မွန်ဌာနေက ဖားအောက်စခန်း၊ သဒ္ဓါ ကြည်ဖို့ ကြွကာလှမ်း၊ နှီးဘုရားကြီးအံ့ဘွယ်မခန်း

မွန်ဌာနေက ဖားအောက်စခန်း၊ သဒ္ဓါ ကြည်ဖို့ ကြွကာလှမ်း၊ နှီးဘုရားကြီးအံ့ဘွယ်မခန်း
October 17, 2016 Asian Fame
မွန်ဌာနေက ဖားအောက်စခန်း၊ သဒ္ဓါ ကြည်ဖို့ ကြွကာလှမ်း၊ နှီးဘုရားကြီးအံ့ဘွယ်မခန်း
In Dhamma Thoughts, Interviews

14670839_1134625433284530_4041776028729636130_n

ခင်စန်းသန္တာ(ရှေး/သု)
ကုန်အောင် စောင့်နေ ပါ က၊ အဖြေရှာမရ ဖြစ်နေ သော ပုစ္ဆာကြောင့် ‘တော် သလင်းနေ၊ ပုဇွန်သေ’ ဖြစ်မည် အထင်ဖြင့် မနက်စောစောထကာ မော်လမြိုင်သို့ သွားမည် ဟု ညတွင်းစီစဉ်ကာ ပြင်ဆင်ပြီး မနက်တွင် ‘တော်သလင်းမိုး၊ ကန် သင်းကျိုး’ဖြင့် တွေ့လေတော့သည်။ သို့ပေမယ့်’ထွက်ပြီးဆင်စွယ်၊ ဝင် သည်မရှိ’သကဲ့သို့ ခရီးထွက်ခဲ့ပါ တော့သည်။ စာရေးသူသည် စာပေဆောင်း ပါးများအား လေ့လာရေးသားလျက် ရှိရာ၊ ဒွိဟဖြစ်နေသော ပုစ္ဆာ တစ်ခုကို ဘယ်ပုံဘယ်နည်း ချဉ်းကပ် ပါက အဖြေမှန်နှင့် နီးစပ်နိုင်မလဲ ဆိုသော မေးခွန်းအတွက် ဆရာ့ထံ မေးမြန်းရန်အတွက် သွားခဲ့ခြင်းဖြစ်သည်။ စာရေးသူ၏ ဆရာသည် နိုင်ငံ တကာဖားအောက်တရားရိပ်သာတွင် ဝတ်တည်ဆောက်နေသော ဆရာ တော်ဦးဝိသုဒ္ဓါစာရ၊ သက်တော် ၈၃နှစ် ဝါတော် ၁၃ဝါရှိသော ဆရာတော်တစ်ပါးဖြစ် ပြီး လူပုဂ္ဂိုလ်အရပြောမည်ဆိုလျှင်ီမ လွင်အောင်၊ ဒု/ပါချုပ်ဟောင်း၊ ရန်ကုန်စက်မှုတက္ကသိုလ်ဟုခေါ်ဆို နိုင်သော ဗိသုကာပညာရှင်ဟောင်း တစ်ဦးဖြစ်ပါသည်။ ယခုဖားအောက် တောရရှိ နှီးဘုရားကြီး၏ စံကျောင်း ကို ပုံစံထုတ်ဆောက်လုပ်ပေးနေသော ဗိသုကာပညာရှင်တစ်ဦးဖြစ်ပါသည်။ စာရေးသူသည် နယ်ခံတပည့်၊ သူငယ်ချင်းများနှင့်ချိတ်ဆက်ကာ နိုင်ငံ့ဝန်ထမ်းဖြစ်သဖြင့် ရုံးအားရက် ဖြစ်သည့်နေ့တွင် မရောက်ရောက် အောင် မိုးထဲလေထဲ သွားရပါတော့ သည်။ နိုင်ငံတကာ ဖားအောက်တောရ တရားရိပ်သာInternational Meditation Centre Of Pa Auk (IMCAPA) သည် မုဒုံနှင့် မော်လမြိုင်အကြား၊ မော်လမြိုင်နည်းပညာ တက္ကသိုလ် အနီးတွင်ရှိပါသည်။ ၂ဝ၁၂ခုနှစ်၊ ဧပြီလတွင် တစ်ခေါက် ရောက်ဖူးပြီးဖြစ်သဖြင့် ဒုတိယအကြိမ် သွားရောက်ခြင်းဖြစ်သည်။
စာရေးသူမေးလိုသော ပုစ္ဆာမှာ ၁ဝ၅၆ခုနှစ်တွင် အနော်ရထာ သထုံမြို့တော်(သုဝဏ္ဏဝတီ) သို့ ချီတက်ပြီး ၁ဝ၅၇တွင် အောင်နိုင်ခဲ့ရာ ပိဋကတ်သုံးပုံနှင့်အတူ ‘ပန်းဆယ်မျိုး’ ပညာ ရှင်များ၊ လက်မှုပညာရှင်များကို ပုဂံ သို့ခေါ်ဆောင်ခဲ့သည့်အချက်ဖြစ် သည်။ ယင်းနှစ်နှောင်းပိုင်းတွင် မနူ ဟာမင်းသည် သံဝေဂရ၍ မိမိပိုင်သော မနောမယကျောက်မျက်ရွဲကို မြင်းကပါသူဌေးထံရောင်းကာရ သောအသပြာ
လှည်းခြောက်စီး ဥစ္စာ တို့ဖြင့် ဘုရားတစ်ဆူ(မနူဟာ လိုဏ ဂူ) တည်ခဲ့သည်။ တွင်းသင်း(ပ)၊ စာ ၉ဝ။
အရှင်ဘုရားနှင့် မေးမြန်းချက် များမှာ အောက်ပါအတိုင်းဖြစ်ပါ သည်။
အမေး ။ ဘန္တေ ‘အနော်ရထာမင်း ခေါ်ဆောင်လာသော ပညာရှင်များ အထဲတွင် ဗိသုကာ ပညာရှင်သီးသန့် ပါ၊ မပါကိစ္စအား ဆရာတော်ထင်မြင် ချက် ပြောပြစေလိုပါတယ်။
ဖြေ ။ ‘မပါဘူး’ ဗိသုကာပညာရှင် ဆိုသည်မှာ ပန်းဆယ်မျိုးနည်းပညာ ကိုသုံးပြီး ဒီဇိုင်းထုတ်ရသူဆိုတော့၊ ပန်းဆယ်မျိုးပညာရှင်ပါတယ်ဆိုရင် ဗိသုကာပညာရှင်ပါနေပြီဟု နား လည်နိုင်ပြီပေါ့။
မေး ။ ‘နားမရှင်းပါဘုရား’ သည်းခံ တော်မူပါ။
ဖြေ ။ သြော် ‘ပဲ၊ ပု၊ ရန်၊ ပွတ်၊ တိမ်၊ တဉ်း၊ တော့၊ တမော့၊ ယွန်းနှင့် ချီ’ ဆိုတဲ့ ပန်းပညာ ဆယ်ရပ်က၊ ဗိသုကာပညာရှင်သုံးရတဲ့ ကိရိယာ တွေလေ။ ဒီဇိုင်းထုတ်သူက ဗိသုကာ၊ သူ့တာဝန်က အမြင်ပသာဒ ဖန်တီး ပေးဖို့လေ၊ လျောက်ပတ်တဲ့ အမြင်ပ သာဒရလဒ် Appropriate Expression ကနေ အမြင်ရသ Visual Expression ဖန်တီးရာတွင် ပန်းပညာဆယ်မျိုး ထဲက လိုအပ်တဲ့ နေရာမှာ ဗိသုကာ ဒီဇိုင်နာကရွေးယူ သုံးစွဲရတာ၊ ဒီ တော့ ပန်းပညာသည်တွေ ခေါ်လာ ခဲ့တယ်ဆိုရင် ဗိသုကာပညာရှင်ကိုပါ ခေါ်လာတယ်ဆိုတာကို သဘော ပေါက်ရမှာပေါ့။
မေး ။ ဘန္တေ၊ ကျန်စစ်သားမင်းက ၁၄၊ ဇန်နဝါရီလ ၁ဝ၆ဝမှာ အနော်ရထာ မင်း စတည်ပြီး မပြီး သေးတဲ့ ရွှေစည်းခုံစေတီငယ်ကိုငုံ၍ ကျောက်၊အုတ်တို့နဲ့ ထပ်မံတည် ဆောက်တယ်။ ဖိနပ်တော်၊ အယပ် တော်၊အတောင်(၈ဝ)မျှစီရှိတဲ့ ရွှေစည်းခုံစေတီတော်ကြီးကို ၁၅၊ ဧပြီ၊ ၁ဝ၉ဝ-မှာ အပြီးတည်သည်လို့ မြန်မာ့ရက်စဉ်သမိုင်း၊ သမိုင်းသုတေ သန ဦးစီးဌာနထုတ်၊ ပကြိမ်၊ ၂ဝဝ၉)မှာ ၂၄နှစ်ကြားကာလခြားပြီး ကျန် စစ်သားမင်းက (၆)လနဲ့အပြီးတည် လိုက်တယ်လို့ ဖော်ပြပါတယ်။ စာရေးသူမေးလိုတာက မွန်ပြည်နယ် ကပါလာတဲ့ ဗိသုကာ ပညာရှင်တွေရဲ့ လက်ရာပါလို့ ပြီးစီးကြောင်း သုံးသပ် ရင်မှားနိုင်ပါသလားဘုရား။
ဖြေ ။ မှန်နိုင်ပါတယ်၊ ဘာလို့လဲဆို တော့ ၁၁ဝ၁ ခုမှာ ကျန်စစ်သား မင်း ဇေယျဘူမိနန်းတော် သစ်တည် ဆောက်တယ်။ သစ်သားအဆောက် အအုံပေါ့။ နောက်နှစ်၊ ဧပြီလ (၂) ရက်နေ့မှာ ပြီးစီးတယ်။ သစ်သား အမာခံ၊ အပြောက်တည်တွေကို လက်သမားဗိသုကာတွေ ဘယ်က လောက် ကျွမ်းကျင်နေကြပြီဆိုတာ၊ ရှင်းနေပြီသား”။ (သန်းထွန်း၊ ဂံဂိုးဝ၊ စာ(၆)ဖေမောင်တင်၊ နန်းတော်မွန် ကျောက်စာ၊ စာ ၅၂ (ပကြိမ်-၂ဝဝ၅)
မေး ။ ဘန္တေ – ဒါဆိုရင် ဒီနှစ် ၂ဝ ကျော်ကာလ (၁ဝ၆ဝ-၁ဝ၈၄) အတွင်းမှာ ဆောက်ခဲ့တဲ့ နဂါးရုံ၊ အပယ်ရတနာ၊ သမ္ဘူလ၊ အာနန္ဒာ စတဲ့ဂူပုထိုးတွေဟာ၊ မွန်ဗိသုကာကြီး တွေ ဆောက်ခဲ့တဲ့ လက်ရာတွေလို့ ပြောနိုင်မယ်မဟုတ်ပါလားဘုရား။
ဖြေ ။ အသေအချာပြောနိုင်တာ ပေါ့၊ ကုန်းဘောင်ခေတ်လယ် လက် ရာမှာမှ ရေးသားမှတ်တမ်းတင်ကြ တဲ့ ရာဇဝင်ဆရာတွေက ပုဂံဗိသုကာ လက်ရာတွေဟာ မွန်ဗိသုကာ ဒီဇိုင် နာတွေရဲ့ ဖန်တီးချက်ပါလို့ ရေးရင် ဘုရင်က ကြိုက်မှာမဟုတ်တော့ ဟိမ ဝန္တာ၊ ဂန္ဓမာဒနတောင်ကကြွလာပြီး ပုဂံမှာဆွမ်းခံတဲ့ ရဟန္တာများကို ဖန်ဆင်းခိုင်းပြီး (Sketch Design) ထုတ်ပြီး မြန်မာတွေကတည် ဆောက် ခဲ့တယ်လို့ လီဆယ် ရေးခဲ့ရ မှာပေါ့။ ဗိသုကာအခေါ်အဝေါ်တွေ မြောက် မြားစွာဟာ၊ မွန်ဘာသာနဲ့ ချဉ်းကပ် ခဲ့တဲ့ ကျောက်စာတွေထဲက (ဥပမာ- မြစေတီကျောက်စာ)မှာ အထင် အရှားပဲ မဟုတ်လား။
မေး ။ ဘန္တေ၊ အရှင်ဘုရား၊IMCPA ရိပ်သာမှာ ဆောက်နေတဲ့ နှီး ဘုရား (သိဒ္ဓတ္တ-ဘုရားရှင်စံ ကျောင်းတော်)ကို ပုံထုတ်တော့ ဘယ်လိုခံယူချက် (Architectural Design Concept) နဲ့ ပုံထုတ်ပါ သလဲဘုရား။
ဖြေ ။ အေး၊ ဗိသုကာဒီဇိုင်းဆိုတာ၊Function , ConstructionE နှင့် Expression ဆိုတဲ့ အခြေခံအချက် ကြီးသုံးချက်နဲ့ ပုံထုတ်ရတယ်လေ။
(က) ဆောင်တာFunction ဆိုတာ ကအဆောက်အအုံထဲကနေရာ – ဟင်းလင်းခွင်တွေကို သုံးရတာပြေ လည်စေဖို့ ခင်းကျင်းပေးရတာ၊ ဘုရားဖူးများဟာ လှည့်ပတ်အဆင် ပြေစေဖို့ လုပ်ရတယ်။
(ခ) အမာခံ Construction ဆို တာက ဆောက်လုပ်ပစ္စည်းတွယ် ဆက်နည်းနာတွေကို အရှင်းလင်း ဆုံး၊ အလွယ်ကူဆုံးဖြစ်အောင် နည်း ပညာရွေးရတာ၊ အချိန်ကာလ ရွေး ရတာ၊ ရှေးကတော့ နက္ခတ်တို့ ဗေဒင်တို့၊ ယတြာတို့နဲ့ ဖြေရှင်းကြတာ ကျန်စစ်သားမင်းရဲ့ ဇေယျဘူမိနန်းတည်ကျောက်စာမှာပဲကြည့်တော့၊ အစုံတွေ့ရတယ်။
(ဂ) ဟန်သရုပ် Expression ဆိုတာက ‘ဂဇာ၊ နရီ၊ ကပီ၊ ကညာ’ ဆိုတဲ့ ဟန်သရုပ်အခြေခံ ၄ မျိုးနှင့် ချဉ်းကပ်ရတာပေါ့ကွယ်။ ‘နှီးဘုရား’ ကတော့ သာသနိက အဆောက်အအုံ ဖြစ်နေတော့ ‘ဂဇာ–ဟန်’ (The Expression of Grandeur) ကို ပဓာနထားရတာပေါ့+နောက်ပြီး လမ်းညွှန် ၁၄ ချက် ထဲက၊ ၆ ချက် ပါတဲ့ ‘ဒဿနအခြေခံတွေကို–ဆင်ခြင် ရတာပေါ့။
မေး ။ တပည့်တော်နားမရှင်း ပါဘုရား၊ သည်းခံတော်မူပါဘုရား။
ဖြေ ။ ဟုတ်တာပေါ့ကွယ်၊ ဘွဲ့ ရပြီး ဗိသုကာတွေတောင် သဘော ပေါက်ဖို့ ခက်ခဲတာ တပည့်တို့လို ရှေး/သုဘွဲ့ရတွေအတွက် နည်းနည်း နားဝေးမှာ သဘာဝကျပါတယ်။
(က) ဒီဇိုင်းခံယူချက်မှာ – ချဉ်းကပ် ပုံ(၃)ခု ရှိပါတယ်။
(၁) ရုပ်ပိုင်းဆိုင်ရာချဉ်းကပ်မှု –FACE
(၂) နာမ်ပိုင်းဆိုင်ရာ ချဉ်းကပ်မှု- FACE
(၃) စိတ်ဓာတ်ပိုင်းဆိုင်ရာချဉ်းကပ်မှု PHC ,TSI ဆိုတာရှိတယ်။
Philosophical Approach ပေါ့။ ဒီနေရာမှာ အသေးစိတ်ဖော်ပြရန် နေရာမပေးနိုင်လို့ Live Life Design Magazine Issue No 7 မှာ ဖတ်ကြပါ) အဖြေလိုရင်းကတော့ ဂဇာဟန်သရုပ်နဲ့ နှီးဘုရားဓမ္မာရုံ
ကြီးကို ဒီဇိုင်းထုတ်ခဲ့တယ်ပေါ့ကွယ်”
မေး ။ အခုလို မြင်ရတာလေးလေး လံလံကြီးဖြစ်တဲ့ရသမျိုးပဲ တပည့် တော် ခံစားရတယ်ဘုရား။
ဖြေ ။ ဟုတ်သပေါ့၊ ဂဇာရသဆို တာက ဆင်ကောင်ကြီးလို ခန့်ထည် တဲ့ရသဖြစ်လေတော့၊သူ့ရဲ့ Dynamism သဘောကလေးလေးလံလံ ဖြစ်ရ မယ်ပေါ့။ ဒါပေမဲ့ ‘ဆင်မ(ဆင်ကြီး) ယာဉ်သာ’ရဲ့ဟန်မျိုးပါ။
မေး ။ ဘယ်တော့အပြီးသတ်မှာပါ လဲဘုရား။
ဖြေ ။ အပြောက်လက်ရာဖော်ရ မယ့်ကဏ္ဍဆိုတော့ ကွန့်နေသမျှ ကြာလိမ့်ဦးမယ်၊ ဒီကြားထဲ ခန်းမ ကြီးက သုံးနေပါပြီ၊ ထီးတော်လည်း အရန်သင့်ရောက်နေပြီမို့၊ ဒီသီတင်း ကျွတ်လပြည့်နေ့ (October 16 – Sunday) မှာ ထီးတော်တင်လှူပူ ဇော်ပွဲရှိမယ်။ ဖားအောက် ဆရာ တော်ကြီးကိုယ်တိုင် ပြင်ဦးလွင်က ကြွလာပြီး တင်လှူုပူဇော်မယ်။ ဒကာ မတို့ လာရောက်ချီးမြှင့်ကြဦးပေါ့။ ‘မေးခွန်းများကို ပြောကြားပေး လို့၊ အထူးဝမ်းမြောက်ရပါတယ် ဘုရား။ အရှင်ဘုရားရဲ့ပညာနှင့် သာသနာ့အကျိုးကို ပိုမိုကြိုးစားအား ထုတ်နိုင်ပါစေဘုရား။ နိုင်ငံတာဝန် ထမ်းဆောင်နေရတာကြောင့် လာ ရောက်ရန်အတွက် ကြိုးစားကြည့် ပါမယ်ဘုရား’ ဟုလျှောက်တင်ကာ သိဒ္ဓတ္ထဘုရားရှင် ဓမ္မာရုံကြီး အောက် ထပ်စကျင်ကျောက်ဆင်းတုတော် ကြီးနှင့် အပေါ်ထပ်ရှိ ဝါးနှီးရက်ရုပ် ပွားတော်ကြီးကို ဝင်ရောက် ဖူးမြော်ခဲ့ ပါသည်။ စာရှုသူ ကုသိုလ်ပွားစေဖို့ ရန်နှင့် ထီးတင်ပွဲလာရောက်နိုင်စေ ရန် ရည်ရွယ်ချက်နှင့် ဖားအောက် ဆရာတော်ကြီးလည်း ကျန်းမာပါ စေ ရန်ရေးသားတင်ပြလိုက်ရပါသည်။ဤကုသိုလ် အဖို့ဘာဂကို အမျှပေး ဝေရင်း နိဂုံးချုပ်ပါရစေ။
ခင်စန်းသန္တာ(ရှေး/သု)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*