ပရိတ်သတ် ကျေနပ်ပျော်ရွှင်စေဖို့ အစွမ်းကုန်ကြိုးစားသွားမယ့် အောင်လအန်ဆိုင်း

ပရိတ်သတ် ကျေနပ်ပျော်ရွှင်စေဖို့ အစွမ်းကုန်ကြိုးစားသွားမယ့် အောင်လအန်ဆိုင်း
September 7, 2016 Asian Fame
ပရိတ်သတ် ကျေနပ်ပျော်ရွှင်စေဖို့ အစွမ်းကုန်ကြိုးစားသွားမယ့် အောင်လအန်ဆိုင်း

အောက်တိုဘာလ ၇ရက်နေ့မှာတော့ သုဝဏ္ဏအားကစားရုံကြီးမှာ one championship ပြိုင်ပွဲကြီးကို ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာတော့ မြန်မာပြည်ဖွား ကချင်တိုင်းရင်းသား အောင်လအန်ဆိုင်း ဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

သူ့ ရဲ့ အစွမ်းထက်တဲ့ချုပ်ကွက်တွေနဲ့ပြိုင်ဘက်ကို အနိုင်ယူနိုင်ခဲ့မှုတွေကြောင့် မြန်မာ့စပါးကြီးမြွေလို့ နာမည်တွင်ခဲ့သူလည်း ဖြစ်ပါတယ်။အောင်လအန်ဆိုင်းအနေနဲ့ အောက်တိုဘာ ၇ ရက်နေ့ မှာ ပိုလန်နိုင်ငံသား မိုက်ကယ်ပတ်စ်တားနက် နဲ့ ထိုးသတ်ရမှာဖြစ်ပါတယ်။

သူ့ အနေနဲ့ဒီပြိုင်ပွဲအတွက် အပြင်းအထန်လေ့ကျင့်နေပြီးတော့ အမိမြန်မာပြည်မှာထိုးသတ်ရမယ့်ပွဲဖြစ်တဲ့အတွက် ငယ်ဘဝကိုပြန်လွမ်းမိသလို အားပေးကြတဲ့ ပရိတ်သတ် ကျေနပ်ပျော်ရွှင်စေဖို့ အစွမ်းကုန်ကြိုးစားသွားမယ်လို့ ပြောခဲ့ပါတယ်။

မျိုးကျော် (ကနောင်သွေး)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*