နိုင်​ငံခြားရုပ်​ရှင်​ဇာတ်​ကားများ ​ဈေးနှုန်းသက်​သာစွာဝယ်​ယူ ကြည့်​ရှုခွင့်​ရရှိ​ရေးဆန္ဒပြ

နိုင်​ငံခြားရုပ်​ရှင်​ဇာတ်​ကားများ ​ဈေးနှုန်းသက်​သာစွာဝယ်​ယူ ကြည့်​ရှုခွင့်​ရရှိ​ရေးဆန္ဒပြ
October 17, 2016 Asian Fame
နိုင်​ငံခြားရုပ်​ရှင်​ဇာတ်​ကားများ ​ဈေးနှုန်းသက်​သာစွာဝယ်​ယူ ကြည့်​ရှုခွင့်​ရရှိ​ရေးဆန္ဒပြ

14721468_1136840313063042_1881448970261422895_n

ရန်ကုန် အောက်တိုဘာ ၁၆

နိုင်ငံခြားရုပ်ရှင်ဇာတ်ကားများ၊သီချင်းများ ပြန်လည်ရောင်းချခွင့်ရရှိရေးနှင့် မြန်မာသီချင်းနှင့်ရုပ်ရှင်၊ဗွီဒီယိုဇာတ်ကား ခိုးကူးခွေများကိုသာဖမ်းဆီးအရေးယူပေးရေးအတွက် နိုင်ငံခြားဇာတ်ကားများရောင်းချကြသည့် လူအယောက်၅၀နီးပါးက အောက်တိုဘာလ ၁၆ရက်နေ့၊မွန်းလွဲ ၂နာရီခန့်မှစ၍ ဗဟန်းမြို့နယ်၊ဗိုလ်စိန်မှန်ကွင်းတွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ဆန္ဒဖော်ထုတ်ရာတွင် ၁၉၉၆ ရုပ်မြင်သံကြားနှင့်ဗွီဒီယိုဥပဒေသည် ခေတ်ကာလနှင့်မကိုက်ညီတော့၍ ပြင်ဆင်ဖြေလျော့ပေးရေး၊နိုင်ငံခြားရုပ်ရှင်များကို ဈေးနှုန်းသက်သာစွာဖြင့်ဝယ်ကြည့်ရှု့ခွင့်ရရေး၊မြန်မာသီချင်းနှင့်ရုပ်ရှင်၊ဗွီဒီယိုဇာတ်ကားခိုးကူးခွေများကိုသာဖမ်းဆီးအရေးယူပေးရေးနှင့်စားဝတ်နေရေးအခက်အခဲကြောင့် နိုင်ငံခြားဗွီဒီယိုခွေ ဝယ်ယူရောင်းချသူများ၏ ဘဝကိုစာနာနားလည်ပေးရေးစသည့် အချက်များကို တောင်းဆိုခဲ့ကြသည်။

သတင်း-ဖြိုးထက်အောင်
ဓာတ်ပုံ-အောင်နိုင်စိုး(ကစ္ဆပ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*