရက်နေ့တွင် ထိုင်းဘု ရင်မင်းမြတ်ထံ ပေးအပ်ခဲ့ခြင်းဖြင့် တာဝန်များ စတင်ထမ်းဆောင်ခဲ့ရ ပါသည်။

တိုက်ဆိုင်လှစွာပင် ယခုနှစ် ပေါင်း (၃ဝ)နှင့် (၂)လ ပြည့်သော အောက်တိုဘာလ ၁၃ရက်နေ့တွင် ထိုင်းဘုရင်ကြီး နတ်ရွာစံလေပြီ။

ထိုင်းပြည်သူများ နှင့်အတူ စိတ် မကောင်းခြင်းကို ခံစားရပါသော ကြောင့် စာအုပ်စင်တွင် အသင့်ရှိ သော စာအုပ်ထူကြီး တစ်အုပ်ကို ဆွဲ ယူလျက် အဓိပ္ပာယ်မဲ့စွာ ကြည့်နေမိပါ သည်။

ထိုင်းနိုင်ငံ ဘုရင်ကြီး၏ တတိယ မြောက်သမီးတော် မင်းသမီးမဟာ ချက္ကရီ သီရိဒုံ ၁၉၈၆ခုနှစ်၊ မတ်လက မြန်မာနိုင်ငံကို လာရောက် လည်ပတ် လေ့လာရေးခရီး အကြောင်း အမှတ် တရရေးသားထားသော စာအုပ်ထူ ကြီးကို တစ်ရွက်ချင်း တစ်ရွက်ချင်း ကြည့်နေမိသည်။စာမျက်နှာ (၃၃၆)မျက်နှာရှိ သည်။ အမှတ်တရ ဓာတ်ပုံပေါင်း (၄၃ဝ)ပါရှိသည်။

စာမျက်နှာ တစ်ရွက်ချင်းတစ် ရွက်ချင်း ဓာတ်ပုံပေါင်း တစ်ပုံချင်း တစ်ပုံချင်း ကြည့်နေမိသည်။

ထိုင်းဘာသာ နှင့် ရေးထား သောကြောင့် ကျွန်တော် မဖတ်တတ်။ သို့သော် ဓာတ်ပုံတွေ အားလုံးက ကျွန်တော် ကိုယ်တိုင် လိုက်ပါခဲ့ရ သော ခရီးစဉ် တစ်လျှောက်လုံးကို မှတ်မိနေစေပါတော့သည်။

ဓာတ်ပုံအမှတ်(၁-၂-၃)သည် ထိုင်းနိုင်ငံဘန်ကောက်မြို့မှအထွက် ညီမတော် ချူလာဘွန်းက လေယာဉ် ပေါ်လိုက်ပါ ပို့ဆောင်သော ပုံများဖြစ် သည်။ ဓာတ်ပုံ အမှတ်(၄)သည် ဝန် ကြီးချုပ်ဦးမောင်မောင်ခ ဦးဆောင် သော ကျွန်တော်နှင့် ကျွန်တော့်ဇနီး အပါအဝင် ကြိုဆိုရေးအဖွဲ့ပုံမှ အစ ဖြစ်ပါ၏။

ရန်ကုန်၊ တောင်ကြီး၊ အင်း လေး၊ မန္တလေး၊ စစ်ကိုင်း၊ ပုဂံ ခရီးစဉ် တစ်လျှောက်လုံး စိတ်အာရုံ တရိပ်ရိပ် ပေါ်လာစေပါတော့သည်။ ဓာတ်ပုံ အမှတ် (၄၂၃-၄၂၄)က လေ ဆိပ်တွင် လေယာဉ် ပြန်ထွက်မည့် အပြန်ခရီးကို ကျွန်တော်တို့ လိုက်ပါ ပို့ဆောင် နှုတ်ဆက်ကြသော ပုံဖြစ်၍ (၄၂၅)က မြန်မာငွေစက္ကူများပုံဖြစ် သည်။

ဓာတ်ပုံ အမှတ် (၄၂၆-၄၂၇) သည် ဘန်ကောက် လေဆိပ်တွင် ညီမငယ် ချူလာဘွန်းက လေယာဉ် ပေါ်တက်၍ ကြိုဆိုသော ပုံဖြစ်ပါ သည်။

ထို့ကြောင့် ဓာတ်ပုံအမှတ် (၁) မှ (၄၂၇)အထိ ပုံများသည် ထိုင်း ဘုရင်၊ သမီးတော်၏ ခရီးစဉ်မှတ် တမ်းသာဖြစ်ပါ၏။

နောက်ဆုံးဓာတ်ပုံ သုံးပုံက ထူးခြားသည်။
မြန်မာနိုင်ငံမှ ပြန်လာသော သမီးတော်အား ထိုင်းနိုင်ငံဘုရင်ကြီး က နန်းတော်မှ ကြိုဆိုသော ပုံများ ဖြစ်ပါ၏။ ဖခင်ကြီးက သမီးအား ကြို ဆိုခြင်းသည် အထူးအဆန်းမဟုတ်။

သို့သော် ပုံအမှတ်(၄၂၈)က ဘုရင်မင်းမြတ်ကြီး ကိုယ်တိုင်လေ မှုတ်ကိရိယာကို မှုတ်၍ သူ့နောက်မှ တီး ဝိုင်းအဖွဲ့ကလည်း လေမှုတ်ကိရိ ယာများ ကိုယ်စီတီးမှုတ်လျက် ကြိုဆို နေသော ပုံဖြစ်ပါ၏။

ညအချိန် ပြန်ရောက်လာသော သမီးကို ဘုရင်ကြီး၏ နောက်ဆုံး ဖွဲ့ စည်းထားသော Sahai Phathana ဘင်ခရာ အဖွဲ့နှင့် ကြိုဆိုနေသောပုံ သည် ဘုရင်ကြီးပင် ဖြစ်လင့်ကစား သာမန် နှလုံးသားရှိသော ဖခင်၊ အနု ပညာဂီတကို ချစ်မြတ်နိုးသော ဘုရင် ကြီး၏ လူသား ဆန်သော ဘဝကိုပေါ် လွင် စေလျက် ရှိပါတော့သည်။

မှတ်တမ်း ဓာတ်ပုံပေါင်း (၄၃ဝ) ပုံအနက် ထိုဓာတ်ပုံ တစ်ပုံတည်းက ထိုင်းဘုရင်ကြီးအား စိတ်ဝင်စားစေ ဖို့ ဖန်တီးခဲ့သော ဓာတ်ပုံဖြစ်ပါ၏။

ထို့ကြောင့် ကျွန်တော် တာဝန်ယူ ခဲ့ရသော ခြောက်နှစ်နှင့် သုံးလကြာ ကာလ အတွင်း ဘုရင်ကြီးနှင့် ဂီတ၊ ဂီတနှင့် ဘုရင်ကြီး အကြောင်း စူး စမ်းကြည့်မိရပါတော့သည်။

၁၉၂၇ ခုနှစ် ဒီဇင်ဘာလ ၅ရက် နေ့တွင် ဖွားမြင်တော် မူခဲ့သော မင်း သားလေး ဘူမိဘောအဒူရာဒက် (ရှ) သည် ငယ်စဉ်ကပင် တေးဂီတကို စိတ်ဝင်စားခဲ့သူဖြစ်သည်။ ဂီတကို စိတ်ဝင်စား သောကြောင့် တူရိယာ ပစ္စည်း အားလုံးကို စိတ်ဝင်စားခဲ့ သည်။ ထိုတူရိယာ ပစ္စည်းတွေထဲမှ နောင်တော် အနန္ဒာမဟီဒေါ နှင့်အတူ စန္ဒရားကို စတင် သင်ယူလေ့ လာ ဖြစ်သည်။

အနည်းငယ် တီးတတ်လာသော အခါ မင်းသားငယ် ဘူမိဘောအဒူ ရာ ဒက်(ရှ)က အကော်ဒီယံကို ပြောင်းသင်ကြည့်သည်။ ခဏတာ သင်ကြည့်ပြီး စန္ဒရားတီး ပညာကို သာ ပြန်သင်သည်။ သူ့အပြောက တော့ အကော်ဒီယံ တီးခြင်းသည် စန္ဒရားတီး ပညာကို နှောင့်ယှက်မှု ဖြစ်စေသည်ဟုဆိုသည်။

ထို့နောက်လေမှုတ်ကိရိယာ ဖြစ်သော ကလဲရီနက်ကို သင်ပြန် သည်။ ထိုလေမှုတ်ကိရိယာကို တော့ မင်းသားညီအစ်ကိုနှစ်ယောက်ကို နာရီဝက်စီနာရီဝက်စီခွဲ၍ ဆရာက သင်ပေးသည်ဟုဆို၏။ အခြေခံမျှ သာဖြစ်၏။

မင်းသားငယ် ဘူမိဘောအဒူရာ ဒက်(ရှ)သည် ဂီတပညာကို သင်ယူ ရာတွင် ဂီတ သင်္ကေတနှင့် ဂန္ထဝင် တေးကို စိတ်ဝင်စားစွာ သင်ယူသည် ဟုဆိုပြီး နှစ်နှစ်မျှ သင်ယူပြီးသော အခါ မင်းသားငယ်သည် လေမှုတ် ကိရိယာကို စွဲစွဲမြဲမြဲ စိတ်ဝင်စားလာ သည်။ ဆက်ဆိုဖုန်း၊ ကလဲရိနက် စသည့် လေမှုတ် တူရိယာကိုသာ သင်ယူ လေ့ကျင့်သည်။ ဂီတသင်္ကေ တကို အခြေခံက စလေ့လာခဲ့သော ကြောင့် လေမှုတ် ကိရိယာကို ပြောင်း သော်လည်း တတ်လွယ်သည်။

ထို့နောက် ဂျက်(စ်) တီးဝိုင်းသို့ ပြောင်းသည်။ ဂျက်(စ)က သူ့အတွက် ပိုမို လွတ်လပ်သော ခံစားမှုကို ရစေ သည် ဟုဆို၏။ ဂျက်(စ)တေးဂီတကို တော့ သူ၏ ကိုယ်ပိုင် အချိန်များစွာ သုံး၍အာရုံစူးစိုက်လေ့ကျင့်သည်ဟု ဆို၏။

ဂျက်(စ)တေးဂီတကို လိုက် စားလေ့ကျင့်ရာ၌ ရှေးခေတ်ထင် ရှားသော ဂျက်(စ)ဓာတ်ပြား များကို ဖွင့်၍ စူးစူး စိုက်စိုက် လေ့လာသည်ဟူ သော မှတ်တမ်းများရှိသည်။ ဂျက်(စ) ဂီတ လေ့လာမှုက သူ့အတွက် ပိုမို လွတ်လပ်၍ တီထွင် ဖန်တီးခွင့်ရ သည်ဟု မင်းသား ဘူမိဘောက ဆို သည်။
ဂီတပညာ လေ့လာမှုမှာ ယုံကြည်မှု ရှိလာသောအခါ သူ၏ ဂီတဆရာ များကလည်း အားပေး သည်။ ဆရာများမှာ Sidney Bechet (Soprano Saxophonist) နှင့်Johnny Hodges (Alto Saxophone master) တို့ဖြစ်ကြ သည်ဟု မှတ်တမ်းရှိသည်။

မင်းသား ဘူမိဘောသည် သူ၏ ပါရမီနှင့် ဇွဲကြီးစွာ လေ့ကျင့်မှုတို့ ကြောင့် ဂီတပညာမှာ ကျွမ်းကျင်စွာ တတ်မြောက်လာသည်။
အသက်(၁၈) နှစ်တွင် ပထမ ဆုံး ကိုယ်ပိုင် သီချင်းရေးစပ်သည်။ Candle Light Blues အမည်ရသီ ချင်းဖြစ်သည်။
နန်းတော်မှ ပထမဆုံး လူထုထံ ထုတ်ဝေဖြန့်ချိသော “Love at Sundown” ဟူသော ဒုတိယရေး သော သီချင်းကို ရေးပြန်သည်။

တတိယသီချင်းမှာ “Love at Sundown” ဟူသော Sweet Waltz သီချင်းဖြစ်ပါ၏။ ထိုသီချင်းသည် အထူးကျော်ကြားသည်။ ထီးနန်း မဆက်ခံမီ နောက်ဆုံးရေးသော စတုတ္ထမြောက် သီချင်းသည်Near Dawn ဖြစ်ပါ၏။

ဘုရင်အဖြစ် စိုးစံစ ကာလမှာ သီချင်းများ ရေးစပ်သေးသည်။ “Blue Day” “Dream of Love” “Dream of You” နှင့် “Love Light in My Heart” တို့ဖြစ်သည်။ ဘုရင်ကြီးက သူရေးသော သီချင်းများကို ပြည်သူ လူထု သုံးစွဲဖို့ ခွင့်ပြု၏။ အဆုတ် ရောဂါ တိုက်ဖျက်ရေး လှုပ်ရှားမှု အတွက် “Love at Fundown” ၊ ကြက်မွေးမြူရေး အသင်း အတွက် “Falling Rain” ၊မျက်မမြင်ကျောင်း လှုပ်ရှားမှု အတွက် “Smiles” နှင့် စစ် ချီတေး သီချင်း အဖြစ် Rao Su (We Shall Fight)၊ Kwamfan An Sungsud (The Noblest Dream) စသည်တို့ရေးခဲ့သည်။ သုံးစွဲခွင့်ပြု သည်။

တေးသီချင်းများ ရေးစပ်မှုနှင့် ပတ်သက်၍ ၁၉၆၆ ခုနှစ် ဧပြီလ ၁၆ ရက်နေ့ Sangkhitmongkhon (ရွှေပြဇာတ်) တွင် ပြောကြားခဲ့သည် က မှတ်သား လောက်၍ ပြည်သူလူ ထု အသည်းထဲစွဲစေခဲ့ပါတော့သည်။

ယခုထိ နှစ် ၂ဝအတွင်း တေးသီ ချင်းအပုဒ် ၄ဝ ရေးစပ်ခဲ့ခြင်းကြောင့် တစ်နှစ်မှာ သီချင်း နှစ်ပုဒ်နှုန်း လောက် ရေးခဲ့သည်။ ဒီလိုရေးနိုင်ခဲ့ ခြင်းဟာ တေးဂီတညာရှင်တွေ၏ ထောက်ပံ့မှု၊ တေးရေးသူများ၊ သီဆို သူများနှင့် တကွ အားပေးကြသည့် ပရိသတ်ကြီး ၏ မပျက်မကွက် အား ပေးမှုတွေနှင့် တေးသီချင်း တွေကို စွဲမြဲစွာ အသိအမှတ် ပြုကြခြင်းတို့ ကြောင့် ဆက်တိုက် ရေးစပ်နိုင်ခြင်း ဖြစ်ကြောင်း ထုတ်ဖော် ကြေညာခဲ့ ခြင်းက ဘုရင်အနေနှင့် မဟုတ်ဘဲ ဂီတပညာရှင် တစ်ယောက် အဖြစ် ရိုး ရှင်းစွာ နှိမ့်ချပြောဆို တတ်သော စိတ်ဓာတ်ကို လူထုက တသသစွဲ မက်လျက် ရှိကြပါတော့သည်။

ယခုသက်တော် ၈၈နှစ်တွင် ဘုရင်မင်းမြတ်ကြီး နတ်ရွာစံကံ တော်ကုန်ခဲ့ပြီ။

သို့သော်….

နှစ်ပေါင်း ခုနစ်ဆယ်မျှ တိုင်း ပြည်စည်းလုံး ညီညွတ်ရေးနှင့် ကျေး လက်စီးပွားရေး ဖွံ့ဖြိုးမှု အတွက် ဆောင်ရွက်ရင်း တေးဂီတကို ချစ် မြတ်နိုးစွာ ဖန်တီးခဲ့သော ဘုရင်ကြီး ကို သူ့ တိုင်းသူပြည်သားတွေက တသသဖြစ်နေကြမည်မှာ သေချာ လှပါ၏။

မောင်ဆွေသက်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*